လီဗာပူးကနေပြောင်းပြီးနောက် ပထမဆုံးပွဲမှာ ပထမဆုံး ဖလားရခဲ့တဲ့ ဇင်းနစ်ကစားသမား လိုဗရန်

ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးကနေ ရုရှားကလပ်ဇင်းနစ်ကို ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့နောက်ခံလူ လိုဗရန် အနေနဲ့ ဇင်းနစ်အတွက် ပထမဆုံးပွဲကစားအပြီးမှာပဲ ပထမဆုံး ဆုဖလားကိုရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးမှာ ၆ နှစ်ကြာ ကစားခဲ့ပြီး ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ချန်ပီယံဆုတွေကို ရခဲ့တဲ့ လိုဗရန်ဟာ ပြီးခဲ့တဲ့သောကြာနေ့က ကစားခဲ့တဲ့ ရုရှားစူပါဖလားပြိုင်ပွဲမှာ ဇင်းနစ်အတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခဲ့တာပဲ ဖြစ်ပါတယ်။

ရုရှားစူပါဖလားပြိုင်ပွဲမှာ လိုဗရန်ပါဝင်ကစားခဲ့တဲ့ ဇင်းနစ်ဟာ လိုကိုမိုးတစ်မော်စကိုအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ပွဲအပြီးမှာတော့ လိုဗရန်က အင်စတာဂရမ်မှာ ပထမဆုံးပွဲ၊ပထမဆုံးဖလား၊ အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ ကောင် လေးတွေဆိုပြီး ရေးတင်ခဲ့တာဖြစ်ပါတယ်။ လိုဗရန်ရဲ့ပို့စ်အောက်မှာတော့ လီဗာပူးအသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဖာမီနိုနဲ့ ဟန်ဒါဆင်တို့က လာရောက်ပြီး ချီးကျူးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ လိုဗရန်ဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်ကနေ လီဗာပူးကိုရောက်ရှိလာခဲ့သူဖြစ်ပြီး ပွဲပေါင်း ၁၈၅ ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကဆိုရင် လိုဗရန်ကို ပရီးမီးယားလိဂ်အားပေးတဲ့ပရိသတ်တွေက ကမ္ဘာ့ အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြတယ်လို့ သိရပါတယ်။ လီဗာပူးကို ဗန်ဒိုက်ခ်ရောက်လာပြီးနောက် မှာ လိုဗရန်အနေနဲ့ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး အရန်ကစားသမားအဖြစ်သာ ကစားခဲ့ရတာများပါတယ်။

လီဗာပူးအနေနဲ့ လာမယ့်ရာသီအတွက် နောက်တန်းကစားသမားတွေကိုခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ သိ ရပြီး နာပိုလီက ကူလီဘာလီနဲ့ နော်ဝစ်ချ်က ဂျာမယ်လီဝင်တို့ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဂျာမယ်လီဝင်အတွက် ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်ဆိုပေမယ့် နော်ဝစ်ချ်ဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ နော်ဝစ်ချ်ဟာ ဘယ်နောက်ခံလူအတွက် ပေါင် သန်း ၂၀ လောက်အနည်းဆုံးအလိုရှိနေတာဖြစ်ပါတယ်။

zawgyi version

လီဗာပူးကေနေျပာင္းၿပီးေနာက္ ပထမဆံုးပြဲမွာ ပထမဆံုး ဖလားရခဲ့တဲ့ ဇင္းနစ္ကစားသမား လိုဗရန္
ပရီးမီးယားလိဂ္ခ်န္ပီယံလီဗာပူးကေန ႐ုရွားကလပ္ဇင္းနစ္ကို ေပါင္ ၁၀ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ေနာက္ခံလူ လိုဗရန္ အေနနဲ႔ ဇင္းနစ္အတြက္ ပထမဆံုးပြဲကစားအၿပီးမွာပဲ ပထမဆံုး ဆုဖလားကိုရယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ လီဗာပူးမွာ ၆ ႏွစ္ၾကာ ကစားခဲ့ၿပီး ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္ခ်န္ပီယံဆုေတြကို ရခဲ့တဲ့ လိုဗရန္ဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ကစားခဲ့တဲ့ ႐ုရွားစူပါဖလားၿပိဳင္ပြဲမွာ ဇင္းနစ္အတြက္ ပထမဆံုးအႀကိမ္အျဖစ္ ပါဝင္ကစားခဲ့တာပဲ ျဖစ္ပါတယ္။
႐ုရွားစူပါဖလားၿပိဳင္ပြဲမွာ လိုဗရန္ပါဝင္ကစားခဲ့တဲ့ ဇင္းနစ္ဟာ လိုကိုမိုးတစ္ေမာ္စကိုအသင္းကို ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ပြဲအၿပီးမွာေတာ့ လိုဗရန္က အင္စတာဂရမ္မွာ ပထမဆံုးပြဲ၊ပထမဆံုးဖလား၊ အေကာင္းဆံုးလုပ္ႏိုင္ခဲ့တဲ့ ေကာင္ ေလးေတြဆိုၿပီး ေရးတင္ခဲ့တာျဖစ္ပါတယ္။ လိုဗရန္ရဲ႕ပို႔စ္ေအာက္မွာေတာ့ လီဗာပူးအသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ဖာမီႏိုနဲ႔ ဟန္ဒါဆင္တို႔က လာေရာက္ၿပီး ခ်ီးက်ဴးမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ လိုဗရန္ဟာ ၂၀၁၄ ခုႏွစ္က ေဆာက္သမ္တန္ကေန လီဗာပူးကိုေရာက္ရွိလာခဲ့သူျဖစ္ၿပီး ပြဲေပါင္း ၁၈၅ ပြဲကစားေပးခဲ့သူျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းကဆိုရင္ လိုဗရန္ကို ပရီးမီးယားလိဂ္အားေပးတဲ့ပရိသတ္ေတြက ကမ႓ာ့ အေကာင္းဆံုးေနာက္ခံလူတစ္ဦးအျဖစ္ သတ္မွတ္ခဲ့ၾကတယ္လို႔ သိရပါတယ္။ လီဗာပူးကို ဗန္ဒိုက္ခ္ေရာက္လာၿပီးေနာက္ မွာ လိုဗရန္အေနနဲ႔ ပြဲထြက္ကစားခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရၿပီး အရန္ကစားသမားအျဖစ္သာ ကစားခဲ့ရတာမ်ားပါတယ္။
လီဗာပူးအေနနဲ႔ လာမယ့္ရာသီအတြက္ ေနာက္တန္းကစားသမားေတြကိုေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြျပဳလုပ္ေနတယ္လို႔ သိ ရၿပီး နာပိုလီက ကူလီဘာလီနဲ႔ ေနာ္ဝစ္ခ်္က ဂ်ာမယ္လီဝင္တို႔ကို စိတ္ဝင္စားေနတာျဖစ္ပါတယ္။ ဂ်ာမယ္လီဝင္အတြက္ ေပါင္ ၁၀ သန္းနဲ႔ ကမ္းလွမ္းမႈျပဳလုပ္ခဲ့တယ္ဆိုေပမယ့္ ေနာ္ဝစ္ခ်္ဘက္က ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ေနာ္ဝစ္ခ်္ဟာ ဘယ္ေနာက္ခံလူအတြက္ ေပါင္ သန္း ၂၀ ေလာက္အနည္းဆံုးအလိုရွိေနတာျဖစ္ပါတယ္။