လာကာဇက်ကို ကစားသမား တစ်ယောက်အလိုက်ပေးပြီး ကမ်းလှမ်းချင်နေတဲ့ ဂျူဗင်တပ်စ်အသင်း

ဂျူဗင်တပ်စ်အသင်းဟာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက် ကို ကစားသမားတစ်ယောက်အလိုက်ပေးပြီး ကမ်းလှမ်းရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အာတီတာရဲ့ လက်အောက်မှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ကစားနေတဲ့ လာကာဇက်ဟာ စာချုပ်သက်တမ်းကုန်ဆုံးရန် (၂) နှစ်ပဲ ကျန်တော့သာဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ကစားသမားတွေ ဝယ်ယူရန် အသုံးစရိတ်လိုနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက အကြီးအကဲတွေဟာ ဒီနွေရာသီမှာ အသင်းရဲ့ လစာကို လျော့ချမယ်လို့ ပြောခဲ့တာဖြစ်ပြီး လာကာဇက်ဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်ကို ပေါင် ၁ သိန်း ၈ သောင်း ရနေလို့ လစာအများဆုံးရနေတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

The Athletic က အဆိုအရ ဂျူဗင်တပ်စ်အသင်းဟာ ဟီဂွာအင်၊ ဒေါက်ကလပ်စ်ကော်စတာ ဒါမှမဟုတ် ရိုမဲရိုး တို့ထဲက တစ်ယောက်ကို အလိုက်ပေးပြီး ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူရန် ပြင်ဆင်နေတာဖြစ်ပါတယ်။ အီတလီစီးရီးအေ ချန်ပီယံအသင်းဟာ နောက်ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရော်နယ်ဒို နဲ့ ဒီဘာလာ တို့ကို အကူအညီရစေရန် ပိုပြီး ပေါက်ကွဲအားကောင်းတဲ့ တိုက်စစ်မှူး လိုအပ်နေပါတယ်။ လာကာဇက်ဟာ အာဆင်နယ်နည်းပြ အာတီတာလက်အောက်မှာ ပုံမှန်ကစားခွင့်ရနေပြီး ဒီရာသီမှာ (၁၀) ဂိုးသွင်းထားပြီး (၄) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့မှာ ဘယ်လာရင်၊ ဆိုကရာတစ်၊ ဂွမ်ဒူဇီ ၊တော်ရဲရား ၊ မစ်ခီတာယန် နဲ့ ကိုလာဆီနက်စ် အပြင် မူစတာဖီ နဲ့ ဟိုလ်ဒင်း တို့ကိုလည်း ရောင်းချသွားဖွယ်ရှိပါတယ်။ ဒ့ါအပြင် အသင်းမှာ တစ်ပတ်ကို ပေါင် ၃ သန်း ခွဲ လစာရနေတဲ့ အိုဇေးလ်ကို မဖြစ်မနေ ရောင်းချချင်နေပေမယ့် သူ့လစာကို ပေးနိုင်မယ့် အသင်းဟာ မရှိသေးဘူး ဖြစ်ပါတယ်။




