ဥရောပဘုရင် ရီးရဲလ်ကို နန်းချနိုင်ပြီးနောက် မန်စီတီးအနေနဲ့ ချန်ပီယံလိဂ်မှာ ကြောက်စရာမရှိတာ့ဘူးလို့ ဖော်ပြခံရ

ဂွါဒီယိုလာရဲ့ မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်မှာ အကြိမ်အများဆုံးရထားတဲ့ ရီးရဲလ်ကို နှစ်ကျော့စလုံးအနိုင်ရတာကြောင့် ဥရောပမှာ ကြောက်စရာအသင်းမရှိတော့ဘူးလို့ မီဒီယာတွေကရေးသားဖော်ပြနေကြပါတယ်။ ပြီးခဲ့တဲ့ ၄နှစ်က ချန်ပီယံ လိဂ်ဆီမီးဖိုင်နယ်မှာ ရီးရဲလ်နဲ့ မန်စီးတီးတို့ တွေ့ဆုံခဲ့ဖူးပြီး မန်စီးတီးကွင်းမှာ ဂိုးမရှိသရေကျပြီးနောက် ရီးရဲလ်ကွင်းမှာတော့ အိမ်ရှင်က တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် မန်စီးတီးအနေနဲ့ ပြိုင်ပွဲကထွက်ခဲ့ရဖူးပါတယ်။

မန်စီးတီးဟာ ရီးရဲလ်ကို ပထမအကျော့ အဝေးကွင်းမှာ အနိုင်ရထားပေမယ့် ဒုတိယအကျော့မှာလည်း အနိုင်ရဖို့အတွက် ကြိုးစားခဲ့တာဖြစ်ပြီး နှစ်ဂိုးတစ်ဂိုးနဲ့ ထပ်မံအနိုင်ရခဲ့တာဖြစ်ပါတယ်။ ပထမအကျော့ကလည်း အဝေးကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီးဟာ ရက်ပေါင်း ၁၆၂ ရက်အကြာမှာလည်း နောက်ထပ်နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။မန်စီး တီးအနေနဲ့ ချန်ပီယံလိဂ်ချန်ပီယံအတွက် အခြားအသင်းတွေကို ကြောက်လှန့်အောင်လုပ်ဆောင်နိုင်ခဲ့ပြီလို့ မီဒီယာတွေက ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ဂွါဒီယိုလာက “ ရီးရဲလ်၊ ဘာစီလိုနာတို့ဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေကို အမြဲလိုလိုရောက်နေတဲ့အသင်းတွေပါ။ အခုနိုင်ပွဲက အသင်းအတွက်အရေးပါပါတယ်။ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ဆိုရင် လာမယ့်ပွဲစဉ်တွေမှာ ဘာစီလိုနာ၊ ဘိုင်ယန် မြူးနစ်တို့နဲ့ တွေ့တဲ့အခါ အနိုင်ရအောင်ကစားနိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ မန်စီးတီးဟာ ကွာတားဖိုင်နယ်မှာ လိုင်ယွန်နဲ့ကစားရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ခဲ့မယ်ဆိုရင် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့ တွေ့နိုင်တာကို ရည်ရွယ်ပြီး ဂွါဒီယိုလာက ပြောခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာအနေနဲ့