နံပါတ် (၁) ဂိုးသမား နေရာအတွက် နာပိုလီ ဂိုးသမား အဲလက်စ်မဲရက် ကို မျက်စိကျနေတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ အသင်းက ဒီဂီယာ ဒါမှမဟုတ် ဟန်ဒါဆန် တို့ ထဲက တစ်ယောက်ယောက်ထွက်ခွာသွားပါက နာပိုလီ ဂိုးသမား အဲလက်စ်မဲရက်ကို ခေါ်ယူသွားဖွ်ယရှိနေပါတယ်။အသက် ၂၉ နှစ်အရွယ် ဂိုးသမား ဒီဂီယာဟာ မကြာခဏ အမှားများစွာ ပြုလုပ်နေပြီး အသက် ၂၃ နှစ်အရွယ် ဂိုးသမား ဟန်ဒါဆန် ကိုလည်း နံပါတ် (၁) ဂိုးသမား နေရာပေးဖို့ အချိန်မတန်သေးဘူးလို့ သတ်မှတ်နေတာကြောင့် ယူနိုက်တက်အသင်းဟာ အသက် ၂၃ နှစ်အရွယ် အဲလက်စ်မဲရက် ကို စောင့်ကြည့်နေတယ်လို့ ESPN က အဆိုအရ သိရတာဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားဟာ ဒီဂီယာကို အိုးထရက်ဖိုဒ့်ရဲ့ နံပါတ် (၁) ဂိုးသမားအဖြစ် သတ်မှတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဟန်ဒါဆန် ကို ရှက်ဖီးယူနိုက်တက်အသင်းဆီမှာပဲ ထပ်ပြီး အငှားချသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ အသင်းက အရန် ဂိုးသမားဖြစ်တဲ့ ရိုမဲရိုးကတော့ အရန်အဖြစ် ဆက်လက်ရှိနေမှာပါ။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အဆိုပါ ဂိုးသမား (၃) ယောက်ထဲက တစ်ယောက်ထွက်ခွာပါက အဲလက်စ်မဲရက်ကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

အီတလီ ဂိုးသမားဟာ အသက် ၁၆ နှစ်အောက် လက်ရွေးစင်အသင်းမှာ ပွဲတိုင်းနီးပါး ပါဝင်ကစားထားပါတယ်။ အဲလက်စ်မဲရက်ဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလက အီတလီ လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပါတယ်။ သူဟာ အာမေးနီးယားအသင်းကို (၉-၁) နဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ အရန်ခုံကနေ ပွဲကစားခွင့်ရခဲ့ပါတယ်။

နံပါတ္ (၁) ဂိုးသမား ေနရာအတြက္ နာပိုလီ ဂိုးသမား အဲလက္စ္မဲရက္ ကို မ်က္စိက်ေနတဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ဒီေႏြရာသီမွာ အသင္းက ဒီဂီယာ ဒါမွမဟုတ္ ဟန္ဒါဆန္ တို႔ ထဲက တစ္ေယာက္ေယာက္ထြက္ခြာသြားပါက နာပိုလီ ဂိုးသမား အဲလက္စ္မဲရက္ကို ေခၚယူသြားဖြ္ယရွိေနပါတယ္။အသက္ ၂၉ ႏွစ္အရြယ္ ဂိုးသမား ဒီဂီယာဟာ မၾကာခဏ အမွားမ်ားစြာ ျပဳလုပ္ေနျပီး အသက္ ၂၃ ႏွစ္အရြယ္ ဂိုးသမား ဟန္ဒါဆန္ ကိုလည္း နံပါတ္ (၁) ဂိုးသမား ေနရာေပးဖို႔ အခ်ိန္မတန္ေသးဘူးလို႔ သတ္မွတ္ေနတာေၾကာင့္ ယူႏုိက္တက္အသင္းဟာ အသက္ ၂၃ ႏွစ္အရြယ္ အဲလက္စ္မဲရက္ ကို ေစာင့္ၾကည့္ေနတယ္လို႔ ESPN က အဆိုအရ သိရတာျဖစ္ပါတယ္။

နည္းျပ ဆိုးလ္ရွားဟာ ဒီဂီယာကို အိုးထရက္ဖိုဒ့္ရဲ႕ နံပါတ္ (၁) ဂိုးသမားအျဖစ္ သတ္မွတ္ထားဆဲျဖစ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ယူႏုိက္တက္အသင္းဟာ ဟန္ဒါဆန္ ကို ရွက္ဖီးယူႏိုက္တက္အသင္းဆီမွာပဲ ထပ္ျပီး အငွားခ်သြားဖြယ္ရွိေနတာျဖစ္ပါတယ္။ အသင္းက အရန္ ဂိုးသမားျဖစ္တဲ့ ရိုမဲရိုးကေတာ့ အရန္အျဖစ္ ဆက္လက္ရွိေနမွာပါ။ ယူႏိုက္တက္နည္းျပ ဆုိးလ္ရွားဟာ အဆုိပါ ဂိုးသမား (၃) ေယာက္ထဲက တစ္ေယာက္ထြက္ခြာပါက အဲလက္စ္မဲရက္ကို ေခၚယူသြားမွာ ျဖစ္ပါတယ္။

အီတလီ ဂိုးသမားဟာ အသက္ ၁၆ ႏွစ္ေအာက္ လက္ေရြးစင္အသင္းမွာ ပြဲတိုင္းနီးပါး ပါ၀င္ကစားထားပါတယ္။ အဲလက္စ္မဲရက္ဟာ ျပီးခဲ့တဲ့ ႏွစ္ ႏို၀င္ဘာလက အီတလီ လက္ေရြးစင္အသင္းၾကီးအတြက္ ပထမဆံုး ပြဲထြက္ခြင့္ရခဲ့သူျဖစ္ပါတယ္။ သူဟာ အာေမးနီးယားအသင္းကို (၉-၁) နဲ႔ အႏိုင္ရခဲ့တဲ့ ယူရို ၂၀၂၀ ေျခစစ္ပြဲမွာ အရန္ခံုကေန ပြဲကစားခြင့္ရခဲ့ပါတယ္။