အာဆင်နယ်အသင်းက ရောင်းချချင်နေတဲ့ နီလန်းစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်း (၃) သင်းရှိ

အာဆင်နယ်အသင်းက ဒီနွေရာသီမှာ ရောင်းချချင်နေတဲ့ နီလန်းစ်ကို ကမ်းလှမ်းရန် အသင်း (၃) သင်း ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ နောက်ရာသီမှာ အသင်းကို ပြင်ဆင်ရန်အတွက် အသင်းက ကစားသမားတွေကို ရောင်းချရမှာ ဖြစ်ပါတယ်။

နီလန်းစ်ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် (၃၂) ပွဲကစားထားသော်လည်း အာတီတာ ရဲ့ ရောင်းချမယ့် စာရင်းထဲမှာ ပါဝင်နေပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ပရီးမီးယားလိဂ်က (၂) သင်း နဲ့ ဘွန်ဒက်စ်လီဂါက (၁) သင်း ကမ်းလှမ်းရန် ပြင်ဆင်နေတာဖြစ်ပါတယ်။

ကွင်းလယ်မှာသာမက နောက်တန်းမှာ ပါ ကစားနိုင်စွမ်းရှိတဲ့ နီလန်းစ်ဟာ အာဆင်နယ်အသင်းကို အသက် (၆)နှစ်အရွယ်ကတည်းက ရောက်နေသူပါ။ သူဟာ ယခုလအစောပိုင်းတုန်းက ချဲလ်ဆီးအသင်းကို (၂-၁) နဲ့ ဝင်ဘလေကွင်းမှာ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းအတွက် ပွဲ (၁၀၀) ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်လူငယ်အသင်းမှာလည်း ပါဝင်ကစားခဲ့တဲ့ နီလန်းစ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း (၃) နှစ်ကျန်သေးပါတယ်။ အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းက တောင်ပံ တိုက်စစ်ကစားသမားဟာ ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် နီးစပ်နေပြီလည်း ဖြစ်ပါတယ်။

အာဆင္နယ္အသင္းက ေရာင္းခ်ခ်င္ေနတဲ့ နီလန္းစ္ကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ အသင္း (၃) သင္းရွိ

အာဆင္နယ္အသင္းက ဒီေႏြရာသီမွာ ေရာင္းခ်ခ်င္ေနတဲ့ နီလန္းစ္ကို ကမ္းလွမ္းရန္ အသင္း (၃) သင္း ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အာဆင္နယ္နည္းျပ အာတီတာဟာ ေနာက္ရာသီမွာ အသင္းကို ျပင္ဆင္ရန္အတြက္ အသင္းက ကစားသမားေတြကို ေရာင္းခ်ရမွာ ျဖစ္ပါတယ္။

နီလန္းစ္ဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ အာဆင္နယ္အသင္းအတြက္ (၃၂) ပြဲကစားထားေသာ္လည္း အာတီတာ ရဲ႕ ေရာင္းခ်မယ့္ စာရင္းထဲမွာ ပါ၀င္ေနပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားကို ပရီးမီးယားလိဂ္က (၂) သင္း နဲ႔ ဘြန္ဒက္စ္လီဂါက (၁) သင္း ကမ္းလွမ္းရန္ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ကြင္းလယ္မွာသာမက ေနာက္တန္းမွာ ပါ ကစားႏိုင္စြမ္းရွိတဲ့ နီလန္းစ္ဟာ အာဆင္နယ္အသင္းကို အသက္ (၆)ႏွစ္အရြယ္ကတည္းက ေရာက္ေနသူပါ။ သူဟာ ယခုလအေစာပိုင္းတုန္းက ခ်ဲလ္ဆီးအသင္းကို (၂-၁) နဲ႔ ၀င္ဘေလကြင္းမွာ အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ အာဆင္နယ္အသင္းအတြက္ ပြဲ (၁၀၀) ျပည့္ေျမာက္ခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္လူငယ္အသင္းမွာလည္း ပါ၀င္ကစားခဲ့တဲ့ နီလန္းစ္ဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမး္ (၃) ႏွစ္က်န္ေသးပါတယ္။ အာဆင္နယ္အသင္းဟာ ခ်ဲလ္ဆီးအသင္းက ေတာင္ပံ တိုက္စစ္ကစားသမားဟာ ၀ီလီယံကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ နီးစပ္ေနျပီလည္း ျဖစ္ပါတယ္။