နွေရာသီမှာ လူခေါ်ယူရန်အတွက် ချဲလ်ဆီးပစ်မှတ် ဒီကလန်ရိုက် ကို မဖြစ်မနေ ပေါင်သန်း ၇၀ နဲ့ ရောင်းချရဖွယ်ရှိနေတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းဟာ ကစားသမားအသစ်ခေါ်ယူရန်အတွက် ဒီကလန်ရိုက် ကို ရောင်းချသွားဖွယ်ရှိနေပါတယ်။ ဒီကလန်ရိုက်ဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဒေးဗစ်မိုယက်စ်ရဲ့ အသင်းကို တန်းဆင်းဇုန်က လွတ်မြောက်အောင် လုပ်ပေးခဲ့တဲ့ ကစားသမားတွေထဲမှာ အဓိက အခန်းအကဏ္ဍကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ဝက်စ်ဟမ်းအသင်းအတွက် ပရီးမီးယားလိဂ်ပွဲတိုင်း ပါဝင်ကစားထားပြီး ငယ်ဘဝကလပ်ဟောင်း ချဲလ်ဆီးအသင်းက ပေါင်သန်း ၇၀ နဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ဝက်စ်ဟမ်းအသင်းဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ဆက်လက်ထိန်းသိမ်းသွားချင်သော်လည်း ဒေးဗစ်မိုယက်စ်ရဲ့ အပြောင်းအရွှေ့ပစ်မှတ်တွေ အတွက် ရောင်းချသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

မိုယက်စ်ဟာ ချန်ပီယံရှစ်က အီဇီ နဲ့ ဘရန့်ဖိုဒ်က ဆက်ဘန်ရာမာ တို့ (၂) ယောက်စလုံးကို ခေါ်ယူချင်နေလို့ လန်ဇီနီ၊ ဖီလစ်ပီ အန်ဒါဆန် နဲ့ ဘယ်ဗွေနာ တို့ကိုလည်း ရောင်းချသွားဖွယ်ရှိနေပါတယ်။ လမ်းပတ်ရဲ့ အသင်းဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရလို့ ချဲလ်ဆီးအသင်းဟာ ခံစစ်အင်အားကို ဖြည့်တင်းရန်အတွက် ဒီကလန်ရိုက်စ်ကို ခေါ်ယူရန် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒီကလန်ရိုက်စ်ဟာ ချဲလ်ဆီးက မေဆန်မောင့် နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။

ေႏြရာသီမွာ လူေခၚယူရန္အတြက္ ခ်ဲလ္ဆီးပစ္မွတ္ ဒီကလန္ရိုက္ ကို မျဖစ္မေန ေပါင္သန္း ၇၀ နဲ႔ ေရာင္းခ်ရဖြယ္ရွိေနတဲ့ ၀က္စ္ဟမ္း

၀က္စ္ဟမ္းအသင္းဟာ ကစားသမားအသစ္ေခၚယူရန္အတြက္ ဒီကလန္ရိုက္ ကို ေရာင္းခ်သြားဖြယ္ရွိေနပါတယ္။ ဒီကလန္ရိုက္ဟာ ျပီးခဲ့တဲ့ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ေဒးဗစ္မိုယက္စ္ရဲ႕ အသင္းကို တန္းဆင္းဇုန္က လြတ္ေျမာက္ေအာင္ လုပ္ေပးခဲ့တဲ့ ကစားသမားေတြထဲမွာ အဓိက အခန္းအက႑ကေန ပါ၀င္ခဲ့သူ ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ၀က္စ္ဟမ္းအသင္းအတြက္ ပရီးမီးယားလိဂ္ပြဲတိုင္း ပါ၀င္ကစားထားျပီး ငယ္ဘ၀ကလပ္ေဟာင္း ခ်ဲလ္ဆီးအသင္းက ေပါင္သန္း ၇၀ နဲ႔ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။၀က္စ္ဟမး္အသင္းဟာ အဂၤလန္လက္ေရြးစင္ကစားသမားကို ဆက္လက္ထိန္းသိမ္းသြားခ်င္ေသာ္လည္း ေဒးဗစ္မိုယက္စ္ရဲ႕ အေျပာင္းအေရႊ႕ပစ္မွတ္ေတြ အတြက္ ေရာင္းခ်သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

မိုယက္စ္ဟာ ခ်န္ပီယံရွစ္က အီဇီ နဲ႔ ဘရန္႔ဖိုဒ္က ဆက္ဘန္ရာမာ တို႔ (၂) ေယာက္စလံုးကို ေခၚယူခ်င္ေနလို႔ လန္ဇီနီ၊ ဖီလစ္ပီ အန္ဒါဆန္ နဲ႔ ဘယ္ေဗြနာ တို႔ကိုလည္း ေရာင္းခ်သြားဖြယ္ရွိေနပါတယ္။ လမ္းပတ္ရဲ႕ အသင္းဟာ ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရလို႔ ခ်ဲလ္ဆီးအသင္းဟာ ခံစစ္အင္အားကို ျဖည့္တင္းရန္အတြက္ ဒီကလန္ရိုက္စ္ကို ေခၚယူရန္ ေရပန္းအစားဆံုး ျဖစ္ေနပါတယ္။ ဒီကလန္ရိုက္စ္ဟာ ခ်ဲလ္ဆီးက ေမဆန္ေမာင့္ နဲ႔ ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြ ျဖစ္ပါတယ္။