ဆန်ချိုရဲ့ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကို အဘက်ဘက်ကအသာရအောင်လုပ်ဆောင်ထားနိုင်တဲ့ ဒေါ့မွန်

ယူနိုက်တက်အနေနဲ့ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူဖို့ အတွက် အစောပိုင်းကတည်းက လှုပ်ဆောင်နေတာ ဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုတွေတောင်ရရှိခဲ့ပြီလို့ သတင်းတွေမှာဖော်ပြကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ ယူနိုက်တက်အနေနဲ့ ဆန်ချိုကို တရားဝင်ခေါ်ယူနိုင်ခဲ့ခြင်းမရှိသေးဘဲ ကလပ်အသင်းနှစ်သင်းကြား မှာ ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ သူတို့ရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဆန်ချိုကို ဆက်ထိန်းထားချင်ပေမယ့် ကစား သမားက အင်္ဂလန်ကိုပြန်ဖို့ ဆန္ဒရှိနေတာကြောင့် ရောင်းချမှာဖြစ်ပေမယ့် ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးကို ပေါင် ၁၀၈ သန်းအ ဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဂျာမန်သတင်းစာတစ်စောင်ဖြစ်တဲ့ BILD ကတော့ ဒေါ့မွန်အနေနဲ့ ဒီလိုလုပ်ဆောင်တာဟာ ယူနိုက် တက်ကို နှစ်ခါအသာရအောင် လုပ်ဆောင်လိုက်သလိုမျိုးဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

တစ်ကမ္ဘာ့လုံးဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးအသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေးစရိတ်တွေအများကြီး အသုံးပြုနိုင်ဖို့ မရှိတဲ့အချိန်မှာ ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးက မြင့်မားနေတာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဆန်ချို ကိုခေါ်ယူဖို့လုပ်ဆောင်နေပေမယ့် ပြောင်းရွှေ့ကြေးအဖြစ် ကနဦးမှာ ပေါင် ၆၈ သန်းသာပေးချေလိုနေပြီးကျန်ပေါင် သန်း ၄၀ ကိုအရစ်ကျပေးချေဖို့ အလိုရှိနေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ့မွန်ဘက်က ဆန်ချိုကိုရောင်းချရာမှာ ပြောင်းရွှေ့ကြေးကို တစ်ကြိမ်တည်းရယူချင်တယ်လို့ ပြောကြားခဲ့တာ ကြောင့် ယူနိုက်တက်အနေနဲ့ ခေါ်ယူနိုင်ဖို့ အခက်တွေ့နေတာဖြစ်ပါတယ်။ ဒေါ့မွန်အနေနဲ့ အခုလိုလုပ်ဆောင်ခဲ့ခြင်းကြောင့် ပေါင် ၈ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဆန်ချိုအတွက် ရောင်းချဖြစ်ခဲ့မယ်ဆိုရင် ပေါင်သန်း ၁၀၀ အမြတ်ရရှိမှာဖြစ်ပြီး မရောင်းချဖြစ်ခဲ့ ဘူးရင်လည်း သူတို့ရဲ့အကောင်းဆုံးကစားသမားကို အသင်းမှာဆက်ထိန်းထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

zawgyi version

ဆန္ခ်ိဳရဲ႕ အေျပာင္းအေရႊ႕မွာ ယူႏိုက္တက္ကို အဘက္ဘက္ကအသာရေအာင္လုပ္ေဆာင္ထားႏိုင္တဲ့ ေဒါ့မြန္
ယူႏိုက္တက္အေနနဲ႔ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကိုေခၚယူဖို႔ အတြက္ အေစာပိုင္းကတည္းက လႈပ္ေဆာင္ေနတာ ျဖစ္ၿပီး ကစားသမားနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈေတြေတာင္ရရွိခဲ့ၿပီလို႔ သတင္းေတြမွာေဖာ္ျပၾကပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကို တရားဝင္ေခၚယူႏိုင္ခဲ့ျခင္းမရွိေသးဘဲ ကလပ္အသင္းႏွစ္သင္းၾကား မွာ ေျပာင္းေရႊ႕ေၾကးအတြက္ ၫွိႏႈိင္းေနဆဲျဖစ္ေၾကာင္း သိရပါတယ္။
ေဒါ့မြန္အသင္းအေနနဲ႔ သူတို႔ရဲ႕ အေကာင္းဆံုးကစားသမားတစ္ဦးျဖစ္တဲ့ ဆန္ခ်ိဳကို ဆက္ထိန္းထားခ်င္ေပမယ့္ ကစား သမားက အဂၤလန္ကိုျပန္ဖို႔ ဆႏၵရွိေနတာေၾကာင့္ ေရာင္းခ်မွာျဖစ္ေပမယ့္ ဆန္ခ်ိဳရဲ႕ေျပာင္းေရႊ႕ေၾကးကို ေပါင္ ၁၀၈ သန္းအ ျဖစ္သတ္မွတ္ခဲ့ပါတယ္။ ဂ်ာမန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ BILD ကေတာ့ ေဒါ့မြန္အေနနဲ႔ ဒီလိုလုပ္ေဆာင္တာဟာ ယူႏိုက္ တက္ကို ႏွစ္ခါအသာရေအာင္ လုပ္ေဆာင္လိုက္သလိုမ်ိဳးျဖစ္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
တစ္ကမ႓ာ့လံုးျဖစ္ပြားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလံုးအသင္းေတြအေနနဲ႔ ေျပာင္းေရႊ႕ေၾကးစရိတ္ေတြအမ်ားႀကီး အသံုးျပဳႏိုင္ဖို႔ မရွိတဲ့အခ်ိန္မွာ ဆန္ခ်ိဳရဲ႕ေျပာင္းေရႊ႕ေၾကးက ျမင့္မားေနတာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳ ကိုေခၚယူဖို႔လုပ္ေဆာင္ေနေပမယ့္ ေျပာင္းေရႊ႕ေၾကးအျဖစ္ ကနဦးမွာ ေပါင္ ၆၈ သန္းသာေပးေခ်လိုေနၿပီးက်န္ေပါင္ သန္း ၄၀ ကိုအရစ္က်ေပးေခ်ဖို႔ အလိုရွိေနတာပဲ ျဖစ္ပါတယ္။
ဒါေပမယ့္ ေဒါ့မြန္ဘက္က ဆန္ခ်ိဳကိုေရာင္းခ်ရာမွာ ေျပာင္းေရႊ႕ေၾကးကို တစ္ႀကိမ္တည္းရယူခ်င္တယ္လို႔ ေျပာၾကားခဲ့တာ ေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ေခၚယူႏိုင္ဖို႔ အခက္ေတြ႕ေနတာျဖစ္ပါတယ္။ ေဒါ့မြန္အေနနဲ႔ အခုလိုလုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ ေပါင္ ၈ သန္းနဲ႔ ေခၚယူခဲ့တဲ့ ဆန္ခ်ိဳအတြက္ ေရာင္းခ်ျဖစ္ခဲ့မယ္ဆိုရင္ ေပါင္သန္း ၁၀၀ အျမတ္ရရွိမွာျဖစ္ၿပီး မေရာင္းခ်ျဖစ္ခဲ့ ဘူးရင္လည္း သူတို႔ရဲ႕အေကာင္းဆံုးကစားသမားကို အသင္းမွာဆက္ထိန္းထားႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။