ဂျာဒွန်ဆန်ချိုအစား အန်ဆုဖာတီကိုခေါ်ယူရန် ပြန်လည်စုံစမ်းလာတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ဘာစီလိုနာကြယ်ပွင့် အန်ဆုဖာတီကို ခေါ်ယူရန် စိတ်ဝင်စားလာတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ သူ့ရဲ့ ဘာစီလိုနာအသင်းနဲ့ ပထမဆုံး စီနီယာပွဲထွက်ရာသီမှာ (၈) ဂိုးသွင်းခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်ကစားသမားကို ယူနိုက်တက်အသင်းဟာ အရင်တုန်းကလည်း စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ဘာစီလိုနာအသင်းဟာ ကြယ်ပွင့်ကစားသမားလေးကို အသင်းမှာ ဆက်ပြီးထိန်းထားသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဒေါ့မွန်က ဂျာဒွန်ဆန်ချိုကို ခေါ်ယူရန် ကြိုးစားနေသော်လည်း ဆွေးနွေးညှိနှိုင်းမှုဟာ အဆင်မပြေသေးဘူးဖြစ်ပါတယ်။

ဒါ့ကြောင့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အန်ဆုဖာတီကို ပြန်လည်စုံစမ်းလာတယ်လို့ စပိန်က သတင်းများအရ သိရပါတယ်။ ပြီးခဲ့တဲ့လက ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်းဒက်စ်ဟာ ယူနိုက်တက်အသင်းဟာ ကစားသမားကို အိုးထရက်ဖိုဒ့်ကို ခေါ်ယူရန် နီးစပ်နေတယ်လို့ ထုတ်ဖော်ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အန်ဆုဖာတီကို ခေါ်ယူမယ်ဆိုပါက ယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ကြေးပိုပြီး သက်သာမယ်လို့ သိရပါတယ်။ ကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ ဒီဇင်ဘာလကတုန်းက (၃) နှစ်စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၄၄ သန်း သတ်မှတ်ထားသော်လည်း အသင်းဟာ မရောင်းချင်လို့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၃၆၀ အထိ တိုးမြှင့်ချင်နေတာ ဖြစ်ပါတယ်။

ဂ်ာဒြန္ဆန္ခ်ိဳအစား အန္ဆုဖာတီကိုေခၚယူရန္ ျပန္လည္စံုစမ္းလာတဲ့ ယူႏိုက္တက္

ယူႏုိက္တက္အသင္းဟာ ဘာစီလိုနာၾကယ္ပြင့္ အန္ဆုဖာတီကို ေခၚယူရန္ စိတ္၀င္စားလာတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ သူ႔ရဲ႕ ဘာစီလိုနာအသင္းနဲ႔ ပထမဆံုး စီနီယာပြဲထြက္ရာသီမွာ (၈) ဂိုးသြင္းခဲ့တဲ့ အသက္ ၁၇ ႏွစ္အရြယ္ကစားသမားကို ယူႏိုက္တက္အသင္းဟာ အရင္တုနး္ကလည္း စိတ္၀င္စားခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း ဘာစီလိုနာအသင္းဟာ ၾကယ္ပြင့္ကစားသမားေလးကို အသင္းမွာ ဆက္ျပီးထိန္းထားသြားမယ္လို႔ သိရပါတယ္။ ယူႏုိက္တက္အသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေဒါ့မြန္က ဂ်ာဒြန္ဆန္ခ်ိဳကို ေခၚယူရန္ ၾကိဳးစားေနေသာ္လည္း ေဆြးေႏြးညိွႏိႈင္းမႈဟာ အဆင္မေျပေသးဘူးျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ အန္ဆုဖာတီကို ျပန္လည္စံုစမ္းလာတယ္လို႔ စပိန္က သတင္းမ်ားအရ သိရပါတယ္။ ျပီးခဲ့တဲ့လက ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္မန္းဒက္စ္ဟာ ယူႏိုက္တက္အသင္းဟာ ကစားသမားကို အိုးထရက္ဖိုဒ့္ကို ေခၚယူရန္ နီးစပ္ေနတယ္လို႔ ထုတ္ေဖာ္ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

အန္ဆုဖာတီကို ေခၚယူမယ္ဆိုပါက ယူႏိုက္တက္အသင္းဟာ ေျပာင္းေရႊ႕ေၾကးပိုျပီး သက္သာမယ္လို႔ သိရပါတယ္။ ကစားသမားဟာ ဘာစီလိုနာအသင္းနဲ႔ ဒီဇင္ဘာလကတုန္းက (၃) ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရန္ ေဆြးေႏြးခဲ့ျပီး စာခ်ဳပ္ဖ်က္သိမး္ေၾကး ယူရို ၁၄၄ သန္း သတ္မွတ္ထားေသာ္လည္း အသင္းဟာ မေရာင္းခ်င္လို႔ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရိုသန္း ၃၆၀ အထိ တုိးျမွင့္ခ်င္ေနတာ ျဖစ္ပါတယ္။