ပေါင် ၂၇ သန်းတန် ပေါ်တို ကွင်းလယ်လူ ဒန်နီလိုပါရဲရားကို ပေါင် ၁၈ သန်းပဲ ပေးနိုင်တဲ့ အာဆင်နယ်အသင်း

နည်းပြအာတီတာဟာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်အင်အားတောင့်တင်းရန်အတွက် ပေါ်တိုကွင်းလယ်လူ ဒန်နီလိုပါရဲရားကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဒီနှစ်ပေါ်တိုအသင်း အမှတ်ပေးဖလားဆွတ်ခူးရယူနိုင်ရမှာ ပြိုင်ပွဲစုံ ပွဲ (၄၀) အထိ ကစားပြီး အဓိက အခန်းကဏ္ဍကနေ ပါဝင်စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။

ပေါ်တူဂီ သတင်းစာ က အဆိုအရ အသက် ၂၈ နှစ်အရွယ်ကစားသမားကို ပေါ်တိုအသင်းဟာ ပေါင် ၂၇ သန်း ရရင် ရောင်းချမယ်လို့ သိရပါတယ်။ပေါ်တိုအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက သူ့အတွက် ပေါင် ၂၇ သန်း နဲ့ ကမ်းလှမ်းတာကို ပယ်ချခဲ့ပေမယ့် ယခုအခါ ဒီတန်ကြေးဟာ မျှတတယ်လို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။

သို့သော်လည်း အာဆင်နယ်အသင်းဟာ သူ့အတွက် ပေါ်တိုအသင်းက သတ်မှတ်ထားတဲ့ တန်ကြေးကို ပေးဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ အာတီတာဟာ ကစားသမားအတွက် ပေါင် ၁၈ သန်းပဲ ပေးချင်နေပြီး ပေါ်တိုအသင်းဘက်က ပယ်ချဖွယ်ရှိနေတာဖြစ်ပါတယ်။

ေပါင္ ၂၇ သန္းတန္ ေပၚတို ကြင္းလယ္လူ ဒန္နီလိုပါရဲရားကို ေပါင္ ၁၈ သန္းပဲ ေပးႏိုင္တဲ့ အာဆင္နယ္အသင္း

နည္းျပအာတီတာဟာ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္အင္အားေတာင့္တင္းရန္အတြက္ ေပၚတိုကြင္းလယ္လူ ဒန္နီလိုပါရဲရားကို ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ ဒီႏွစ္ေပၚတိုအသင္း အမွတ္ေပးဖလားဆြတ္ခူးရယူႏိုင္ရမွာ ျပိဳင္ပြဲစံု ပြဲ (၄၀) အထိ ကစားျပီး အဓိက အခန္းက႑ကေန ပါ၀င္စြမ္းေဆာင္ေပးထားသူျဖစ္ပါတယ္။

ေပၚတူဂီ သတင္းစာ က အဆိုအရ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားကို ေပၚတိုအသင္းဟာ ေပါင္ ၂၇ သန္း ရရင္ ေရာင္းခ်မယ္လို႔ သိရပါတယ္။ေပၚတိုအသင္းဟာ ျပီးခဲ့တဲ့ေႏြရာသီက သူ႔အတြက္ ေပါင္ ၂၇ သန္း နဲ႔ ကမ္းလွမ္းတာကို ပယ္ခ်ခဲ့ေပမယ့္ ယခုအခါ ဒီတန္ေၾကးဟာ မွ်တတယ္လို႔ သတ္မွတ္လိုက္တာျဖစ္ပါတယ္။

သို႔ေသာ္လည္း အာဆင္နယ္အသင္းဟာ သူ႔အတြက္ ေပၚတိုအသင္းက သတ္မွတ္ထားတဲ့ တန္ေၾကးကို ေပးဖို႔ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။ အာတီတာဟာ ကစားသမားအတြက္ ေပါင္ ၁၈ သန္းပဲ ေပးခ်င္ေနျပီး ေပၚတိုအသင္းဘက္က ပယ္ခ်ဖြယ္ရွိေနတာျဖစ္ပါတယ္။