လီဗာပူးလ်အသင်းနဲ့ ဆေးစစ်မှု ခံယူရန် အင်္ဂလန်ကို ရောက်လာပြီဖြစ်တဲ့ ဆီမီကက်စ်

အိုလံပီယာကိုစ့် နောက်ခံလူ အီမီကက်စ်ဟာ လီဗာပူးလ်အသင်းဆီ ပေါင် ၁၁.၇၅ သန်းတန် အပြောင်းအရွှေ့ အပြီးသတ်ရန်အတွက် ဆေးစစ်မှု ခံယူရန် ရောက်လာပြီဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ နောဝစ်ချ်နောက်ခံလူ ဂျမဲလ်လီဝစ် ကို ခေါ်ယူရာမှာ ပယ်ချခြင်းခံလိုက်ရလို့ ဂရိလက်ရွေးစင်ကစားသမားကို ခေါ်ယူရန်ခဲ့တာပါ။

လီဗာပူးလ်အားကစားဒါရိုက်တာ မိုက်ကယ်အက်ဒ်ဝပ်က အိုလံပီယာကိုစ့်အထွေထွေ ဒါရိုက်တာ လီနာဆူလူကူ နဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပြီး အသက် ၂၄ နှစ်အရွယ်ကစားသမား ရဲ့ အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ်သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ဆီမီကက်စ်ဟာ နောက်လာမယ့် ရက်အနည်းငယ်မှာ ဆေးစစ်မှု ခံယူရမှာဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရတော့ သဘောတူညီမှုမရသေးပါဘူး။ လီဗာပူးလ်အသင်းကတော့ ကစားသမားကို (၅) နှစ်စာချုပ်ချုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့အပတ်က လိုဗရန် နဲ့ လယ်လာနာ တို့ ဇင်းနစ် နဲ့ ဘရိုက်တန်ကို အသီးသီးထွက်ခွာပြီးနောက် သူဟာ ဒီနွေရာသီမှာ လီဗာပူးလ်အသင်း ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်ပါတယ်။လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကတော့ အပြောင်းအရွှေ့မှာ ကြီးကြီးမားမား ခေါ်ယူမှု မရှိဘူးလို့ ပြောခဲ့ပေမယ့် အသင်းရဲ့ ဗဟိုနောက်ခံလူ နေရာ နဲ့ တိုက်စစ်ပိုင်း ကို ရွေးချယ်စရာ ရရှိအောင် ခေါ်ယူတာတွေ လုပ်သွားဦးမယ်လို့ သိရပါတယ်။

လီဗာပူးလ္အသင္းနဲ႔ ေဆးစစ္မႈ ခံယူရန္ အဂၤလန္ကို ေရာက္လာျပီျဖစ္တဲ့ ဆီမီကက္စ္

အိုလံပီယာကိုစ့္ ေနာက္ခံလူ အီမီကက္စ္ဟာ လီဗာပူးလ္အသင္းဆီ ေပါင္ ၁၁.၇၅ သန္းတန္ အေျပာင္းအေရႊ႕ အျပီးသတ္ရန္အတြက္ ေဆးစစ္မႈ ခံယူရန္ ေရာက္လာျပီျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ေနာ၀စ္ခ်္ေနာက္ခံလူ ဂ်မဲလ္လီ၀စ္ ကို ေခၚယူရာမွာ ပယ္ခ်ျခင္းခံလိုက္ရလို႔ ဂရိလက္ေရြးစင္ကစားသမားကို ေခၚယူရန္ခဲ့တာပါ။

လီဗာပူးလ္အားကစားဒါရိုက္တာ မိုက္ကယ္အက္ဒ္၀ပ္က အိုလံပီယာကိုစ့္အေထြေထြ ဒါရိုက္တာ လီနာဆူလူကူ နဲ႔ ၾကာသပေတးေန႔က ေတြ႕ဆံုခဲ့ျပီး အသက္ ၂၄ ႏွစ္အရြယ္ကစားသမား ရဲ႕ အေျပာင္းအေရႊ႕ ကိစၥကို အျပီးသတ္သေဘာတူညီမႈ ရခဲ့တာျဖစ္ပါတယ္။ ဆီမီကက္စ္ဟာ ေနာက္လာမယ့္ ရက္အနည္းငယ္မွာ ေဆးစစ္မႈ ခံယူရမွာျဖစ္ျပီး ပုဂၢိဳလ္ေရးအရေတာ့ သေဘာတူညီမႈမရေသးပါဘူး။ လီဗာပူးလ္အသင္းကေတာ့ ကစားသမားကို (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္ႏိုင္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။

ျပီးခဲ့တဲ့အပတ္က လိုဗရန္ နဲ႔ လယ္လာနာ တို႔ ဇင္းနစ္ နဲ႔ ဘရိုက္တန္ကို အသီးသီးထြက္ခြာျပီးေနာက္ သူဟာ ဒီေႏြရာသီမွာ လီဗာပူးလ္အသင္း ပထမဆံုးေခၚယူတဲ့ ကစားသမားျဖစ္ပါတယ္။လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ အေျပာင္းအေရႊ႕မွာ ၾကီးၾကီးမားမား ေခၚယူမႈ မရွိဘူးလို႔ ေျပာခဲ့ေပမယ့္ အသင္းရဲ႕ ဗဟိုေနာက္ခံလူ ေနရာ နဲ႔ တိုက္စစ္ပိုင္း ကို ေရြးခ်ယ္စရာ ရရွိေအာင္ ေခၚယူတာေတြ လုပ္သြားဦးမယ္လို႔ သိရပါတယ္။