ဘယ်သူ့ကို မှ အပြစ်တင်စရာမရှိဘူးလို့ အသင်းဖော်ဗာရန်းကို အပြစ်တင်ရန် ငြင်းဆန်သွားခဲ့တဲ့ ကွင်းလယ်ကစားသမား တိုနီကရူးစ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား တိုနီကရူးစ်က နောက်ခံလူ ဗာရန်းရဲ့ အမှားတွေကြောင့် မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် အသင်းဖော်တွေကို ဝေဖန်အပြစ်တင်ရန် ငြင်းဆန်သွားခဲ့ပါတယ်။ ပထမအကျော့ ဘာနေဗျူးမျာ ရှုံးပွဲတွေ့ကြုံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲချိန်အစောပိုင်းမှာ ကတည်းက နောက်ခံလူ ဗာရန်းရဲ့ အမှားကြောင့် ဂါဘရီရယ်ဂျေးဆု က အခွင့်အရေးတွေ ရယူသွားခဲ့တာဖြစ်ပါတယ်။

ဗဟိုနောက်ခံလူကို ဝေဖန်ရန် ငြင်းဆန်ခဲ့သော်လည်း တိုနီကရူးစ်က ချန်ပီယံလိဂ်က ထွက်ခဲ့ရတာဟာ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ကြောင့် ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ပွဲအပြီးမှာတော့ နောက်ခံလူ ဗာရန်းက အမှားတွေအတွက် အပြည့်အဝတာဝန်ယူမယ်လို့ ဝန်ခံပြောသွားခဲ့ပေမယ့် တိုနီကရူးစ်က ပြင်သစ်လက်ရွေးစင်ကစားသမားကို အပြစ်တင်ရန် ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပထမပိုင်းမှာကတည်းက ကောင်းကောင်းမကစားနိုင်ခဲ့တာပါ။ ပြီးတော့ ဂိုးတွေ အလွယ်တကူ ပေးခဲ့ရပါတယ်။ အဲ့ဒါတွေပြီးတဲ့နောက်မှာတော့ ပွဲကို ပြောင်းလဲဖို့ ခက်ခဲသွားပြီ။ ရာဖာ က ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်ပေးထားသူတစ်ယောက်ဖြစ်ပါတယ်။ ဘာအပြစ်တင်စရာမှာ မရှိပါဘူး” တိုနီကရူးစ်က သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဥရောပမှာ သွင်းဂိုးအများဆုံး (၁၄၈) ဂိုးအထိ သွင်းယူထားတဲ့ မန်စီးတီးအသင်းကိုမှ ဗာရန်းဟာ အမှားအယွင်းတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရသွားပြီးနောက် မန်စီးတီးအသင်းဟာ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ပထမအမှားက အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပင်နယ်တီ ဧရိယာထဲမှာ မပြတ်မသားလုပ်နေလို့ မန်စီးတီး တိုက်စစ်မှူး ဂါဘရီရယ်ဂျေးဆုက လုယူသွားပြီး စတာလင်က သွင်းယူသွားတာဖြစ်ပါတယ်။

အဲ့ဒီနောက် ဘင်ဇီမာက ချေပဂိုး (၁) ဂိုးသွင်းပေးခဲ့ပေမယ့် ဗာရန်းက နောက်တစ်ခါ အမှားထပ်လုပ်သွားခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဗာရန်းဟာ ကော်တိုအာကို ခေါင်းတိုက်ပြန်ပေးခဲ့ရာမှာ အရမ်းကို နီးကပ်နေပြီး ဂါဘရီရယ်ဂျေးဆုက ပဲ ထောင့်ကျဉ်းအသာအယာသွင်းသွားခဲ့တာဖြစ်ပါတယ်။

ဘယ္သူ႔ကို မွ အျပစ္တင္စရာမရွိဘူးလို႔ အသင္းေဖာ္ဗာရန္းကို အျပစ္တင္ရန္ ျငင္းဆန္သြားခဲ့တဲ့ ကြင္းလယ္ကစားသမား တုိနီကရူးစ္

