ဂိုးသမားနေရာအတွက် တကယ်ဆုံးဖြတ်ရခက်နေတယ်လို့ ဝန်ခံခဲ့တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ဂိုးသမားနေရာအတွက် တကယ်ဆုံးဖြတ်ရခက်တဲ့အနေအထားတွေနဲ့ ရင်ဆိုင် နေရကြောင်း ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ဒုတိယဂိုးသမားဖြစ်တဲ့ ရိုမီယိုကို ဦးစားပေးကစား စေတာဖြစ်ပေမယ့် ဒီဂီယာကိုလည်း ကိုပင်ဟေဂင်နဲ့ ကစားမယ့်ပွဲအတွက် ဂျာမနီနိုင်ငံကိုခေါ်ယူသွားတယ်လို့ သိရပါတယ်။ လက်ရှိယူနိုက်တက်မှာ ရှက်ဖီးယူနိုက်တက်အဌားချထားတဲ့ ဟန်ဒါဆင်လည်း ရှိနေတာကြောင့် ဆိုးလ်ရှားက လာမယ့်ရာ သီရဲ့ ဂိုးသမားနေရာအခက်အခဲကို ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ လက်စွမ်းကျဆင်းနေတဲ့ ဂိုးသမားဒီဂီယာကြောင့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဂိုးသမားရှာ ဖွေနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး အသင်းပရိသတ်တွေကတော့ ရှက်ဖီးယူနိုက်တက်မှာအဌားချထာ တဲ့ ဟန်ဒါဆင်ကို ပြန်လည်ခေါ်ယူဖို့အတွက် တောင်းဆိုမှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။ဟန်ဒါဆင်ဟာ ပြီးခဲ့တဲ့ရာ သီက လက်စွမ်းပြနိုင်ခဲ့တာကြောင့် PFA ရဲ့အကောင်းဆုံးလူငယ်ကစားသမား ၆ ဦးစာရင်းမှာတောင် ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဆိုးလ်ရှားက “ဂိုးသမားနေရာအတွက် ကျွန်တော်က အခြားနည်းပြတွေထက် တစ်ပန်းသာနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ရိုမီယို၊ ဒီဂီယာတို့အပြင် အသင်းကိုပြန်ရောက်နေတဲ့ ဟန်ဒါဆင်တို့ကြောင့် အသင်းမှာ ထိပ်တန်းဂိုးသမား ၃ဦးရှိနေပါ တယ်။ ရိုမီယိုက အသင်းအတွက်အရေးကြီးတဲ့သူဆိုတာ ကစားရတဲ့ပွဲတွေမှာသက်သေပြလေ့ရှိပါတယ်။ ဒီဂီယာက လက်ရှိ မှာ လက်စွမ်းကျနေပေမယ့် ရာသီကုန်လို့ အနားယူပြီးသွားရင် အရင်လက်စွမ်းပြန်ရနိုင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနေ့ညမှာ ကိုပင်ဟေဂင်အသင်းနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို ယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပြီး ရိုမီ ယိုကို ဦးစားပေးဂိုးသမားအဖြစ် အသုံးပြုဖွယ်ရှိနေတယ် ဆိုတာကိုတော့ ဆိုးလ်ရှားက အတည်မပြုခဲ့ဘူးလို့ သိရပါတယ်။ ယူနိုက်တက်မှာ နောက်ထပ်ရှိနေတဲ့ ဂိုးသမားတစ်ဦးက အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ လီဂရန့်ဖြစ်ပြီး သူအနေနဲ့ ကစားသ မားဘဝကို အနားယူနိုင်တယ်လို့ သိရပါတယ်။

zawgyi version

