အေဂျက်နောက်ခံလူ တက်လီယာဖီကို,ကိုခေါ်ယူဖို့အတွက် ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ အပြိုင်ဖြစ်နေတယ်လို့ သိရ

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးဟာ အေဂျက်ဘယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ တက်လီယာဖီကို,ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာနဲ့အပြိုင်ဖြစ်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ အစောပိုင်းတုန်းက အသင်းရဲ့ ဘယ်နောက်ခံလူတွေ ဖြစ်တဲ့ မားကို့စ်အလွန်ဆို၊ အီမာဆင်တို့ရဲ့နေရာတွေအတွက် လက်စတာနောက်ခံလူ ဘင်ချီဝဲလ်ကို စိတ်ဝင်စားခဲ့ တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘင်ချီဝဲလ်ဟာ ချဲလ်ဆီးနည်းပြလမ်းပတ်ခေါ်ယူချင်တဲ့ ဦးစားပေးကစားသမားဖြစ်ပေမယ့် ရီးရဲလ်ကစားသမား ရီဂူလွန် ကို လည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။Sky Sports ရဲ့ဖော်ပြမှုမှာတော့ ချဲလ်ဆီးအနေနဲပ တက်လီယာဖီကို,ကို ခေါ် ယူဖို့ အစောပိုင်းကတည်းက စိတ်ဝင်စားခဲ့တာဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ ဘာစီလိုနာနဲ့ အပြိုင်ခေါ်ယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မတိုင်ခင်ကတည်းက အေဂျက်က ဇီယက်ကိုခေါ်ယူဖို့ သဘောတူညီမှုရ ထားခဲ့တာကြောင့် ကလပ်နှစ်သင်းကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတာကို အသုံးပြုပြီး ဘာစီလိုနာထက် လက်ဦး မှုရယူကာ တက်လီယာဖီကို,ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။စပိန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အက် သလက်တီကိုကလည်း တက်လီယာဖီကို,ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့နဲ့ ဆက်စပ်တဲ့ အခြားသတင်းတစ်ပုဒ်မှာတော့ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ လေဗာကူ ဆင်အသင်းရဲ့တောင်ပံကစားသမား ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအနေနဲ့ နီးစပ်နေပြီလို့ သိရပါတယ်။ လေ ဗာကူဆင် အားကစားဒါရိုက်တာ ရူဒီဗောင်လာက အစောပိုင်းတုန်းမှာ ကိုင်ဟာဗက်ဇ်ကို ဆက်ထိန်းထားဖို့ အလိုရှိခဲ့ပေမယ့် ယူရိုပါလိဂ်ကထွက်ခဲ့ရပြီးနောက်မှာတော့ ရောင်းချတော့မယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

ေအဂ်က္ေနာက္ခံလူ တက္လီယာဖီကို,ကိုေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးနဲ႔ ဘာစီလိုနာတို႔ အၿပိဳင္ျဖစ္ေနတယ္လို႔ သိရ
ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးဟာ ေအဂ်က္ဘယ္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ တက္လီယာဖီကို,ကို ေခၚယူဖို႔အတြက္ ဘာစီလိုနာနဲ႔အၿပိဳင္ျဖစ္ေနတယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးဟာ အေစာပိုင္းတုန္းက အသင္းရဲ႕ဘယ္ေနာက္ခံလူေတြ ျဖစ္တဲ့ မားကို႔စ္အလြန္ဆို၊ အီမာဆင္တို႔ရဲ႕ေနရာေတြအတြက္ လက္စတာေနာက္ခံလူ ဘင္ခ်ီဝဲလ္ကို စိတ္ဝင္စားခဲ့ တာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ဘင္ခ်ီဝဲလ္ဟာ ခ်ဲလ္ဆီးနည္းျပလမ္းပတ္ေခၚယူခ်င္တဲ့ ဦးစားေပးကစားသမားျဖစ္ေပမယ့္ ရီးရဲလ္ကစားသမား ရီဂူလြန္ ကို လည္း ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။Sky Sports ရဲ႕ေဖာ္ျပမႈမွာေတာ့ ခ်ဲလ္ဆီးအေနနဲပ တက္လီယာဖီကို,ကို ေခၚ ယူဖို႔ အေစာပိုင္းကတည္းက စိတ္ဝင္စားခဲ့တာျဖစ္တယ္လို႔ သိရၿပီး လက္ရွိအခ်ိန္မွာေတာ့ ဘာစီလိုနာနဲ႔ အၿပိဳင္ေခၚယူဖို႔ ျပင္ဆင္ေနတာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအေနနဲ႔ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မတိုင္ခင္ကတည္းက ေအဂ်က္က ဇီယက္ကိုေခၚယူဖို႔ သေဘာတူညီမႈရ ထားခဲ့တာေၾကာင့္ ကလပ္ႏွစ္သင္းၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိေနတာကို အသံုးျပဳၿပီး ဘာစီလိုနာထက္ လက္ဦး မႈရယူကာ တက္လီယာဖီကို,ကို ေခၚယူႏိုင္မယ္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။စပိန္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ အက္ သလက္တီကိုကလည္း တက္လီယာဖီကို,ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
ခ်ဲလ္ဆီးရဲ႕ အေျပာင္းအေရႊ႕နဲ႔ ဆက္စပ္တဲ့ အျခားသတင္းတစ္ပုဒ္မွာေတာ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ထြက္ခဲ့ရတဲ့ ေလဗာကူ ဆင္အသင္းရဲ႕ေတာင္ပံကစားသမား ကိုင္ဟာဗက္ဇ္ကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအေနနဲ႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။ ေလ ဗာကူဆင္ အားကစားဒါ႐ိုက္တာ ႐ူဒီေဗာင္လာက အေစာပိုင္းတုန္းမွာ ကိုင္ဟာဗက္ဇ္ကို ဆက္ထိန္းထားဖို႔ အလိုရွိခဲ့ေပမယ့္ ယူ႐ိုပါလိဂ္ကထြက္ခဲ့ရၿပီးေနာက္မွာေတာ့ ေရာင္းခ်ေတာ့မယ္လို႔ ေျပာခဲ့ပါတယ္။