ပွဲကစားချိန် ပိုမရရင် အာဆင်နယ်အသင်းက ထွက်ခွာမယ်လို့ နည်းပြ အာတီတာ အတွက် ခေါင်းခဲရမယ့် စကားကို ပြောသွားတဲ့ ဂိုးသမား မာတီနက်ဇ်

အာဆင်နယ်ဂိုးသမား မာတီနက်ဇ်ဟာ သူဟာ အာဆင်နယ်အသင်းရဲ့ နံပါတ် (၁) ဂိုးသမား ဖြစ်သင့်တယ်လို့ ယုံကြည်ထားပြီး နောက်ရာသီမှာ ပွဲကစားချိန် လုံလုံလောက်လောက် မရပါက အသင်း က ထွက်ခွာသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ အသင်းက နံပါတ် (၁) ဂိုးသမား လီနို မတ်လ ကတည်းက ကာလရှည် ဒူးဒဏ်ရာ ရနေခဲ့တာဖြစ်လို့ အာဂျင်တီးနား ဂိုးသမားဟာ အသင်းအတွက် ပွဲကစားခွင့် ပုံမှန်ရရှိလာတာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ အာဆင်နယ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသထားပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း ချဲလ်ဆီးအသင်းကို အနိုင်ရအောင် ကူညီ စွမ်းဆောင်ပေးထားပါတယ်။ သို့သော်လည်း ဒဏ်ရာရနေတဲ့ လီနိုဟာ နောက်ရာသီမှာ ပြန်လည်ပါဝင်လာမှာ ဖြစ်လို့ မာတီနက်ဇ်ဟာ နည်းပြ အာတီတာ အတွက ်ခေါင်းခဲရမယ့် စကားကို ပြောသွားခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်က အာဂျင်တီးနား ရေဒီယို အစီအစဉ်ကို “ကျွန်တော် သူတို့ အတွက် ကစားပေးနိုင်တယ်ဆိုတာ အသင်းကို ပြသထားပါတယ်။ နောက်ရာသီမှာ ကျွန်တော့်အတွက် ကစားပွဲ ပိုရဖို့ လိုအပ်ပါတယ်။ အာဆင်နယ်အသင်းမှာ ဆက်နေဖို့က ဒါပဲ ရှိပါတယ်။ ကျွန်တော့်ရည်မှန်းချက်က အာဆင်နယ်အသင်းမှာ နေရာရလာပြီး အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရဖို့ပါ။ ဒါကို မရမချင်း ကျွန်တော် ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ အာဆင်နယ်အသင်းအတွက် မကစားရဘူးဆိုရင် သေချာတာက ထွက်ခွာသွားဖို့ပါပဲ” လို့ ပြောသွားခဲ့ပါတယ်။

မာတီနက်ဇ်ဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် (၉) ပွဲကစားပေးထားပြီး (၅) ပွဲအနိုင်ရကာ (၃) ပွဲ အဲ့ဒီ (၅) ပွဲမှာ (၃) ပွဲ ဂိုးမပေးရအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။ လီနို ဒဏ်ရာမရခင်တုန်းက အာဂျင်တီးနား ဂိုးသမားဟာ အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ် အုပ်စု အဆင့် ပွဲများ နဲ့ အခြား ဖလားတွေ စုစုပေါင်း (၆) ပွဲ ပါဝင်ကစားထားပါတယ်။သူဟာ အာဆင်နယ်အသင်းကို ၂၀၁၀ ခုနှစ်ကတည်းက ရောက်လာသူဖြစ်ပါတယ်။

ပြဲကစားခ်ိန္ ပိုမရရင္ အာဆင္နယ္အသင္းက ထြက္ခြာမယ္လို႔ နည္းျပ အာတီတာ အတြက္ ေခါင္းခဲရမယ့္ စကားကို ေျပာသြားတဲ့ ဂိုးသမား မာတီနက္ဇ္

