၅ နှစ်တာချစ်ခဲ့တဲ့ ချစ်သူနဲ့ ရွှေလက်တွဲသွားတဲ့ အာဆင်နယ်ဂိုးသမား လီနို

အာဆင်နယ်ဂိုးသမား လီနိုဟာ ၂၀၁၅ ခုနှစ် သြဂုတ်လကတည်းက ချစ်ခဲ့တဲ့ ဆိုဖီခရစ္စတင်းနဲ့ လက်ထပ်ခဲ့ပြီလို့သိရပါ တယ်။ လီနိုနဲ့ ဆိုဖီ တို့ဟာ တစ်မြို့တည်းသားတွေဖြစ်ပြီး ဂျာမနီနိုင်ငံရဲ့ဒူဆယ်ဒေါ့ဖ် မြို့သူမြို့သားတွေပဲ ဖြစ်ပါတယ်။သူတို့ မင်္ဂလာဆောင်ရဲ့ ပုံရိပ်တွေကို သူတို့ရဲ့အင်စတာဂရမ်အကောင့်တွေမှာ တင်ခဲ့တာကြောင့် ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်း တွေက ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

လီနိုအနေနဲ့ အာဆင်နယ်မှာ ကစားနေတဲ့ဖြစ်ပေမယ့် သူရဲ့နိုင်ငံတူကစားသမားတွေဖြစ်တဲ့ ဘရန့်ဒ်၊ ဗို့လန်းနဲ့ တိုပက်ခ်တို့ က ဂုဏ်ပြုမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီကွင်းလယ်လူ အိုဇေးလ်ရဲ့ဇနီးကလည်း ဆိုဖီရဲ့ပို့စ်အောက်မှာ ဂုဏ် ပြုခဲ့တယ်လို့သိရပြီး ဆိုဖီကိုယ်တိုင်ကတော့ လီနိုရဲ့ပို့စ်အောက်မှာ အသည်းပုံအမှတ်အသားနဲ့အတူ ယောင်္ကျားဆိုပြီး ရေး သားခဲ့တာပဲ ဖြစ်ပါတယ်။

လီနိုတို့ ဇနီးမောင်နှံအနေနဲ့ အာဆင်နယ်အသင်းရဲ့လာမယ့်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမတိုင်ခင်အထိ နွေရာ သီအားလပ်ရက်တွေကို အတူဖြတ်သန်းလို့ ခံရမှာပဲ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ လီနိုဟာ ဒဏ်ရာပြဿနာ တွေကြောင့် အာဆင်နယ်အသင်းရဲ့ ရာသီပိတ်ပွဲစဉ်တွေကို လွဲချော်ခဲ့ရသူလည်းဖြစ်ပါတယ်။ လီနိုအနေနဲ့ ဒဏ်ရာက သက် သာလာပေမယ့် ပွဲထွက်ခွင့်နေရာအတွက်တော့ လက်စွမ်းပြနေတဲ့ မာတီနက်ဇ်နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

လီနိုဟာ ဂျာမန်ကလပ်ဖြစ်တဲ့ စတုဂတ်အသင်းမှာ လူငယ်ကစားသမားဘဝကို ၆ နှစ်တာဖြတ်သန်းခဲ့ပေမယ့် အသင်းကြီး အတွက် ကစားခွင့်မရခဲ့ဘဲ လူငယ်အသင်းမှာပဲ ကစားခဲ့ရပြီး လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ လေဗာကူ ဆင်မှာလည်း ၇ နှစ်ကြာကစားခဲ့ပြီးနောက်မှာတော့ ၂၀၁၈ ခုနှစ်မှာ အာဆင်နယ်ကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။အစော ပိုင်းမှာ ပီတာချက်ကြောင့် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ အာဆင်နယ်ရဲ့အဓိကဂိုးသမားတစ်ဦးဖြစ်ခဲ့ပါ တယ်။

