သက်တမ်းတစ်နှစ်ပဲ ကျန်တော့တာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဝီနယ်ဒန် စောင့်ဆိုင်းနေ

လီဗာပူးကွင်းလယ်ကစားသမား ဝီနယ်ဒန်အနေနဲ့ လက်ရှိစာချုပ်သက်တမ်းက တစ်နှစ်ပဲကျန်တော့တဲ့အနေအထားကြောင့် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ဝီနယ်ဒန်ဟာ လီဗာပူးရဲ့ အဓိက,ကစားသမား တစ်ဦးဖြစ်တာကြောင့် အသင်းအနေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေပေမယ့် အခုချိန်ထိ လီဗာပူးဟာ ကမ်းလှမ်းမှုမပြုလုပ်သေး ဘူးလို့ Sky Sports ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ ဝီနယ်ဒန်ဟာ နယူးကာဆယ်ကနေ လီဗာပူးကို ပေါင် ၂၅သန်းနဲ့ ရောက်လာပြီးနောက်မှာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုတွေကို ရရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်း က လီဗာပူးကိုရောက်ရှိနေတဲ့ ဝီနယ်ဒန်ဟာ အသင်းအတွက်ပွဲပေါင်း ၁၇၇ ပွဲမှာ ၁၈ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်ထားနိုင်တဲ့သူလည်း ဖြစ်ပါတယ်။

ဝီနယ်ဒန်အနေနဲ့ လီဗာပူးအတွက် ကစားခဲ့တဲ့ပွဲတွေမှာ အမှတ်တရဖြစ်စရာအကောင်းဆုံးပွဲကတော့ ပြီးခဲ့တဲ့နှစ်က ချန်ပီယံ လိဂ်မှာ ဘာစီလိုနာနဲ့ အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ဝီနယ်ဒန်အနေနဲ့ လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့်ရခဲ့တာဖြစ်ပေမယ့် ၂မိနစ်အတွင်းမှာပဲ ဘာစီလိုနာဘက်ကို နှစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးဟာ ပထမအကျော့က သုံးဂိုးပြတ်ရှုံးထားတဲ့ ဘာစီလိုနာကို အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ပြန်အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့သလို ချန် ပီယံလည်း ဖြစ်ခဲ့ပါတယ်။

ဝီနယ်ဒန်အနေနဲ့ လီဗာပူးမှာ ၄ ရာသီရှိခဲ့ပြီဆိုပေမယ့် နောက်ဆုံး နှစ်ရာသီမှာ အသင်းရဲ့လိဂ်ပွဲစဉ်တွေအားလုံးမှာ ၄ပွဲပဲ ပါဝင်ကစားခွင့်မရရှိခဲ့တာဖြစ်ပါတယ်။ ဝီနယ်ဒန်ပါဝင်ကစားတဲ့ပွဲတွေနဲ့ ပတ်သက်ပြီး လီဗာပူးအသင်းအနေနဲ့ ရနိုင်တဲ့ ၂၂၈ မှတ်မှာ ၁၉၆ မှတ်အထိ ရယူနိုင်ခဲ့တာကြောင့် ဝီနယ်ဒန်ဟာ လီဗာပူးအသင်းအတွက် အဓိက,ကစားသမားတစ်ဦးဆိုတာကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။

zawgyi version

သက္တမ္းတစ္ႏွစ္ပဲ က်န္ေတာ့တာေၾကာင့္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဝီနယ္ဒန္ ေစာင့္ဆိုင္းေန
လီဗာပူးကြင္းလယ္ကစားသမား ဝီနယ္ဒန္အေနနဲ႔ လက္ရွိစာခ်ဳပ္သက္တမ္းက တစ္ႏွစ္ပဲက်န္ေတာ့တဲ့အေနအထားေၾကာင့္ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ ေစာင့္ဆိုင္းေနတယ္လို႔ သိရပါတယ္။ ဝီနယ္ဒန္ဟာ လီဗာပူးရဲ႕ အဓိက,ကစားသမား တစ္ဦးျဖစ္တာေၾကာင့္ အသင္းအေနနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ရွိေနေပမယ့္ အခုခ်ိန္ထိ လီဗာပူးဟာ ကမ္းလွမ္းမႈမျပဳလုပ္ေသး ဘူးလို႔ Sky Sports ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
အသက္ ၂၉ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဝီနယ္ဒန္ဟာ နယူးကာဆယ္ကေန လီဗာပူးကို ေပါင္ ၂၅သန္းနဲ႔ ေရာက္လာၿပီးေနာက္မွာ အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုေတြကို ရရွိခဲ့တဲ့သူလည္းျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ကတည္း က လီဗာပူးကိုေရာက္ရွိေနတဲ့ ဝီနယ္ဒန္ဟာ အသင္းအတြက္ပြဲေပါင္း ၁၇၇ ပြဲမွာ ၁၈ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၁၆ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္တဲ့သူလည္း ျဖစ္ပါတယ္။
ဝီနယ္ဒန္အေနနဲ႔ လီဗာပူးအတြက္ ကစားခဲ့တဲ့ပြဲေတြမွွာ အမွတ္တရျဖစ္စရာအေကာင္းဆံုးပြဲကေတာ့ ၿပီးခဲ့တဲ့ႏွစ္က ခ်န္ပီယံ လိဂ္မွာ ဘာစီလိုနာနဲ႔ အိမ္ကြင္းမွာကစားခဲ့တဲ့ပြဲပဲျဖစ္ပါတယ္။ အဲ့ဒီပြဲမွာ ဝီနယ္ဒန္အေနနဲ႔ လူစားဝင္ကစားသမားအျဖစ္သာ ကစားခြင့္ရခဲ့တာျဖစ္ေပမယ့္ ၂မိနစ္အတြင္းမွာပဲ ဘာစီလိုနာဘက္ကို ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးဟာ ပထမအေက်ာ့က သံုးဂိုးျပတ္ရႈံးထားတဲ့ ဘာစီလိုနာကို အိမ္ကြင္းမွာ ေလးဂိုးျပတ္နဲ႔ျပန္အႏိုင္ရၿပီး ဗိုလ္လုပြဲတက္ခဲ့သလို ခ်န္ ပီယံလည္း ျဖစ္ခဲ့ပါတယ္။
ဝီနယ္ဒန္အေနနဲ႔ လီဗာပူးမွာ ၄ ရာသီရွိခဲ့ၿပီဆိုေပမယ့္ ေနာက္ဆံုး ႏွစ္ရာသီမွာ အသင္းရဲ႕လိဂ္ပြဲစဥ္ေတြအားလံုးမွာ ၄ပြဲပဲ ပါဝင္ကစားခြင့္မရရွိခဲ့တာျဖစ္ပါတယ္။ ဝီနယ္ဒန္ပါဝင္ကစားတဲ့ပြဲေတြနဲ႔ ပတ္သက္ၿပီး လီဗာပူးအသင္းအေနနဲ႔ ရႏိုင္တဲ့ ၂၂၈ မွတ္မွာ ၁၉၆ မွတ္အထိ ရယူႏိုင္ခဲ့တာေၾကာင့္ ဝီနယ္ဒန္ဟာ လီဗာပူးအသင္းအတြက္ အဓိက,ကစားသမားတစ္ဦးဆိုတာကို သက္ေသျပေနတာပဲ ျဖစ္ပါတယ္။