ပင်နယ်တီလိုနေတဲ့ယူနိုက်တက်အတွက် မာရှယ်လ် ဒိုင်ဗစ်ထိုးခဲ့တာလို့ ဆိုလိုက်တဲ့ ကိုပင်ဟေဂင် နည်းပြ

ကိုပင်ဟေဂင် နည်းပြ ဆိုလ်ဘက်ကန် က မာရှယ်လ်ဟာ ပင်နယ်တီ ဧရိယာအတွင်းမှာ လွယ်လွယ်ကူကူလဲကျတယ်လို့ တနလာၤနေ့က ယူနိုက်တက်ကို ရှုံးခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲအပြီးမှာ ပြောသွာခဲ့ပါတယ်။ မာရှယ်လ်ဟာ အချိန်ပို ပထမပိုင်းမှာ ကိုပင်ဟေဂင်နောက်ခံလူ အန်ဒရေဘက်ဂျဲလ်လန် နဲ့ ဘောလုံးယှဉ်လုရာမှာ လဲကျခဲ့တာဖြစ်ပြီး အဆိုပါ ပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က ပွဲရဲ့ တစ်လုံးတည်းသော ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း နည်ပြ ဆိုလ်ဘက်ကန်က သူ့ကစားသမားတွေအတွက် ဂုဏ်ယူပြီး မာရှယ်လ်က လွယ်လွယ်ကူကူ လဲှချတယ်လို့ ပြောသွားခဲ့ပါတယ်။“ကျွန်တော့်ကစားသမားတွေ နဲနဲလောက် လူကပ်ကစားပြီဆိုတာ နဲ့ သူတို့က လှဲချပြီး ပင်နယ်တီ တောင်းတော့တာပဲ။ ကျွန်တော်ကတော့ မာရှယ်လ်ဟာ ကြာကြာ ရပ်ဖို့ မကြိုးခဲ့ဘူးထင်ပါတယ်။

ဒါပေမယ့် ဒါဟာ ဘောလုံးမှာ ဖြစ်ပျက်တတ်ပြီး လက်ခံရမှာပါ။ ဒီပွဲက တော့ ပင်နယ်တီအကြောင်းမဟုတ်ပါဘူး။ ကျွန်တော့်ကစားသမားတွေဟာ အကောင်းဆုံးကစားခဲ့ပါတယ်။ တစ်ကယ်ကို ပုံစံကောင်းပြသခဲ့ပါတယ်။ ယူနိုက်တက်အနိုင်ရခဲ့တာ အချိန်ပို ပထမပိုင်းမှာ အသာရသွားလို့ပါ” လို့ နည်းပြက beINSPORTS ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ပင္နယ္တီလိုေနတဲ့ယူႏိုက္တက္အတြက္ မာရွယ္လ္ ဒိုင္ဗစ္ထိုးခဲ့တာလို႔ ဆိုလိုက္တဲ့ ကိုပင္ေဟဂင္ နည္းျပ

ကိုပင္ေဟဂင္ နည္းျပ ဆိုလ္ဘက္ကန္ က မာရွယ္လ္ဟာ ပင္နယ္တီ ဧရိယာအတြင္းမွာ လြယ္လြယ္ကူကူလဲက်တယ္လို႔ တနလာၤေန႔က ယူႏိုက္တက္ကို ရႈံးခဲ့တဲ့ ယူရိုပါလိဂ္ကြာတားဖိုင္နယ္ပြဲအျပီးမွာ ေျပာသြာခဲ့ပါတယ္။ မာရွယ္လ္ဟာ အခ်ိန္ပို ပထမပိုင္းမွာ ကိုပင္ေဟဂင္ေနာက္ခံလူ အန္ဒေရဘက္ဂ်ဲလ္လန္ နဲ႔ ေဘာလံုးယွဥ္လုရာမွာ လဲက်ခဲ့တာျဖစ္ျပီး အဆုိပါ ပင္နယ္တီကို ဘရူႏိုဖာနန္ဒက္စ္က ပြဲရဲ႕ တစ္လံုးတည္းေသာ ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း နည္ျပ ဆိုလ္ဘက္ကန္က သူ႔ကစားသမားေတြအတြက္ ဂုဏ္ယူျပီး မာရွယ္လ္က လြယ္လြယ္ကူကူ လဲွခ်တယ္လို႔ ေျပာသြားခဲ့ပါတယ္။“ကၽြန္ေတာ့္ကစားသမားေတြ နဲနဲေလာက္ လူကပ္ကစားျပီဆိုတာ နဲ႔ သူတို႔က လွဲခ်ျပီး ပင္နယ္တီ ေတာင္းေတာ့တာပဲ။ ကၽြန္ေတာ္ကေတာ့ မာရွယ္လ္ဟာ ၾကာၾကာ ရပ္ဖို႔ မၾကိဳးခဲ့ဘူးထင္ပါတယ္။

ဒါေပမယ့္ ဒါဟာ ေဘာလံုးမွာ ျဖစ္ပ်က္တတ္ျပီး လက္ခံရမွာပါ။ ဒီပြဲက ေတာ့ ပင္နယ္တီအေၾကာင္းမဟုတ္ပါဘူး။ ကၽြန္ေတာ့္ကစားသမားေတြဟာ အေကာင္းဆံုးကစားခဲ့ပါတယ္။ တစ္ကယ္ကို ပံုစံေကာင္းျပသခဲ့ပါတယ္။ ယူႏိုက္တက္အႏိုင္ရခဲ့တာ အခ်ိန္ပို ပထမပိုင္းမွာ အသာရသြားလို႔ပါ” လို႔ နည္းျပက beINSPORTS ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။