ဝီလီယံကို ထွက်ခွာခွင့်ပေးမယ့် ချဲလ်ဆီးအသင်းရဲ့ လုပ်ရပ်ကို မယုံနိုင်ဘူးလို့ ဆိုလိုက်တဲ့ အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က ချဲလ်ဆီးအသင်းအနေနဲ့ အသက် (၃၁) နှစ်အရွယ် ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးလိုက်တဲ့အပေါ် ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ စာချုပ်သက်တမ်း (၃) နှစ်ချုပ်ဆိုနေတာဖြစ်ပြီး အာဆင်နယ်အသင်းက အဆိုပါ (၃) နှစ် နဲ့ တစ်ပတ်ပေါင် (၁) သိန်း လစာ နဲ့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

စကိုင်းစပေါ့မှာ ဘောလုံးပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်မာဆင်ဟာ အသင်းဟောင်း အာဆင်နယ်အနေနဲ့ ဒီနွေရာသီရဲ့ အကြီးမားဆုံး အပြောင်းအရွှေ့ တစ်ခုအတွက် ဝမ်းသာနေပေမယ့် ချဲလ်ဆီးအသင်းရဲ့ လုပ်ရပ်အတွက် အံ့အားသင့်ခဲ့ရပါတယ်။

သူက “ဝီလီယံကို လက်မှတ်ထိုးခေါ်ယူလိုက်မယ်ဆိုရင် အာဆင်နယ်အသင်းအတွက် အရမ်းကောင်းမှာပါ။ ဝီလီယံဟာ ထူးခြားတဲ့ ကစားသမားတစ်ယောက်ဖြစ်နေဆဲလို့ ကျွန်တော်ထင်ပါတယ်။

ချဲလ်ဆီးအသင်းက သူ့ကို ထွက်ခွာခွင့်ပေးမယ်ဆိုတာကို ကျွန်တော် မယုံနိုင်ပါဘူး။ သူဟာ အသက် ၃၁ နှစ်ရှိရှိနေတာဖြစ်ပေမယ့် (၃) နှစ်စာချုပ်ချင်နေပါတယ်။ အခုအချိန်အထိ သူဟာ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ ဘယ်နည်းပြကမှ (၃) နှစ်တွေ (၄) နှစ်တွေ စဉ်းစားနေမှာ မဟုတ်ပါဘူး။ သူတို့က ရလဒ်ပဲ လိုချင်တာပါ။ လမ်းပတ်က သူ့ကို မသွားစေချင်တာ မဆန်းပါဘူး။ အာတီတာကလည်း အာဆင်နယ်နည်းပြအဖြစ် အမြဲတမ်း ရှိနေမှာ မဟုတ်ပါဘူး။ သူအနေနဲ့ နိုင်ပွဲတွေ လိုအပ်ပါတယ်။ ဝီလီယံ က သူ့ကို ကူညီမှာပါ” လို့ Daily Star မှာ ရေးသားသွားခဲ့တာဖြစ်ပါတယ်။