လီဗာပူးလ် နဲ့ အပြိုင် ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူရန် မျှော်လင့်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးလ် အသင်းက စိတ်ဝင်စားနေတဲ့ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက် ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီရာသီ မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သော်လည်း ခံစစ်က ထိပ်သီး (၄) သင်းထဲမှာ ဂိုးပေးခံရတာ အများဆုံး အသင်းလို့ နောက်တန်းကို ပြန်လည်တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။ စနေနေ့က ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲမှာလည်း အဝေးကွင်းမှာ (၄-၁) နဲ့ ရှုံးနိမ့်ခဲ့ရပြီး နှစ်ကျော့ပေါင်း (၇-၁) နဲ့ ဂိုးပြတ်ရှုံးခဲ့ရပါတယ်။

လမ်းပတ်ဟာ လက်ရှိမှာ ဘရိုက်တန်ကနေ လိဒ်ယူနိုက်တက်အသင်းမှာ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ ကစားခဲ့တဲ့ ဘန်ဝှိုက်ကို အာရုံစိုက်နေတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကလည်း အသင်းက လိုဗရန် ဇင်းနစ်ကို ပေါင် ၁၁ သန်း နဲ့ ပြောင်းသွားလို့ အသက် ၂၂ နှစ်အရွယ်ကစားသမားကို စိတ်ဝင်စားနေပြီး ယာဂင်ကလော့ပ်ဟာ ဗန်ဒိုက်ချ် ၊ ဂိုးမက်ဇ် နဲ့ မာတစ်ပ် တို့အတွက် အရန်အင်အားအဖြစ် ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

The Sun က အဆိုအရ ချဲလ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းနဲ့ အပြိုင် ဘန်ဝှိုက်ကို ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီရာသီမှာ တီမိုဝါနာ နဲ့ ဇီယက် တို့အတွက် ပေါင် သန်း ၉၀ လောက် သုံးထားပြီး ပြီ ဖြစ်တဲ့ ချဲလ်ဆီးအသင်းဟာ လေဗာကူဆင်က ကိုင်ဟာဗက်ဇ် အတွက်လည်း နောက်ထပ် ပေါင်သန်း ၉၀ လောက် ကုန်ကျဖွယ်ရှိနေလို့ အသင်းက ကစားသမားတွေလည်း ရောင်းချရန် လိုအပ်နေပါတယ်။ သတင်းများအရ ချဲလ်ဆီးအသင်းဟာ ရူဒီဂါ ကို ရောင်းချမယ့် စာရင်းထဲ ထည့်ထားပြီး ခရစ်တန်ဆန် နဲ့ ဇူးမားတို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

လီဗာပူးလ္ နဲ႔ အျပိဳင္ ဘရိုက္တန္ေနာက္ခံလူ ဘန္၀ိႈက္ကို ေပါင္သန္း ၂၀ နဲ႔ ေခၚယူရန္ ေမွ်ာ္လင့္ေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ျပိဳင္ဘက္ လီဗာပူးလ္ အသင္းက စိတ္၀င္စားေနတဲ႔ ဘရိုက္တန္ေနာက္ခံလူ ဘန္၀ိႈက္ ကို စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီ မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရခဲ့ေသာ္လည္း ခံစစ္က ထိပ္သီး (၄) သင္းထဲမွာ ဂိုးေပးခံရတာ အမ်ားဆံုး အသင္းလို႔ ေနာက္တန္းကို ျပန္လည္တည္ေဆာက္ခ်င္ေနတာ ျဖစ္ပါတယ္။ စေနေန႔က ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ (၁၆) သင္းအဆင့္ ဒုတိယအေက်ာ့ပြဲမွာလည္း အေ၀းကြင္းမွာ (၄-၁) နဲ႔ ရႈံးနိမ့္ခဲ့ရျပီး ႏွစ္ေက်ာ့ေပါင္း (၇-၁) နဲ႔ ဂိုးျပတ္ရႈံးခဲ့ရပါတယ္။

လမ္းပတ္ဟာ လက္ရွိမွာ ဘရိုက္တန္ကေန လိဒ္ယူႏိုက္တက္အသင္းမွာ ျပီးခဲ့တဲ့ရာသီက အငွားနဲ႔ ကစားခဲ့တဲ့ ဘန္၀ိႈက္ကို အာရံုစိုက္ေနတာ ျဖစ္ပါတယ္။ လီဗာပူးလ္အသင္းကလည္း အသင္းက လိုဗရန္ ဇင္းနစ္ကို ေပါင္ ၁၁ သန္း နဲ႔ ေျပာင္းသြားလို႔ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားကို စိတ္၀င္စားေနျပီး ယာဂင္ကေလာ့ပ္ဟာ ဗန္ဒိုက္ခ်္ ၊ ဂိုးမက္ဇ္ နဲ႔ မာတစ္ပ္ တို႔အတြက္ အရန္အင္အားအျဖစ္ ေခၚယူလိုေနတယ္လို႔ သိရပါတယ္။

The Sun က အဆိုအရ ခ်ဲလ္ဆီးအသင္းဟာ လီဗာပူးလ္အသင္းနဲ႔ အျပိဳင္ ဘန္၀ိႈက္ကို ေပါင္သန္း ၂၀ နဲ႔ ကမ္းလွမ္းရန္ အဆင္သင့္ျဖစ္ေနတာ ျဖစ္ပါတယ္။ ဒီရာသီမွာ တီမို၀ါနာ နဲ႔ ဇီယက္ တို႔အတြက္ ေပါင္ သန္း ၉၀ ေလာက္ သံုးထားျပီး ျပီ ျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းဟာ ေလဗာကူဆင္က ကိုင္ဟာဗက္ဇ္ အတြက္လည္း ေနာက္ထပ္ ေပါင္သန္း ၉၀ ေလာက္ ကုန္က်ဖြယ္ရွိေနလို႔ အသင္းက ကစားသမားေတြလည္း ေရာင္းခ်ရန္ လိုအပ္ေနပါတယ္။ သတင္းမ်ားအရ ခ်ဲလ္ဆီးအသင္းဟာ ရူဒီဂါ ကို ေရာင္းခ်မယ့္ စာရင္းထဲ ထည့္ထားျပီး ခရစ္တန္ဆန္ နဲ႔ ဇူးမားတို႔လည္း ပါ၀င္ေနတာ ျဖစ္ပါတယ္။