ခရစ္စတယ်ပဲလေ့စ်က စိတ်ဝင်စားနေတယ်လို့ ဝန်ခံထားတဲ့ တောင်ပံကစားသမား အစ္စမလီယာ ဆားအတွက် ပေါင်သန်း ၃၀ တောင်းမယ့် ဝက်ဖိုဒ့်

ဝက်ဖိုဒ့်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းက ဇာဟာ နေရာမှာ အစားထိုးရန် သတ်မှတ်ထားတဲ့ အစ္စမလီယာဆား အတွက် အနည်းဆုံးပေါင်သန်း ၃၀ လောက်တောင်းမယ်လို့ သိရပါတယ်။ ဆားဟာ ဝက်ဖိုဒ့်အသင်းကို ပြီးခဲ့တဲ့ သြဂုတ်လကမှာ ရင်းနက်စ်အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာသူဖြစ်သော်လည်း အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြလက်မဲ့ဖြစ်နေတဲ့ ဝက်ဖိုဒ့်အသင်းာ ချန်ပီယံရှစ်ကို ရောက်နေပြီး ကုန်ကျစရိတ် လျော့ချဖို့အတွက် ပြင်ဆင်နေပါတယ်။ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်ကလည်း ဆာဟာက အသင်းကနေ ဒီနွေရာသီမှာ ထွက်ခွာဖွယ်ရှိတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ဆားကို အစားထိုးချင်နေတယ်လို့ The Sun ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

အာဖရိက နိုင်ငံများ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တဲ့ ကစားသမားကို ပရီးမီးယားလိဂ် အသင်းတော်တော်များများကလည်း စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ် တစ်သင်းတည်းကသာ ကမ်းလှမ်းမှု လုပ်ထားတယ်လို့ သိရပါတယ်။ ဆားဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံလီဗာပူးလ်အသင်းရဲ့ (၁၈) ပွဲဆက်တိုက် နိုင်ပွဲ ဆက်နေမှုကို ဝက်ဖိုဒ့်အသင်းက (၃-ဝ) နဲ့ အနိုင်ရပြီး ရပ်တန့်ခဲ့ရမှာ အဓိက စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ သူဟာ အဲ့ဒီပွဲမှာ (၂) ဂိုးသွင်း (၁) ဂိုးဖန်တီးပေးခဲ့ပါတယ်။

ခရစၥတယ္ပဲေလ့စ္က စိတ္၀င္စားေနတယ္လို႔ ၀န္ခံထားတဲ့ ေတာင္ပံကစားသမား အစၥမလီယာ ဆားအတြက္ ေပါင္သန္း ၃၀ ေတာင္းမယ့္ ၀က္ဖိုဒ့္

၀က္ဖိုဒ့္အသင္းဟာ ခရစၥတယ္ပဲေလ့စ္အသင္းက ဇာဟာ ေနရာမွာ အစားထိုးရန္ သတ္မွတ္ထားတဲ့ အစၥမလီယာဆား အတြက္ အနည္းဆံုးေပါင္သန္း ၃၀ ေလာက္ေတာင္းမယ္လို႔ သိရပါတယ္။ ဆားဟာ ၀က္ဖုိဒ့္အသင္းကို ျပီးခဲ့တဲ့ ၾသဂုတ္လကမွာ ရင္းနက္စ္အသင္းကေန ေပါင္သန္း ၃၀ နဲ႔ ေျပာင္းေရႊ႕လာသူျဖစ္ေသာ္လည္း အသင္းဟာ ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့ရတာ ျဖစ္ပါတယ္။

နည္းျပလက္မဲ့ျဖစ္ေနတဲ့ ၀က္ဖုိဒ့္အသင္းာ ခ်န္ပီယံရွစ္ကို ေရာက္ေနျပီး ကုန္က်စရိတ္ ေလ်ာ့ခ်ဖို႔အတြက္ ျပင္ဆင္ေနပါတယ္။ခရစၥတယ္ပဲေလ့စ္နည္းျပ ရိြဳင္းေဟာ့ဒ္ဆန္ကလည္း ဆာဟာက အသင္းကေန ဒီေႏြရာသီမွာ ထြက္ခြာဖြယ္ရွိတယ္လို႔ ၀န္ခံေျပာၾကားခဲ့ျပီး အသက္ ၂၂ ႏွစ္အရြယ္ ဆားကို အစားထိုးခ်င္ေနတယ္လို႔ The Sun ေဖာ္ျပသြားခဲ့တာျဖစ္ပါတယ္။

အာဖရိက ႏိုင္ငံမ်ား ဖလားျပိဳင္ပြဲ ဗိုလ္လုပြဲ တက္လွမ္းႏိုင္ခဲ့တဲ့ ကစားသမားကို ပရီးမီးယားလိဂ္ အသင္းေတာ္ေတာ္မ်ားမ်ားကလည္း စိတ္၀င္စားေၾကာင္း ျပသခဲ့ေပမယ့္ ခရစၥတယ္ပဲေလ့စ္ တစ္သငး္တည္းကသာ ကမး္လွမ္းမႈ လုပ္ထားတယ္လို႔ သိရပါတယ္။ ဆားဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံလီဗာပူးလ္အသင္းရဲ႕ (၁၈) ပြဲဆက္တိုက္ ႏိုင္ပြဲ ဆက္ေနမႈကို ၀က္ဖိုဒ့္အသင္းက (၃-၀) နဲ႔ အႏိုင္ရျပီး ရပ္တန္႔ခဲ့ရမွာ အဓိက စြမ္းေဆာင္ေပးခဲ့သူျဖစ္ပါတယ္။ သူဟာ အဲ့ဒီပြဲမွာ (၂) ဂိုးသြင္း (၁) ဂိုးဖန္တီးေပးခဲ့ပါတယ္။