ဂိုးသမားေနရာအတြက္ တကယ္ဆံုးျဖတ္ရခက္ေနတယ္လို႔ ဝန္ခံခဲ့တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား
ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ဂိုးသမားေနရာအတြက္ တကယ္ဆံုးျဖတ္ရခက္တဲ့အေနအထားေတြနဲ႔ ရင္ဆိုင္ ေနရေၾကာင္း ေျပာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာ ဒုတိယဂိုးသမားျဖစ္တဲ့ ႐ိုမီယိုကို ဦးစားေပးကစား ေစတာျဖစ္ေပမယ့္ ဒီဂီယာကိုလည္း ကိုပင္ေဟဂင္နဲ႔ ကစားမယ့္ပြဲအတြက္ ဂ်ာမနီႏိုင္ငံကိုေခၚယူသြားတယ္လို႔ သိရပါတယ္။ လက္ရွိယူႏိုက္တက္မွာ ရွက္ဖီးယူႏိုက္တက္အဌားခ်ထားတဲ့ ဟန္ဒါဆင္လည္း ရွိေနတာေၾကာင့္ ဆိုးလ္ရွားက လာမယ့္ရာ သီရဲ႕ ဂိုးသမားေနရာအခက္အခဲကို ေျပာခဲ့တာ ျဖစ္ပါတယ္။
ယူႏိုက္တက္အေနနဲ႔ လက္စြမ္းက်ဆင္းေနတဲ့ ဂိုးသမားဒီဂီယာေၾကာင့္ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ဂိုးသမားရွာ ေဖြေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနတာျဖစ္ၿပီး အသင္းပရိသတ္ေတြကေတာ့ ရွက္ဖီးယူႏိုက္တက္မွာအဌားခ်ထာ တဲ့ ဟန္ဒါဆင္ကို ျပန္လည္ေခၚယူဖို႔အတြက္ ေတာင္းဆိုမႈေတြျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ဟန္ဒါဆင္ဟာ ၿပီးခဲ့တဲ့ရာ သီက လက္စြမ္းျပႏိုင္ခဲ့တာေၾကာင့္ PFA ရဲ႕အေကာင္းဆံုးလူငယ္ကစားသမား ၆ ဦးစာရင္းမွာေတာင္ ပါဝင္ခဲ့သူျဖစ္ပါတယ္။
ဆိုးလ္ရွားက “ဂိုးသမားေနရာအတြက္ ကြ်န္ေတာ္က အျခားနည္းျပေတြထက္ တစ္ပန္းသာေနတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ႐ိုမီယို၊ ဒီဂီယာတို႔အျပင္ အသင္းကိုျပန္ေရာက္ေနတဲ့ ဟန္ဒါဆင္တို႔ေၾကာင့္ အသင္းမွာ ထိပ္တန္းဂိုးသမား ၃ဦးရွိေနပါ တယ္။ ႐ိုမီယိုက အသင္းအတြက္အေရးႀကီးတဲ့သူဆိုတာ ကစားရတဲ့ပြဲေတြမွာသက္ေသျပေလ့ရွိပါတယ္။ ဒီဂီယာက လက္ရွိ မွာ လက္စြမ္းက်ေနေပမယ့္ ရာသီကုန္လို႔ အနားယူၿပီးသြားရင္ အရင္လက္စြမ္းျပန္ရႏိုင္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ဒီေန႔ညမွာ ကိုပင္ေဟဂင္အသင္းနဲ႔ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ကို ယွဥ္ၿပိဳင္ကစားဖို႔ ရွိေနတာျဖစ္ၿပီး ႐ိုမီ ယိုကို ဦးစားေပးဂိုးသမားအျဖစ္ အသံုးျပဳဖြယ္ရွိေနတယ္ ဆိုတာကိုေတာ့ ဆိုးလ္ရွားက အတည္မျပဳခဲ့ဘူးလို႔ သိရပါတယ္။ ယူႏိုက္တက္မွာ ေနာက္ထပ္ရွိေနတဲ့ ဂိုးသမားတစ္ဦးက အသက္ ၃၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ လီဂရန္႔ျဖစ္ၿပီး သူအေနနဲ႔ ကစားသ မားဘဝကို အနားယူႏိုင္တယ္လို႔ သိရပါတယ္။