အိုလံပီယာကိုစ့် ဘယ်နောက်ခံလူ ဆီမီကက်စ် ကို ခေါ်ယူရန် စုံစမ်းနေတဲ့ လီဗာပူးလ် နဲ့ လက်စတာ အသင်း

လက်စတာ နဲ့ လီဗာပူးလ် အသင်းတို့ဟာ အိုလံပီယာကော့စ် ဘယ်နောက်ခံလူ ဆီမီကက်စ် ကို ခေါ်ယူရန် စုံစမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။လက်စတာအသင်းဟာ အသင်းက ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ချဲလ်ဆီး နဲ့ မန်စီးတီးအသင်းတို့ စိတ်ဝင်စားနေလို့ အသက် ၂၄ နှစ်အရွယ်ကစားသမားကို စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ နောဝစ်ချ် နောက်ခံလူ ဂျမဲလ်လီဝစ်ကို ကြားရက်က ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းလိုက်သော်လည်း ငြင်းပယ်ခြင်းခံလိုက်ရလို့ ဆီမီကက်စ်ကို ခေါ်ယူရန် ပစ်မှတ်ထားလာတာ လို့ သိရပါတယ်။

ဂရိလက်ရွေးစင်ကစားသမား ဆီမီကက်စ်ဟာ ကြာသပတေးနေ့က ဝုလ်ဗ် အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲမှာ အထင်ကြီး လေးစားခံခဲ့ရလို့ ချဲလ်ဆီး နဲ့ အဲဗာတန်အသင်းတို့ကတောင် မကြာသေးခင်က စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ အိုလံပီယာကိုစ့်အသင်းကလည်း ပေါင် ၁၂ သန်းလောက်ရရင် ရောင်းချသွားချင်နေပြီး စိန့်အက်တီယန် ကစားသမား မီဂွဲလ်ထရူကို ကို အစားထိုးဖို့ သတ်မှတ်ထားပြီးပါပြီ။

အိုလံပီယာကိုစ့္ ဘယ္ေနာက္ခံလူ ဆီမီကက္စ္ ကို ေခၚယူရန္ စုံစမ္းေနတဲ့ လီဗာပူးလ္ နဲ႔ လက္စတာ အသင္း

လက္စတာ နဲ႔ လီဗာပူးလ္ အသင္းတို႔ဟာ အိုလံပီယာေကာ့စ္ ဘယ္ေနာက္ခံလူ ဆီမီကက္စ္ ကို ေခၚယူရန္ စံုစမ္းေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။လက္စတာအသင္းဟာ အသင္းက ဘယ္ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္ကို ခ်ဲလ္ဆီး နဲ႔ မန္စီးတီးအသင္းတို႔ စိတ္၀င္စားေနလို႔ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားကို စိတ္၀င္စားလာတာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ေနာ၀စ္ခ်္ ေနာက္ခံလူ ဂ်မဲလ္လီ၀စ္ကို ၾကားရက္က ေပါင္ ၁၀ သန္းနဲ႔ ကမ္းလွမ္းလိုက္ေသာ္လည္း ျငင္းပယ္ျခင္းခံလိုက္ရလို႔ ဆီမီကက္စ္ကို ေခၚယူရန္ ပစ္မွတ္ထားလာတာ လို႔ သိရပါတယ္။

ဂရိလက္ေရြးစင္ကစားသမား ဆီမီကက္စ္ဟာ ၾကာသပေတးေန႔က ၀ုလ္ဗ္ အသင္းနဲ႔ ကစားခဲ့တဲ့ ယူရိုပါလိဂ္ ပြဲမွာ အထင္ၾကီး ေလးစားခံခဲ့ရလို႔ ခ်ဲလ္ဆီး နဲ႔ အဲဗာတန္အသင္းတို႔ကေတာင္ မၾကာေသးခင္က စိတ္၀င္စားလာခဲ့တာျဖစ္ပါတယ္။ အိုလံပီယာကိုစ့္အသင္းကလည္း ေပါင္ ၁၂ သန္းေလာက္ရရင္ ေရာင္းခ်သြားခ်င္ေနျပီး စိန္႔အက္တီယန္ ကစားသမား မီဂြဲလ္ထရူကို ကို အစားထိုးဖို႔ သတ္မွတ္ထားျပီးပါျပီ။