အာဆင္နယ္ဂိုးသမား မာတီနက္ဇ္ဟာ သူဟာ အာဆင္နယ္အသင္းရဲ႕ နံပါတ္ (၁) ဂိုးသမား ျဖစ္သင့္တယ္လို႔ ယံုၾကည္ထားျပီး ေနာက္ရာသီမွာ ပြဲကစားခ်ိန္ လံုလံုေလာက္ေလာက္ မရပါက အသင္း က ထြက္ခြာသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။ အသင္းက နံပါတ္ (၁) ဂိုးသမား လီႏို မတ္လ ကတည္းက ကာလရွည္ ဒူးဒဏ္ရာ ရေနခဲ့တာျဖစ္လို႔ အာဂ်င္တီးနား ဂိုးသမားဟာ အသင္းအတြက္ ပြဲကစားခြင့္ ပံုမွန္ရရွိလာတာ ျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ဂိုးသမားဟာ အာဆင္နယ္အသင္းအတြက္ စြမး္ေဆာင္ရည္ေကာင္းေတြ ျပသထားျပီး အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာလည္း ခ်ဲလ္ဆီးအသင္းကို အႏိုင္ရေအာင္ ကူညီ စြမး္ေဆာင္ေပးထားပါတယ္။ သို႔ေသာ္လည္း ဒဏ္ရာရေနတဲ့ လီႏိုဟာ ေနာက္ရာသီမွာ ျပန္္လည္ပါ၀င္လာမွာ ျဖစ္လို႔ မာတီနက္ဇ္ဟာ နည္းျပ အာတီတာ အတြက ္ေခါင္းခဲရမယ့္ စကားကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

မာတီနက္ဇ္က အာဂ်င္တီးနား ေရဒီယို အစီအစဥ္ကို “ကၽြန္ေတာ္ သူတို႔ အတြက္ ကစားေပးနိုင္တယ္ဆိုတာ အသင္းကို ျပသထားပါတယ္။ ေနာက္ရာသီမွာ ကၽြန္ေတာ့္အတြက္ ကစားပြဲ ပိုရဖို႔ လိုအပ္ပါတယ္။ အာဆင္နယ္အသင္းမွာ ဆက္ေနဖို႔က ဒါပဲ ရွိပါတယ္။ ကၽြန္ေတာ့္ရည္မွန္းခ်က္က အာဆင္နယ္အသင္းမွာ ေနရာရလာျပီး အာဂ်င္တီးနား လက္ေရြးစင္အသင္းအတြက္ ကစားခြင့္ရဖို႔ပါ။ ဒါကို မရမခ်င္း ကၽြန္ေတာ္ ရပ္တန္႔သြားမွာ မဟုတ္ပါဘူး။ အာဆင္နယ္အသင္းအတြက္ မကစားရဘူးဆိုရင္ ေသခ်ာတာက ထြက္ခြာသြားဖို႔ပါပဲ” လို႔ ေျပာသြားခဲ့ပါတယ္။

မာတီနက္ဇ္ဟာ အာဆင္နယ္အသင္းအတြက္ ပရီးမီးယားလိဂ္ (၉) ပြဲကစားေပးထားျပီး (၅) ပြဲအႏိုင္ရကာ (၃) ပြဲ အဲ့ဒီ (၅) ပြဲမွာ (၃) ပြဲ ဂိုးမေပးရေအာင္ စြမ္းေဆာင္ေပးထားသူျဖစ္ပါတယ္။ လီႏို ဒဏ္ရာမရခင္တုန္းက အာဂ်င္တီးနား ဂိုးသမားဟာ အာဆင္နယ္အသင္းရဲ႕ ယူရိုပါလိဂ္ အုပ္စု အဆင့္ ပြဲမ်ား နဲ႔ အျခား ဖလားေတြ စုစုေပါင္း (၆) ပြဲ ပါ၀င္ကစားထားပါတယ္။သူဟာ အာဆင္နယ္အသင္းကို ၂၀၁၀ ခုႏွစ္ကတည္းက ေရာက္လာသူျဖစ္ပါတယ္။