စာချုပ်ပါလျော်ကြေး ပေါင် ၄၅ သန်းပေးရင်တောင် တစ်ပတ်ပေါင် နှစ်သိန်းပေးနိုင်မှ ပါတေးကို အာဆင်နယ် ခေါ်နိုင်မယ်လို့ သိရ

ဘီဘီစီဂျာနယ်လစ်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်အော်စတိန်းက အာဆင်နယ်အသင်းအနေနဲ့ ဦးစားပေးခေါ်ယူဖို့ လုပ် ဆောင်နေတဲ့ အက်သလက်တီကို ကွင်းလယ်ကစားသမား ပါတေးကို စာချုပ်ပါလျော်ကြေး ၄၅ သန်းပေးပြီးခေါ်ယူမယ် ဆိုရင်တောင် ကစားသမားအလိုရှိနေတဲ့ တစ်ပတ်ပေါင် နှစ်သိန်းပေးနိုင်မှ ခေါ်ယူနိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ပါတေးကို ခေါ်ယူဖို့အတွက် ဦးစားပေးလုပ်ဆောင်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂွမ်ဒူဇီအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်း မယ့်သတင်းတွေကြောင့် နည်းပြအာတီတာအနေနဲ့ ကွင်းလယ်အဖျက်နေရာမှာကစားနိုင်မယ့် ကစားတစ်ယောက်ကိုရှာဖွေ နေတာဖြစ်ပြီး ပါတေးကို ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရီးရဲလ်ကနေအဌား နဲ့ခေါ်ယူခဲ့တဲ့ ဆီဘယ်လော့စ်ကိုလည်း အပြီးသတ်စာချုပ်ချုပ်ဆိုအတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အနေနဲ့ ပါတေးရဲ့လစာတောင်းဆိုမှုကြောင့် ခေါ်ယူဖို့အတွက် အခက်အခဲနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ သိရ ပါတယ်။ အာဆင်နယ်အသင်းမှာ လစာအများဆုံးရရှိနေတဲ့ ကစားသမားက ကွင်းလယ်လူ အိုဇေးလ်ဖြစ်ပြီး တစ်ပတ်ကို ပေါင် သုံးသိန်းခွဲအထိ ရရှိနေတာဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ အသင်းခေါင်းဆောင် အူဘာမီယန်က တစ်ပတ်ကို ပေါင် နှစ်သိန်းနဲ့ ရှိနေတာဖြစ်ပြီး ကျန်ကစားသမားတွေကတော့ တစ်ပတ်ကိုလစာပေါင် နှစ်သိန်းအောက်မှာပဲ ရှိနေပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ပါတေးဟာ အက်သလက်တီကိုအသင်းရဲ့ အဓိက,ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် ပြီးခဲ့တဲ့ရာသီက ပွဲပေါင်း ၃၅ ပွဲအထိပါဝင်ကစားပေးခဲ့ပါတယ်။ပါတေးဟာ အက်သလက်တီကိုနဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီ ကုန်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းဘက်ကတော့ သူတို့ရဲ့အဓိက,ကစားသမားကို မရောင်းချချင်ဘူးလို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version

စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ ၄၅ သန္းေပးရင္ေတာင္ တစ္ပတ္ေပါင္ ႏွစ္သိန္းေပးႏိုင္မွ ပါေတးကို အာဆင္နယ္ ေခၚႏိုင္မယ္လို႔ သိရ
ဘီဘီစီဂ်ာနယ္လစ္ေဟာင္းတစ္ဦးျဖစ္တဲ့ ေဒးဗစ္ေအာ္စတိန္းက အာဆင္နယ္အသင္းအေနနဲ႔ ဦးစားေပးေခၚယူဖို႔ လုပ္ ေဆာင္ေနတဲ့ အက္သလက္တီကို ကြင္းလယ္ကစားသမား ပါေတးကို စာခ်ဳပ္ပါေလ်ာ္ေၾကး ၄၅ သန္းေပးၿပီးေခၚယူမယ္ ဆိုရင္ေတာင္ ကစားသမားအလိုရွိေနတဲ့ တစ္ပတ္ေပါင္ ႏွစ္သိန္းေပးႏိုင္မွ ေခၚယူႏိုင္မွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ပါေတးကို ေခၚယူဖို႔အတြက္ ဦးစားေပးလုပ္ေဆာင္ေနတာျဖစ္ပါတယ္။
အာဆင္နယ္အသင္းရဲဲ႕ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ဂြမ္ဒူဇီအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းေျပာင္း မယ့္သတင္းေတြေၾကာင့္ နည္းျပအာတီတာအေနနဲ႔ ကြင္းလယ္အဖ်က္ေနရာမွာကစားႏိုင္မယ့္ ကစားတစ္ေယာက္ကိုရွာေဖြ ေနတာျဖစ္ၿပီး ပါေတးကို ေခၚယူဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ရီးရဲလ္ကေနအဌား နဲ႔ေခၚယူခဲ့တဲ့ ဆီဘယ္ေလာ့စ္ကိုလည္း အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုအတြက္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
အာဆင္နယ္အေနနဲ႔ ပါေတးရဲ႕လစာေတာင္းဆိုမႈေၾကာင့္ ေခၚယူဖို႔အတြက္ အခက္အခဲနဲ႔ ရင္ဆိုင္ရဖြယ္ရွိေနတယ္လို႔ သိရ ပါတယ္။ အာဆင္နယ္အသင္းမွာ လစာအမ်ားဆံုးရရွိေနတဲ့ ကစားသမားက ကြင္းလယ္လူ အိုေဇးလ္ျဖစ္ၿပီး တစ္ပတ္ကို ေပါင္ သံုးသိန္းခြဲအထိ ရရွိေနတာျဖစ္ပါတယ္။ ဒုတိယေနရာမွာေတာ့ အသင္းေခါင္းေဆာင္ အူဘာမီယန္က တစ္ပတ္ကို ေပါင္ ႏွစ္သိန္းနဲ႔ ရွိေနတာျဖစ္ၿပီး က်န္ကစားသမားေတြကေတာ့ တစ္ပတ္ကိုလစာေပါင္ ႏွစ္သိန္းေအာက္မွာပဲ ရွိေနပါတယ္။
အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ ပါေတးဟာ အက္သလက္တီကိုအသင္းရဲ႕ အဓိက,ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းအတြက္ ၿပီးခဲ့တဲ့ရာသီက ပြဲေပါင္း ၃၅ ပြဲအထိပါဝင္ကစားေပးခဲ့ပါတယ္။ပါေတးဟာ အက္သလက္တီကိုနဲ႔ ၂၀၂၂-၂၃ ေဘာလံုးရာသီ ကုန္မွ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ၿပီး အသင္းဘက္ကေတာ့ သူတို႔ရဲ႕အဓိက,ကစားသမားကို မေရာင္းခ်ခ်င္ဘူးလို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။