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမား တုိနီကရူးစ္က ေနာက္ခံလူ ဗာရန္းရဲ႕ အမွားေတြေၾကာင့္ မန္စီးတီးကို ရႈံးနိမ့္ျပီးေနာက္ အသင္းေဖာ္ေတြကို ေ၀ဖန္အျပစ္တင္ရန္ ျငင္းဆန္သြားခဲ့ပါတယ္။ ပထမအေက်ာ့ ဘာေနဗ်ဴးမ်ာ ရႈံးပြဲေတြ႕ၾကံဳခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ပြဲခ်ိန္အေစာပိုင္းမွာ ကတည္းက ေနာက္ခံလူ ဗာရန္းရဲ႕ အမွားေၾကာင့္ ဂါဘရီရယ္ေဂ်းဆု က အခြင့္အေရးေတြ ရယူသြားခဲ့တာျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူကို ေ၀ဖန္ရန္ ျငင္းဆန္ခဲ့ေသာ္လည္း တိုနီကရူးစ္က ခ်န္ပီယံလိဂ္က ထြက္ခဲ့ရတာဟာ တစ္သင္းလံုးရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ပြဲအျပီးမွာေတာ့ ေနာက္ခံလူ ဗာရန္းက အမွားေတြအတြက္ အျပည့္အ၀တာ၀န္ယူမယ္လို႔ ၀န္ခံေျပာသြားခဲ့ေပမယ့္ တိုနီကရူးစ္က ျပင္သစ္လက္ေရြးစင္ကစားသမားကို အျပစ္တင္ရန္ ျငင္းဆန္သြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ပထမပိုင္းမွာကတည္းက ေကာင္းေကာင္းမကစားႏိုင္ခဲ့တာပါ။ ျပီးေတာ့ ဂိုးေတြ အလြယ္တကူ ေပးခဲ့ရပါတယ္။ အဲ့ဒါေတြျပီးတဲ့ေနာက္မွာေတာ့ ပြဲကို ေျပာင္းလဲဖို႔ ခက္ခဲသြားျပီ။ ရာဖာ က ဒီရာသီမွာ အေကာင္းဆံုး စြမ္းေဆာင္ေပးထားသူတစ္ေယာက္ျဖစ္ပါတယ္။ ဘာအျပစ္တင္စရာမွာ မရွိပါဘူး” တုိနီကရူးစ္က သတင္းေထာက္မ်ားကို ေျပာသြားခဲ့ပါတယ္။

ျပီးခဲ့တဲ့ ရာသီက ဥေရာပမွာ သြင္းဂိုးအမ်ားဆံုး (၁၄၈) ဂိုးအထိ သြင္းယူထားတဲ့ မန္စီးတီးအသင္းကိုမွ ဗာရန္းဟာ အမွားအယြင္းေတြ လုပ္ခဲ့တာ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ကို အႏိုင္ရသြားျပီးေနာက္ မန္စီးတီးအသင္းဟာ ကြာတားဖိုင္နယ္ကို တက္လွမ္းသြားႏိုင္ခဲ့ပါတယ္။ ပထမအမွားက အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ပင္နယ္တီ ဧရိယာထဲမွာ မျပတ္မသားလုပ္ေနလို႔ မန္စီးတီး တိုက္စစ္မွဴး ဂါဘရီရယ္ေဂ်းဆုက လုယူသြားျပီး စတာလင္က သြင္းယူသြားတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဘင္ဇီမာက ေခ်ပဂိုး (၁) ဂိုးသြင္းေပးခဲ့ေပမယ့္ ဗာရန္းက ေနာက္တစ္ခါ အမွားထပ္လုပ္သြားခဲ့ပါတယ္။ ဒီတစ္ခါမွာေတာ့ ဗာရန္းဟာ ေကာ္တိုအာကို ေခါင္းတိုက္ျပန္ေပးခဲ့ရာမွာ အရမ္းကို နီးကပ္ေနျပီး ဂါဘရီရယ္ေဂ်းဆုက ပဲ ေထာင့္က်ဥ္းအသာအယာသြင္းသြားခဲ့တာျဖစ္ပါတယ္။