နာပိုလီဘက်က အလိုရှိနေတဲ့ ပေါင် ၆၃ သန်းကို ပေါင် ၅၇ သန်းနဲ့ အပိုဆုကြေးပေးမှာကြောင့် မန်စီးတီးကိုရောက်ဖို့ ကူလီဘာလီ နီးစပ်နေ

မန်စီးတီးအသင်းအနေနဲ့ အသင်းရဲ့နောက်တန်းအတွက် လူခေါ်ယူမှုတွေပြုလုပ်မယ်ဆိုတဲ့အတိုင်း နာပိုလီနောက်ခံလူ ကူလီဘာလီကို ခေါ်ယူဖို့အတွက် စတင်ဆွေးနွေးနေပြီလို့ သိရပါတယ်။ ကူလီဘာလီရဲ့ပြောင်းရွှေ့ကြေးအတွက် နာပိုလီ က ပေါင် ၆၃ သန်း အလိုရှိနေပေမယ့် မန်စီးတီးက ပေါင် ၅၇ သန်းနဲ့ အပိုဆုကြေး ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် နီးစပ်နေတဲ့အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ခံစစ်ပိုင်းအားနည်းမှုတွေကြောင့် ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ဘဲ အမှတ်ပေးဇယားဒုတိယ နေရာမှာသာရှိခဲ့ပြီး ချန်ပီယံဖြစ်သွားတဲ့လီဗာပူးနဲ့ ၁၈ မှတ်အထိကွာဟခဲ့ပါတယ်။ မန်စီးတီးနည်းပြဂွါဒီယိုလာက အသင်းရဲ့ ခံစစ်ပိုင်းကို ပြောင်းလဲသွားဖို့ ရှိတယ်လို့ ပြောအပြီးမှာ နွေရာသီအပြောင်းအရွှေ့မှာ ဘုန်းမောက်နောက်ခံလူ နသန်အကီ ကိုလည်း ပေါင် ၄၁ သန်းနဲ့ ခေါ် ယူနိုင်ခဲ့ပါတယ်။

ကူလီဘာလီကို ဒီနှစ်နွေရာသီမှာ ခေါ်ယူဖို့အတွက် ဥရောပကလပ်အသင်းကြီးတွေက စောင့်ကြည့်နေပြီး မန်စီးတီးရဲ့ဒါဘီ ပြိုင်ဘက်ဖြစ်တဲ့ ယူနိုက်တက်ကလည်း ဆက်သွယ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ နာပိုလီအနေနဲ့ လိုင်လီတိုက်စစ်မှူး အော်ဆင်ဟန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းနဲ့ ခေါ်ယူထားတာကြောင့် ကူလီဘာလီကိုရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပြီး နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်တစ်ကလည်း ကူလီဘာလီအနေနဲ့ အသင်းပြောင်းချင်နေကြောင်း အရိပ်အမြွက်ပြောခဲ့ပါတယ်။

ဒီလော်ရန်တစ်က “ ကူလီဘာလီဟာ ကစားသမားကောင်းတစ်ဦးဆိုတာ အားလုံးသိပါတယ်။သူကို ဆုံးရှုံးရမှာ ဝမ်းနည်း စရာ ကောင်းပေမယ့် အပြောင်းအရွှေ့ကိစ္စရပ်တွေဟာ အမြဲတမ်းဖြစ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။ ကူလီဘာလီဟာ နာပိုလီအတွက် ၆ နှစ်အတွင်းမှာ ပွဲပေါင်း ၂၄၆ ပွဲအထိကစားခဲ့သူလည်းဖြစ်ပါတယ်။ ကူလီဘာလီအနေနဲ့ မန်စီးတီးကို ရောက်ခဲ့မယ်ဆိုရင် ပွဲထွက်ခွင့်အတွက် လာပေါ်တီ၊ဂျွန်စတုန်း၊ အော်တာမန်ဒီ၊ နသန်အကီတို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

