ဆောက်သမ်တန်ကွင်းလယ်လူ ဟော့ဂျ်ဘက် ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်တဲ့ စပါးအသင်း

စပါးအသင်းဟာ ဆောက်သမ်တန်ကွင်းလယ်လူ ဟော့ဂျ်ဘက်ကု ိ ပေါင်သန်း ၂၀ နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ ဒိန်းမတ်လက်ရွေးစင်ကစားသမားဟာ စပါးအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို တနလာၤနေ့က ဆေးစစ်မှု ခံယူရန် ရောက်ရှိနေတာဖြစ်ပါတယ်။ သတင်းများအရ စပါးအသင်းဟာ အပြီးသတ်ကို လုပ်ဆောင်နေပြီး ဟော့ဂျ်ဘက်ဟာ မော်ရင်ဟို ဒီနွေရာသီ မှာ ခေါ်ယူတဲ့ ပထမဆုံးကစားသမားဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ စပါးအသင်းထံ ကနဦး ပေါင် ၁၅ သန်းနဲ့ သဘောတူညီထားပီး အပိုကြေး ဘာညာ စုစုပေါင်း ပေါင်သန်း ၂၀ အထိ မြင့်တက်သွားမှာဖြစ်ပါတယ်။ အစောပိုင်းက သတင်များအရ စပါးအသင်းဟာ ညာနောက်ခံလူ ကိုင်လီဝေါ်ကာပီတာစ်ကို အပြောင်းအရွှေ့ တစ်စိတ်တစ်ဒေသ ပေးခဲ့ရတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ သူ့ရဲ့ စပါးအသင်းနဲ့ ပထမဆုံး နွေရာသီမှာ အသင်းလူစာရင်းကို အင်အားတောင့်တင်းအောင် ပြုလုပ်နေတာဖြစ်ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီက အမှတ်ပေးဇယား အဆင့် (၆) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ဆောက်သမ်တန်အသင်းနဲ့ နောက်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဟော့ဂျ်ဘက်ကို အဲဗာတန်အသင်းကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမားကိုယ်တိုင်က မော်ရင်ဟိုနဲ့အတူတူ လက်တွဲချင်နေတယ်လို့ သိရပါတယ်။

ေဆာက္သမ္တန္ကြင္းလယ္လူ ေဟာ့ဂ်္ဘက္ ကို ေပါင္သန္း ၂၀ နဲ႔ ေခၚယူလိုက္ႏိုင္ျပီျဖစ္တဲ့ စပါးအသင္း

စပါးအသင္းဟာ ေဆာက္သမ္တန္ကြင္းလယ္လူ ေဟာ့ဂ်္ဘက္ကု ိ ေပါင္သန္း ၂၀ နဲ႔ အျပီးသတ္ေခၚယူလိုက္ျပီလို႔ သတင္းထြက္ေပၚလာပါတယ္။ ဒိန္းမတ္လက္ေရြးစင္ကစားသမားဟာ စပါးအသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို တနလာၤေန႔က ေဆးစစ္မႈ ခံယူရန္ ေရာက္ရွိေနတာျဖစ္ပါတယ္။ သတင္းမ်ားအရ စပါးအသင္းဟာ အျပီးသတ္ကို လုပ္ေဆာင္ေနျပီး ေဟာ့ဂ်္ဘက္ဟာ ေမာ္ရင္ဟို ဒီေႏြရာသီ မွာ ေခၚယူတဲ့ ပထမဆံုးကစားသမားျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ စပါးအသင္းထံ ကနဦး ေပါင္ ၁၅ သန္းနဲ႔ သေဘာတူညီထားပီး အပိုေၾကး ဘာညာ စုစုေပါင္း ေပါင္သန္း ၂၀ အထိ ျမင့္တက္သြားမွာျဖစ္ပါတယ္။ အေစာပိုင္းက သတင္မ်ားအရ စပါးအသင္းဟာ ညာေနာက္ခံလူ ကိုင္လီေ၀ၚကာပီတာစ္ကို အေျပာင္းအေရႊ႕ တစ္စိတ္တစ္ေဒသ ေပးခဲ့ရတယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟိုဟာ သူ႔ရဲ႕ စပါးအသင္းနဲ႔ ပထမဆံုး ေႏြရာသီမွာ အသင္းလူစာရင္းကို အင္အားေတာင့္တင္းေအာင္ ျပဳလုပ္ေနတာျဖစ္ပါတယ္။

စပါးအသင္းဟာ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ေဘာလံုးရာသီက အမွတ္ေပးဇယား အဆင့္ (၆) ေနရာမွာ ရပ္တည္ႏိုင္ခဲ့ျပီး ယူရိုပါလိဂ္၀င္ခြင့္ ရရွိခဲ့ပါတယ္။အသက္ ၂၅ ႏွစ္အရြယ္ ကစားသမားဟာ ေဆာက္သမ္တန္အသင္းနဲ႔ ေနာက္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာ ျဖစ္ပါတယ္။ ေဟာ့ဂ်္ဘက္ကို အဲဗာတန္အသင္းကလည္း စိတ္၀င္စားေနေပမယ့္ ကစားသမားကိုယ္တိုင္က ေမာ္ရင္ဟိုနဲ႔အတူတူ လက္တြဲခ်င္ေနတယ္လို႔ သိရပါတယ္။