မန်စီးတီးအသင်းကို နှုတ်ဆက်ပြီးနောက် လာဇီယို အသင်းကို ရောက်ဖို့ နီးစပ်နေတဲ့ ဒေးဗစ်ဆေးလ်ဗား

ဒေးဗစ်ဆေးလ်ဗားဟာ လာဇီယိုအသင်းနဲ့ (၃) နှစ်စာချုပ်ချုပ်တော့မယ်လို့ တနလာၤနေ့က သတင်းများ ထွက်ပေါ်လာပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲပြီးတာ နဲ့ ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စပိန်ကစားသမားကို မေဂျာလိဂ် နဲ့ စပိန်က ကမ်းလှမ်းမှုတွေ ရှိထားပေမယ့် အီတလီက သတင်းများအရ အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ နောက်တစ်ပတ်မှာ လာဇီယို ကစားသမား အဖြစ် ကြေညာဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒေးဗစ်ဆေးလ်ဗားရဲ့ အဖေဖြစ်သူ ဖာနန်ဒိုဟာ အရင်တုန်းက သူ့သားဖြစ်သူဟာ စီးရီးအေကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။ သူက “သူ အီတလီ လိဂ်ကို ကြိုက်နှစ်သက်ပြီး အီတလီမှာ ကစားရတာ ကို ပျော်ရွှင်မယ်ဆိုတာကျွန်တော် အတည်ပြုနိုင်ပါတယ်။ သူ အသက် ၄၀ အရွယ်အထိ ကစားနိုင်တယ်လို့ ကျွန်တော့်ကို ပြောခဲ့ဖူးပါတယ်။ အခုလက်ရှိ အခြားက ကမ်းလှမ်းမှုတွေလည်း ရှိထားပြီး သူဆုံးဖြတ်သွားမှာပါ။ သူ လာဇီယိုကို ပြောင်းမယ်ဆိုရင် ကျွန်တော်လည်း ကြိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အတွက ်ကြီးမားတဲ့ အခွင့်အရေးရှိလို့ပါ” လို့ EL Transisto ကို ပြောသွားခဲ့ပါတယ်။

လာဇီယိုအသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပြီးနောက် အသင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်တော့မှာ ဖြစ်ပါတယ်။အသင်းဟာ စီးရီးအေ အမှတ်ပေးဖလားကိုလည်း ပြီးခဲ့တဲ့ရာသီက စိန်ခေါ်ခဲ့တာဖြစ်ပြီး အသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ အင်မိုဘလီဟာလည်း (၃၅) ဂိုးနဲ့ စီးရီးအေ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပြီး ဥရောပ ရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒေးဗစ်ဆေးလ်ဗားဟာ အသင်းက မထွက်ခွာမီ ချန်ပီယံလိဂ်ဖလားကို မန်စီးတီးအသင်းနဲ့ အတူ ရယူသွားချင်နေတာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းဟာ သောကြာနေ့က ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့ပြီးနောက် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းကစားမယ့် ချန်ပီယံလိဂ်ပွဲတွေကို ပေါ်တူဂီမှာ ကစားမှာ ဖြစ်လို့ အဆိုပါ ပွဲဟာ ဒေးဗစ်ဆေးလ်ဗားရဲ့ အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံးပွဲဖြစ်ပါတယ်။

မန္စီးတီးအသင္းကို ႏႈတ္ဆက္ျပီးေနာက္ လာဇီယို အသင္းကို ေရာက္ဖို႔ နီးစပ္ေနတဲ့ ေဒးဗစ္ေဆးလ္ဗား

