၁၁ နှစ်အရွယ်ကတည်းက ပူလီဆစ်အနေနဲ့ ချဲလ်ဆီးကိုရောက်ရှိခဲ့ဖူးပြီး မာဆင်မောင့်နဲ့ ရင်းနှီးခဲ့တာဖြစ်ကြောင်း ချဲလ်ဆီး ထုတ်ဖော်ခဲ့

ချဲလ်ဆီးအသင်းအနေနဲ့ ၂၀၁၀ ခုနှစ်တုန်းက ပူလီဆစ်အနေနဲ့ အသင်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့ကော့ဟမ်းကို လာ ရောက်ခဲ့ဖူးပြီး အဲ့ဒီအချိန်ကတည်းက မာဆင်မောင့်နဲ့ ရင်းနှီးခဲ့ကြတာဖြစ်တယ်လို့ဆိုကာ သူတို့နှစ်ဦးရဲ့ပုံကို အသင်းရဲ့ ဝက်ဘ်ဆိုဒ်မှာတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်တုန်းက ပူလီဆစ်၊ မာဆင်မောင့်တို့ နှစ်ယောက်စလုံးဟာ အသက် ၁၁ နှစ်ပဲ ရှိသေးတာဖြစ်ပါတယ်။

ပူလီဆစ်အနေနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ချဲလ်ဆီးကိုဒေါ့မွန်ကနေ ပေါင် ၅၈ သန်းနဲ့ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မာဆင်မောင့်ကလည်း ချဲလ်ဆီး လူငယ်အသင်းကနေ ပေါ်ထွက်လာတဲ့ကစားသမားတစ်ဦးဖြစ်ပြီး အသင်းရဲ့အဓိက,ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ ဒီရာသီ PFA ရဲ့အကောင်းဆုံးလူငယ် ၆ဦးစာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။

ပူလီဆစ်ကတော့ သူအနေနဲ့ ချဲလ်ဆီးအသင်းကို ၂၀၀၆ ခုနှစ်ကတည်းက အလည်အပတ်ရောက်ရှိခဲ့ပြီး အဲ့ဒီအချိန်တုန်းက သူရဲ့အသက်ဟာ ၇ နှစ်ပဲရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ ပူလီဆစ်ဟာ ချဲလ်ဆီးအတွက် သူရဲ့ပထမဆုံးရာသီမှာ ခြေစွမ်းပြ နိုင်ခဲ့ပြီး ၁၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။မာဆင်မောင့်အနေနဲ့လည်း ချဲလ်ဆီးကို တစ်ကျော့ ပြန်ရောက်ရှိလာပြီးနောက်မှ အသင်းရဲ့အဓိက,ကစားသမားတစ်ဦးဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

 

ပူလီဆစ်က “ အသက်ငယ်ငယ်တုန်းက ချဲလ်ဆီးကိုလာခဲ့ရတာတွေကို မှတ်မိနေပါတယ်။ အဲ့ဒီတုန်းက ချဲလ်ဆီးလူငယ် အသင်းနဲ့အတူ ရက်အနည်းငယ်လောက်လေ့ကျင့်ခဲ့ရအပြီးမှာပဲ ပြန်သွားခဲ့ရတာပါ။အခုချိန်မှာ အရာအားလုံးကိုပြန်မြင် နေရသလိုဖြစ်နေပြီး အဲ့ဒီအရာတွေအားလုံးကို ကြိုက်နှစ်သက်ပါတယ်။ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့တဲ့အချိန် မှာ အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