zawgyi version

၅ ႏွစ္တာခ်စ္ခဲ့တဲ့ ခ်စ္သူနဲ႔ ေရႊလက္တြဲသြားတဲ့ အာဆင္နယ္ဂိုးသမား လီႏို
အာဆင္နယ္ဂိုးသမား လီႏိုဟာ ၂၀၁၅ ခုႏွစ္ ၾသဂုတ္လကတည္းက ခ်စ္ခဲ့တဲ့ ဆိုဖီခရစၥတင္းနဲ႔ လက္ထပ္ခဲ့ၿပီလို႔သိရပါ တယ္။ လီႏိုနဲ႔ ဆိုဖီ တို႔ဟာ တစ္ၿမိဳ႕တည္းသားေတြျဖစ္ၿပီး ဂ်ာမနီႏိုင္ငံရဲ႕ဒူဆယ္ေဒါ့ဖ္ ၿမိဳ႕သူၿမိဳ႕သားေတြပဲ ျဖစ္ပါတယ္။သူတို႔ မဂၤလာေဆာင္ရဲ႕ ပံုရိပ္ေတြကို သူတို႔ရဲ႕အင္စတာဂရမ္အေကာင့္ေတြမွာ တင္ခဲ့တာေၾကာင့္ ရင္းႏွီးတဲ့မိတ္ေဆြသူငယ္ခ်င္း ေတြက ဂုဏ္ျပဳမႈေတြ ျပဳလုပ္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
လီႏိုအေနနဲ႔ အာဆင္နယ္မွာ ကစားေနတဲ့ျဖစ္ေပမယ့္ သူရဲ႕ႏိုင္ငံတူကစားသမားေတြျဖစ္တဲ့ ဘရန္႔ဒ္၊ ဗို႔လန္းနဲ႔ တိုပက္ခ္တို႔ က ဂုဏ္ျပဳမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဂ်ာမနီကြင္းလယ္လူ အိုေဇးလ္ရဲ႕ဇနီးကလည္း ဆိုဖီရဲ႕ပို႔စ္ေအာက္မွာ ဂုဏ္ ျပဳခဲ့တယ္လို႔သိရၿပီး ဆိုဖီကိုယ္တိုင္ကေတာ့ လီႏိုရဲ႕ပို႔စ္ေအာက္မွာ အသည္းပံုအမွတ္အသားနဲ႔အတူ ေယာက်ၤားဆိုၿပီး ေရး သားခဲ့တာပဲ ျဖစ္ပါတယ္။
လီႏိုတို႔ ဇနီးေမာင္ႏွံအေနနဲ႔ အာဆင္နယ္အသင္းရဲ႕လာမယ့္ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြမတိုင္ခင္အထိ ေႏြရာ သီအားလပ္ရက္ေတြကို အတူျဖတ္သန္းလို႔ ခံရမွာပဲ ျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ လီႏိုဟာ ဒဏ္ရာျပႆနာ ေတြေၾကာင့္ အာဆင္နယ္အသင္းရဲ႕ ရာသီပိတ္ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ရသူလည္းျဖစ္ပါတယ္။ လီႏိုအေနနဲ႔ ဒဏ္ရာက သက္ သာလာေပမယ့္ ပြဲထြက္ခြင့္ေနရာအတြက္ေတာ့ လက္စြမ္းျပေနတဲ့ မာတီနက္ဇ္နဲ႔ ယွဥ္ၿပိဳင္ရဖြယ္ရွိေနပါတယ္။
လီႏိုဟာ ဂ်ာမန္ကလပ္ျဖစ္တဲ့ စတုဂတ္အသင္းမွာ လူငယ္ကစားသမားဘဝကို ၆ ႏွစ္တာျဖတ္သန္းခဲ့ေပမယ့္ အသင္းႀကီး အတြက္ ကစားခြင့္မရခဲ့ဘဲ လူငယ္အသင္းမွာပဲ ကစားခဲ့ရၿပီး ေလဗာကူဆင္အသင္းကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ ေလဗာကူ ဆင္မွာလည္း ၇ ႏွစ္ၾကာကစားခဲ့ၿပီးေနာက္မွာေတာ့ ၂၀၁၈ ခုႏွစ္မွာ အာဆင္နယ္ကိုေျပာင္းေရႊ႕ကစားခဲ့ပါတယ္။အေစာ ပိုင္းမွာ ပီတာခ်က္ေၾကာင့္ ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ အာဆင္နယ္ရဲ႕အဓိကဂိုးသမားတစ္ဦးျဖစ္ခဲ့ပါ တယ္။