zawgyi version

နာပိုလီဘက္က အလိုရွိေနတဲ့ ေပါင္ ၆၃ သန္းကို ေပါင္ ၅၇ သန္းနဲ႔ အပိုဆုေၾကးေပးမွာေၾကာင့္ မန္စီးတီးကိုေရာက္ဖို႔ ကူလီဘာလီ နီးစပ္ေန
မန္စီးတီးအသင္းအေနနဲ႔ အသင္းရဲ႕ေနာက္တန္းအတြက္ လူေခၚယူမႈေတြျပဳလုပ္မယ္ဆိုတဲ့အတိုင္း နာပိုလီေနာက္ခံလူ ကူလီဘာလီကို ေခၚယူဖို႔အတြက္ စတင္ေဆြးေႏြးေနၿပီလို႔ သိရပါတယ္။ ကူလီဘာလီရဲ႕ေျပာင္းေရႊ႕ေၾကးအတြက္ နာပိုလီ က ေပါင္ ၆၃ သန္း အလိုရွိေနေပမယ့္ မန္စီးတီးက ေပါင္ ၅၇ သန္းနဲ႔ အပိုဆုေၾကး ေပးမယ္ဆိုၿပီး ကမ္းလွမ္းခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖို႔အတြက္ နီးစပ္ေနတဲ့အေနအထားမွာ ရွိေနတယ္လို႔ သိရပါတယ္။
မန္စီးတီးဟာ ၿပီးခဲ့တဲ့ရာသီက ခံစစ္ပိုင္းအားနည္းမႈေတြေၾကာင့္ ခ်န္ပီယံဆုကို မကာကြယ္ႏိုင္ခဲ့ဘဲ အမွတ္ေပးဇယားဒုတိယ ေနရာမွာသာရွိခဲ့ၿပီး ခ်န္ပီယံျဖစ္သြားတဲ့လီဗာပူးနဲ႔ ၁၈ မွတ္အထိကြာဟခဲ့ပါတယ္။ မန္စီးတီးနည္းျပဂြါဒီယိုလာက အသင္းရဲ႕ ခံစစ္ပိုင္းကို ေျပာင္းလဲသြားဖို႔ ရွိတယ္လို႔ ေျပာအၿပီးမွာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဘုန္းေမာက္ေနာက္ခံလူ နသန္အကီ ကိုလည္း ေပါင္ ၄၁ သန္းနဲ႔ ေခၚ ယူႏိုင္ခဲ့ပါတယ္။
ကူလီဘာလီကို ဒီႏွစ္ေႏြရာသီမွာ ေခၚယူဖို႔အတြက္ ဥေရာပကလပ္အသင္းႀကီးေတြက ေစာင့္ၾကည့္ေနၿပီး မန္စီးတီးရဲ႕ဒါဘီ ၿပိဳင္ဘက္ျဖစ္တဲ့ ယူႏိုက္တက္ကလည္း ဆက္သြယ္မႈေတြရွိေနတယ္လို႔ သိရပါတယ္။ နာပိုလီအေနနဲ႔ လိုင္လီတိုက္စစ္မွဴး ေအာ္ဆင္ဟန္ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၄ သန္းနဲ႔ ေခၚယူထားတာေၾကာင့္ ကူလီဘာလီကိုေရာင္းခ်ဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး နာပိုလီအသင္းပိုင္ရွင္ ဒီေလာ္ရန္တစ္ကလည္း ကူလီဘာလီအေနနဲ႔ အသင္းေျပာင္းခ်င္ေနေၾကာင္း အရိပ္အႁမြက္ေျပာခဲ့ပါတယ္။
ဒီေလာ္ရန္တစ္က “ ကူလီဘာလီဟာ ကစားသမားေကာင္းတစ္ဦးဆိုတာ အားလံုးသိပါတယ္။သူကို ဆံုးရႈံးရမွာ ဝမ္းနည္း စရာ ေကာင္းေပမယ့္ အေျပာင္းအေရႊ႕ကိစၥရပ္ေတြဟာ အၿမဲတမ္းျဖစ္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ကူလီဘာလီဟာ နာပိုလီအတြက္ ၆ ႏွစ္အတြင္းမွာ ပြဲေပါင္း ၂၄၆ ပြဲအထိကစားခဲ့သူလည္းျဖစ္ပါတယ္။ ကူလီဘာလီအေနနဲ႔ မန္စီးတီးကို ေရာက္ခဲ့မယ္ဆိုရင္ ပြဲထြက္ခြင့္အတြက္ လာေပၚတီ၊ဂြ်န္စတုန္း၊ ေအာ္တာမန္ဒီ၊ နသန္အကီတို႔နဲ႔ ယွဥ္ၿပိဳင္ရဖို႔ ရွိေနပါတယ္။