ေဒးဗစ္ေဆးလ္ဗားဟာ လာဇီယိုအသင္းန႔ဲ (၃) ႏွစ္စာခ်ဳပ္ခ်ဳပ္ေတာ့မယ္လို႔ တနလာၤေန႔က သတင္းမ်ား ထြက္ေပၚလာပါတယ္။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲျပီးတာ နဲ႔ ေဒးဗစ္ေဆးလ္ဗားဟာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမွာ ျဖစ္ပါတယ္။ စပိန္ကစားသမားကို ေမဂ်ာလိဂ္ နဲ႔ စပိန္က ကမ္းလွမ္းမႈေတြ ရွိထားေပမယ့္ အီတလီက သတင္းမ်ားအရ အသက္ ၃၄ ႏွစ္အရြယ္ကစားသမားဟာ ေနာက္တစ္ပတ္မွာ လာဇီယုိ ကစားသမား အျဖစ္ ေၾကညာဖြယ္ရွိတယ္လို႔ သိရပါတယ္။

ေဒးဗစ္ေဆးလ္ဗားရဲ႕ အေဖျဖစ္သူ ဖာနန္ဒိုဟာ အရင္တုန္းက သူ႔သားျဖစ္သူဟာ စီးရီးေအကို ေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးတာ ျဖစ္ပါတယ္။ သူက “သူ အီတလီ လိဂ္ကို ၾကိဳက္ႏွစ္သက္ျပီး အီတလီမွာ ကစားရတာ ကို ေပ်ာ္ရႊင္မယ္ဆိုတာကၽြန္ေတာ္ အတည္ျပဳႏိုင္ပါတယ္။ သူ အသက္ ၄၀ အရြယ္အထိ ကစားႏိုင္တယ္လို႔ ကၽြန္ေတာ့္ကို ေျပာခဲ့ဖူးပါတယ္။ အခုလက္ရွိ အျခားက ကမ္းလွမ္းမႈေတြလည္း ရွိထားျပီး သူဆံုးျဖတ္သြားမွာပါ။ သူ လာဇီယိုကို ေျပာင္းမယ္ဆိုရင္ ကၽြန္ေတာ္လည္း ၾကိဳက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔အတြက ္ၾကီးမားတဲ့ အခြင့္အေရးရွိလို႔ပါ” လို႔ EL Transisto ကို ေျပာသြားခဲ့ပါတယ္။

လာဇီယိုအသင္းဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိျပီးေနာက္ အသင္းကို အင္အားျဖည့္တင္းမႈေတြ လုပ္ေတာ့မွာ ျဖစ္ပါတယ္။အသင္းဟာ စီးရီးေအ အမွတ္ေပးဖလားကိုလည္း ျပီးခဲ့တဲ့ရာသီက စိန္ေခၚခဲ့တာျဖစ္ျပီး အသင္းရဲ႕ တိုက္စစ္မွဴးျဖစ္တဲ့ အင္မိုဘလီဟာလည္း (၃၅) ဂိုးနဲ႔ စီးရီးေအ ဂိုးသြင္းဘုရင္ျဖစ္ခဲ့ျပီး ဥေရာပ ေရႊဖိနပ္ဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ေဒးဗစ္ေဆးလ္ဗားဟာ အသင္းက မထြက္ခြာမီ ခ်န္ပီယံလိဂ္ဖလားကို မန္စီးတီးအသင္းနဲ႔ အတူ ရယူသြားခ်င္ေနတာျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕ အသင္းဟာ ေသာၾကာေန႔က ရီးရဲလ္မက္ဒရစ္ကို အႏိုင္ရခဲ့ျပီးေနာက္ ကြာတားဖိုင္နယ္ကို တက္လွမ္းႏို္င္ခဲ့ပါတယ္။ ေနာက္ပိုင္းကစားမယ့္ ခ်န္ပီယံလိဂ္ပြဲေတြကို ေပၚတူဂီမွာ ကစားမွာ ျဖစ္လို႔ အဆိုပါ ပြဲဟာ ေဒးဗစ္ေဆးလ္ဗားရဲ႕ အီတီဟတ္ကြင္းမွာ ကစားခဲ့တဲ့ ေနာက္ဆံုးပြဲျဖစ္ပါတယ္။