လီဗာပူး၊ ရီးရဲလ်တို့ မရှိတော့ပေမယ့် ချန်ပီယံလိဂ်ကို အလွယ်တကူရမှာ မဟုတ်ကြောင်း ဘာနာဒိုဆေးလ်ဗား သတိပေး

မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက လက်ရှိချန်ပီယံလီဗာပူး၊ အကြိမ်အများဆုံးရထားတဲ့ ရီးရဲလ်တို့ ပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အလွယ်တကူဖြစ်မှာ မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။ မန်စီ တီးအနေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာ အားအနည်းဆုံးဖြစ်တဲ့ လိုင်ယွန်နဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေသလို ကွာတားဖိုင်နယ်မှာလည်း လိုင်ယွန်နဲ့တွေ့ ဆုံနေတာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ်လို့ ခန့်မှန်းမှုတွေရှိနေတာဖြစ်ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီ ယိုလာအပါအဝင် အသင်းတာဝန်ရှိသူတွေဟာ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ရယူဖို့ ရည်မှန်းနေတာကြောင့် ဖိအားတွေရှိနေတဲ့ အသင်းကို ဘာနာဒိုဆေးလ်ဗားက သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားက “ အရာရာတိုင်းဖြစ်နိုင်ပါတယ်။ ဂျူဗင်တပ်က လိုင်ယွန်ရဲ့အနိုင်ယူတာကိုခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ အသင်းအနေနဲ့ အံသြဖွယ်ရာတွေကို အများကြီးတွေ့မြင်ခဲ့ရပြီးပါပြီ။ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် မန်စီးတီးဟာ ကွာ တားဖိုင်နယ်မှာ စပါးကိုရှုံးခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရလဒ်တွေကို ကြိုတင်ခန့်မှန်းဖို့ ခက်ပါတယ်။ လီဗာပူး၊ ရီးရဲလ်တို့ ပြိုင်ပွဲကနေ အစောကြီးထွက်ရမယ်လို့ ဘယ်သူမှထင်ထားမှာမဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။

မန်စီးတီးဟာ ၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လိုင်ယွန်နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ဖူးပြီး နှစ် ကျော့ကစားခဲ့ရာမှာ တစ်ကြိမ်မှအနိုင်မရခဲ့ဘူးလို့ သိရပါတယ်။ မန်စီးတီးကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးခဲ့ပြီး လိုင်ယွန်ကွင်းမှာ တော့ နှစ်ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဘာနာဒိုဆေးလ်ဗားရဲ့ မွေးနေ့ဖြစ်ခဲ့တာကြောင့် အသင်း ဖော်တွေက သူအတွက် လိုင်ယွန်ကိုအနိုင်ကစားပြီး မွေးနေ့လက်ဆောင်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

zawgyi version

လီဗာပူး၊ ရီးရဲလ္တို႔ မရွိေတာ့ေပမယ့္ ခ်န္ပီယံလိဂ္ကို အလြယ္တကူရမွာ မဟုတ္ေၾကာင္း ဘာနာဒိုေဆးလ္ဗား သတိေပး
မန္စီးတီးကြင္းလယ္ကစားသမား ဘာနာဒိုေဆးလ္ဗားက လက္ရွိခ်န္ပီယံလီဗာပူး၊ အႀကိမ္အမ်ားဆံုးရထားတဲ့ ရီးရဲလ္တို႔ ၿပိဳင္ပြဲက ထြက္ခဲ့ရေပမယ့္ ခ်န္ပီယံလိဂ္ဖလားကို ရယူႏိုင္ဖို႔ အလြယ္တကူျဖစ္မွာ မဟုတ္ေၾကာင္း သတိေပးခဲ့ပါတယ္။ မန္စီ တီးအေနနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ၿပီး ကြာတားဖိုင္နယ္မွာ အားအနည္းဆံုးျဖစ္တဲ့ လိုင္ယြန္နဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။
မန္စီးတီးအေနနဲ႔ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆံုးအသင္းျဖစ္ေနသလို ကြာတားဖိုင္နယ္မွာလည္း လိုင္ယြန္နဲ႔ေတြ႕ ဆံုေနတာေၾကာင့္ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မယ္လို႔ ခန္႔မွန္းမႈေတြရွိေနတာျဖစ္ပါတယ္။ မန္စီးတီးနည္းျပ ဂြါဒီ ယိုလာအပါအဝင္ အသင္းတာဝန္ရွိသူေတြဟာ ခ်န္ပီယံလိဂ္ဖလားကို ပထမဆံုးအႀကိမ္ရယူဖို႔ ရည္မွန္းေနတာေၾကာင့္ ဖိအားေတြရွိေနတဲ့ အသင္းကို ဘာနာဒိုေဆးလ္ဗားက သတိေပးခဲ့တာပဲ ျဖစ္ပါတယ္။
ဘာနာဒိုေဆးလ္ဗားက “ အရာရာတိုင္းျဖစ္ႏိုင္ပါတယ္။ ဂ်ဴဗင္တပ္က လိုင္ယြန္ရဲ႕အႏိုင္ယူတာကိုခံလိုက္ရပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ အသင္းအေနနဲ႔ အံၾသဖြယ္ရာေတြကို အမ်ားႀကီးေတြ႕ျမင္ခဲ့ရၿပီးပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္တုန္းကဆိုရင္ မန္စီးတီးဟာ ကြာ တားဖိုင္နယ္မွာ စပါးကိုရႈံးခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ရလဒ္ေတြကို ႀကိဳတင္ခန္႔မွန္းဖို႔ ခက္ပါတယ္။ လီဗာပူး၊ ရီးရဲလ္တို႔ ၿပိဳင္ပြဲကေန အေစာႀကီးထြက္ရမယ္လို႔ ဘယ္သူမွထင္ထားမွာမဟုတ္ပါဘူး” လို႔ေျပာခဲ့ပါတယ္။
မန္စီးတီးဟာ ၂၀၁၈-၁၉ ေဘာလံုးရာသီတုန္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ လိုင္ယြန္နဲ႔ တစ္အုပ္စုတည္းက်ေရာက္ခဲ့ဖူးၿပီး ႏွစ္ ေက်ာ့ကစားခဲ့ရာမွာ တစ္ႀကိမ္မွအႏိုင္မရခဲ့ဘူးလို႔ သိရပါတယ္။ မန္စီးတီးကြင္းမွာ ႏွစ္ဂိုးတစ္ဂိုးနဲ႔ ရႈံးခဲ့ၿပီး လိုင္ယြန္ကြင္းမွာ ေတာ့ ႏွစ္ဂိုးစီသေရက်ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔က ဘာနာဒိုေဆးလ္ဗားရဲ႕ ေမြးေန႔ျဖစ္ခဲ့တာေၾကာင့္ အသင္း ေဖာ္ေတြက သူအတြက္ လိုင္ယြန္ကိုအႏိုင္ကစားၿပီး ေမြးေန႔လက္ေဆာင္ေပးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။