လင်ဂတ် ၊ ရပ်ရှ်ဖိုဒ့် နဲ့ တွမ်မီနေးတို့ကို နမူနာယူခဲ့လို့ ပထမအသင်းမှာ ပွဲထွက်ခွင့်ရခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဂရင်းဝုဒ်

  ယူနိုက်တက် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်က ရပ်ရှ်ဖိုဒ်၊ လင်ဂတ် နဲ့ တွမ်မီနေးတို့ကို နမူနာယူခဲ့လို့ ပထမအသင်းမှာ ပွဲထွက်ခွင့်ရလာတာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ကိုဗေဟေဂင် နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲအတွက် ဂျာမနီကို တနလာၤနေ့က သွားရောက်တဲ့ ယူနိုက်တက်လူစာရင်းမှာ အသင်းဖော်တွေနဲ့ အတူ ဂရင်းဝုဒ်လည်း ပါဝင်လိုက်ပါခဲ့တာဖြစ်ပါတယ်။


ယူနိုက်တက်လူငယ်ကစားသမားလေးက အကယ်ဒမီမှာတုန်းက သူ့ကို ဘယ်အရာက စိတ်အားထက်သန်စေခဲ့သလဲဆိုတာကို ပြောသွားခဲ့ပါတယ်။ “ကျွန်တော်ငယ်ငယ်တုန်းက မားကပ်စ်၊ လင်ဂတ် ၊ စကော့ တို့ အားလုံးကို ကြည့်ပြီးလေ့လာခဲ့ပါတယ်။ သူတို့လည်း လုပ်နိုင်ရင် ကျွန်တော်လည်း လုပ်နိုင်မယ်လို့ တွေးခဲ့ပါတယ်။

သူတို့ဟာ ကျွန်တော့်အတွက် စံပြတွေဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက သူတို့ကစားတာကို ကြည့်ခဲ့ရတာဖြစ်ပြီး အခုတော့ သူတို့ နဲ့အတူတူ တွဲကစားခွင့်ရနေပါပြီ။ သင်လည်း အကယ်ဒမီမှာဆိုရင် အခြားကစားသမားတွေလည်း လုပ်နိုင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း ဘာကြောင့် မလုပ်နိုင်ရမှာလဲလို့ တွေးရမှာပါ။ ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ရဖို့ နဲ့ ပထမအသင်းမှာ ပွဲထွက်ခွင့်ရဖို့ဆိုတာ ာ အကယ်ဒမီမှာ ရှိတဲ့ လူတိုင်းရဲ့ အိပ်မက်ပါ” လို့ ဂရင်းဝုဒ်က The Sun ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

လင္ဂတ္ ၊ ရပ္ရွ္ဖိုဒ့္ နဲ႔ တြမ္မီေနးတို႔ကို နမူနာယူခဲ့လို႔ ပထမအသင္းမွာ ပြဲထြက္ခြင့္ရခဲ့တာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ ဂရင္းဝုဒ္

ယူႏိုက္တက္ လူငယ္တိုက္စစ္မႉး ဂရင္းဝုဒ္က ရပ္ရွ္ဖိုဒ္၊ လင္ဂတ္ နဲ႔ တြမ္မီေနးတို႔ကို နမူနာယူခဲ့လို႔ ပထမအသင္းမွာ ပြဲထြက္ခြင့္ရလာတာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ကိုေဗေဟဂင္ နဲ႔ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္ပြဲအတြက္ ဂ်ာမနီကို တနလာေနၤ့က သြားေရာက္တဲ့ ယူႏိုက္တက္လူစာရင္းမွာ အသင္းေဖာ္ေတြနဲ႔ အတူ ဂရင္းဝုဒ္လည္း ပါဝင္လိုက္ပါခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္လူငယ္ကစားသမားေလးက အကယ္ဒမီမွာတုန္းက သူ႔ကို ဘယ္အရာက စိတ္အားထက္သန္ေစခဲ့သလဲဆိုတာကို ေျပာသြားခဲ့ပါတယ္။ “ကြၽန္ေတာ္ငယ္ငယ္တုန္းက မားကပ္စ္၊ လင္ဂတ္ ၊ စေကာ့ တို႔ အားလုံးကို ၾကည့္ၿပီးေလ့လာခဲ့ပါတယ္။ သူတို႔လည္း လုပ္ႏိုင္ရင္ ကြၽန္ေတာ္လည္း လုပ္ႏိုင္မယ္လို႔ ေတြးခဲ့ပါတယ္။

သူတို႔ဟာ ကြၽန္ေတာ့္အတြက္ စံျပေတြျဖစ္ပါတယ္။ ကြၽန္ေတာ္ငယ္ငယ္တုန္းက သူတို႔ကစားတာကို ၾကည့္ခဲ့ရတာျဖစ္ၿပီး အခုေတာ့ သူတို႔ နဲ႔အတူတူ တြဲကစားခြင့္ရေနပါၿပီ။ သင္လည္း အကယ္ဒမီမွာဆိုရင္ အျခားကစားသမားေတြလည္း လုပ္ႏိုင္တယ္ဆိုရင္ ကိုယ္ကိုယ္တိုင္လည္း ဘာေၾကာင့္ မလုပ္ႏိုင္ရမွာလဲလို႔ ေတြးရမွာပါ။ ယူႏိုက္တက္မွာ ပုံမွန္ကစားခြင့္ရဖို႔ နဲ႔ ပထမအသင္းမွာ ပြဲထြက္ခြင့္ရဖို႔ဆိုတာ ာ အကယ္ဒမီမွာ ရွိတဲ့ လူတိုင္းရဲ႕ အိပ္မက္ပါ” လို႔ ဂရင္းဝုဒ္က The Sun ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။