၁၁ ႏွစ္အရြယ္ကတည္းက ပူလီဆစ္အေနနဲ႔ ခ်ဲလ္ဆီးကိုေရာက္ရွိခဲ့ဖူးၿပီး မာဆင္ေမာင့္နဲ႔ ရင္းႏွီးခဲ့တာျဖစ္ေၾကာင္း ခ်ဲလ္ဆီး ထုတ္ေဖာ္ခဲ့
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၂၀၁၀ ခုႏွစ္တုန္းက ပူလီဆစ္အေနနဲ႔ အသင္းရဲ႕ေလ့က်င့္ေရးကြင္းျဖစ္တဲ့ေကာ့ဟမ္းကို လာ ေရာက္ခဲ့ဖူးၿပီး အဲ့ဒီအခ်ိန္ကတည္းက မာဆင္ေမာင့္နဲ႔ ရင္းႏွီးခဲ့ၾကတာျဖစ္တယ္လို႔ဆိုကာ သူတို႔ႏွစ္ဦးရဲ႕ပံုကို အသင္းရဲ႕ ဝက္ဘ္ဆိုဒ္မွာတင္ခဲ့တာပဲ ျဖစ္ပါတယ္။ ၂၀၁၀ ခုႏွစ္တုန္းက ပူလီဆစ္၊ မာဆင္ေမာင့္တို႔ ႏွစ္ေယာက္စလံုးဟာ အသက္ ၁၁ ႏွစ္ပဲ ရွိေသးတာျဖစ္ပါတယ္။
ပူလီဆစ္အေနနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ခ်ဲလ္ဆီးကိုေဒါ့မြန္ကေန ေပါင္ ၅၈ သန္းနဲ႔ေျပာင္းေရႊ႕လာခဲ့သူ ျဖစ္ၿပီး အသင္းအတြက္အေရးပါတဲ့ကစားသမားတစ္ေယာက္အျဖစ္ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ မာဆင္ေမာင့္ကလည္း ခ်ဲလ္ဆီး လူငယ္အသင္းကေန ေပၚထြက္လာတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းရဲ႕အဓိက,ကစားသမားတစ္ဦးျဖစ္ပါတယ္။ သူတို႔ ႏွစ္ေယာက္စလံုးဟာ ဒီရာသီ PFA ရဲ႕အေကာင္းဆံုးလူငယ္ ၆ဦးစာရင္းမွာ ပါဝင္ခဲ့ၾကပါတယ္။
ပူလီဆစ္ကေတာ့ သူအေနနဲ႔ ခ်ဲလ္ဆီးအသင္းကို ၂၀၀၆ ခုႏွစ္ကတည္းက အလည္အပတ္ေရာက္ရွိခဲ့ၿပီး အဲ့ဒီအခ်ိန္တုန္းက သူရဲ႕အသက္ဟာ ၇ ႏွစ္ပဲရွိေသးတယ္လို႔ ေျပာခဲ့ပါတယ္။ ပူလီဆစ္ဟာ ခ်ဲလ္ဆီးအတြက္ သူရဲ႕ပထမဆံုးရာသီမွာ ေျခစြမ္းျပ ႏိုင္ခဲ့ၿပီး ၁၁ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၁၀ ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့ပါတယ္။မာဆင္ေမာင့္အေနနဲ႔လည္း ခ်ဲလ္ဆီးကို တစ္ေက်ာ့ ျပန္ေရာက္ရွိလာၿပီးေနာက္မွ အသင္းရဲ႕အဓိက,ကစားသမားတစ္ဦးျဖစ္လာခဲ့တာ ျဖစ္ပါတယ္။
ပူလီဆစ္က “ အသက္ငယ္ငယ္တုန္းက ခ်ဲလ္ဆီးကိုလာခဲ့ရတာေတြကို မွတ္မိေနပါတယ္။ အဲ့ဒီတုန္းက ခ်ဲလ္ဆီးလူငယ္ အသင္းနဲ႔အတူ ရက္အနည္းငယ္ေလာက္ေလ့က်င့္ခဲ့ရအၿပီးမွာပဲ ျပန္သြားခဲ့ရတာပါ။အခုခ်ိန္မွာ အရာအားလံုးကိုျပန္ျမင္ ေနရသလိုျဖစ္ေနၿပီး အဲ့ဒီအရာေတြအားလံုးကို ႀကိဳက္ႏွစ္သက္ပါတယ္။ခ်ဲလ္ဆီးကိုေျပာင္းေရႊ႕ဖို႔ အခြင့္အေရးရခဲ့တဲ့အခ်ိန္ မွာ အရမ္းကို ေပ်ာ္ရႊင္ခဲ့ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။