လီဗာပူးလ် ၊ မန်စီးတီး နဲ့ ချဲလ်ဆီးအသင်းတို့ကို အသာရပြီး လင်ဖီးလ် တိုက်စစ်မှူး ချာလီအလန် ကို ခေါ်ယူလိုက်နိုင်တဲ့ လိဒ်ယူနိုက်တက်အသင်း

လိဒ်ယူနိုက်တက်အသင်းဟာ အိုင်ယာလန်ကလပ် လင်ဖီးလ် ကနေ ဆယ်ကျော်သက်အရွယ်တိုက်စစ်မှူး ချာလီအလန်ကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူလိုက်နိုင်ခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ်ကစားသမားဟာ ကွင်းလယ်မှာ ရော တိုက်စစ်မှာပါ ကစားနိုင်ပြီး လိဒ်ယူနိုက်တက် အသက် ၁၈ နှစ်အောက်အသင်းမှာ အရင်ကစားမှာဖြစ်ပြီး (၃) နှစ်သဘောတူညီမှု စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

ချာလီအလန်ကို ပရီးမီးယားလိဂ်က အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ်၊ မန်စီးတီး ၊ ချဲလ်ဆီးနဲ့ ရိန်းဂျားတို့ကလည်း စိတ်ဝင်စားနေခဲ့တာဖြစ်ပေမယ့် လိဒ်ယူနိုက်တက်အသင်းက အသာရခဲ့ပါတယ်။သူဟာ ၂၀၁၉ ဧပြီလောက်က လင်ဖီးလ်အသင်းကြီးမှာ အသက် ၁၅ နှစ်အရွယ်နဲ့ စီနီယာ ကစားသမားဘ၀ ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပြီး အသက်အငယ်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။


