ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးသွင်းဂိုး ဆုကို ဘရူနိုဖာနန်ဒက်စ် ၊ ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး ဆွန်ဟောင်မင် ရရှိ

စပါးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ဒီဇင်ဘာလတုန်းက ဘန်လေအသင်းဘက်ကို သွင်းခဲ့တဲ့ တစ်ကိုယ်တော်သွင်းဂိုးဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆု အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ စပါးကြယ်ပွင့်ဟာ သူ့အသင်းရဲ့ ပင်နယ်တီ စည်းထိပ်ကနေပြီးတော့ ဘန်လေကစားသမား (၆) ယောက်ကို ကျော်ဖြတ်ပြေးပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဂိုးကို တောင်ကိုးရီးယား တောင်ပံကစားသမားဟာ ကိုက်(၉၀) နီးပါးကို (၁၁) စက္ကန့်အတွင်း ဘောလုံးပြေးဆွဲယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဆွန်ဟောင်မင် မသွင်းယူခင် စပါးအသင်းဟာ ဘန်လေအသင်းကို (၂-ဝ) နဲ့ အနိုင်ရနေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ (၅-ဝ) နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

“ဘောလုံးရတာနဲ့ ကျွန်တော် လူပေးဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်ကံမကောင်းခဲ့ပါဘူး။ ဒါကြောင့် လွတ်နေတဲ့ နေရာကို ဆွဲပြေးခဲ့တယ် ဘယ်သူမှ ရှိမနေဘူး။ အဖြစ်အပျက်တွေက အရမ်းမြန်လို့ ကျွန်တော်လို့ အဆုံးသတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော် အဆုံးသတ်နိုင်ဖို့ကို ပဲ အာရုံစိုက်ခဲ့ပြီး တစ်ကယ်ကို အံ့အားသင့်စရာ ခံစားမှု ရရှိခဲ့ပါတယ်” လို့ ဆွန်ဟောင်မင်ဟာ ဒီဇင်ဘာလတုန်းက သူ့သွင်းဂိုးနဲ့ အပေါ် ပြောသွားခဲ့ပါတယ်။

အဆိုပါသွင်းဂိုးဆုကို ဆွန်ဟောင်မင်ဟာ ယူနိုက်တက် ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုး (၁) ဂိုး နဲ့ မန်စီးတီးက ဒီဘရိုင်းရဲ့ သွင်းဂိုး (၂) ဂိုးကို ကျေ်ာဖြတ်ပြီး ရခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုးသြင္းဂိုး ဆုကို ဘရူႏိုဖာနန္ဒက္စ္ ၊ ဒီဘရိုင္းတို႔ကို ေက်ာ္ျဖတ္ျပီး ဆြန္ေဟာင္မင္ ရရွိ

စပါးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဆြန္ေဟာင္မင္ဟာ ဒီဇင္ဘာလတုန္းက ဘန္ေလအသင္းဘက္ကို သြင္းခဲ့တဲ့ တစ္ကိုယ္ေတာ္သြင္းဂိုးဟာ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး သြင္းဂိုးဆု အျဖစ္ သတ္မွတ္ခံလိုက္ရပါတယ္။ စပါးၾကယ္ပြင့္ဟာ သူ႔အသင္းရဲ႕ ပင္နယ္တီ စည္းထိပ္ကေနျပီးေတာ့ ဘန္ေလကစားသမား (၆) ေယာက္ကို ေက်ာ္ျဖတ္ေျပးျပီး ကန္သြင္းသြားခဲ့တာ ျဖစ္ပါတယ္။

အဆုိပါ ဂိုးကို ေတာင္ကိုးရီးယား ေတာင္ပံကစားသမားဟာ ကိုက္(၉၀) နီးပါးကို (၁၁) စကၠန္႔အတြင္း ေဘာလံုးေျပးဆြဲယူခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဆြန္ေဟာင္မင္ မသြင္းယူခင္ စပါးအသင္းဟာ ဘန္ေလအသင္းကို (၂-၀) နဲ႔ အႏိုင္ရေနခဲ့တာျဖစ္ျပီး ပြဲအျပီးမွာေတာ့ (၅-၀) နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။

“ေဘာလံုးရတာနဲ႔ ကၽြန္ေတာ္ လူေပးဖို႔ ၾကိဳးစားခဲ့ပါတယ္။ ကၽြန္ေတာ္ကံမေကာင္းခဲ့ပါဘူး။ ဒါေၾကာင့္ လြတ္ေနတဲ့ ေနရာကို ဆြဲေျပးခဲ့တယ္ ဘယ္သူမွ ရွိမေနဘူး။ အျဖစ္အပ်က္ေတြက အရမ္းျမန္လို႔ ကၽြန္ေတာ္လို႔ အဆံုးသတ္ဖို႔ ၾကိဳးစားခဲ့ပါတယ္။ ကၽြန္ေတာ္ အဆံုးသတ္ႏိုင္ဖို႔ကို ပဲ အာရံုစိုက္ခဲ့ျပီး တစ္ကယ္ကို အံ့အားသင့္စရာ ခံစားမႈ ရရွိခဲ့ပါတယ္” လို႔ ဆြန္ေဟာင္မင္ဟာ ဒီဇင္ဘာလတုန္းက သူ႔သြင္းဂိုးနဲ႔ အေပၚ ေျပာသြားခဲ့ပါတယ္။

အဆုိပါသြင္းဂိုးဆုကို ဆြန္ေဟာင္မင္ဟာ ယူႏိုက္တက္ ဘရူႏိုဖာနန္ဒက္စ္ရဲ႕ သြင္းဂိုး (၁) ဂိုး နဲ႔ မန္စီးတီးက ဒီဘရိုင္းရဲ႕ သြင္းဂိုး (၂) ဂိုးကို ေက်္ာျဖတ္ျပီး ရခဲ့တာျဖစ္ပါတယ္။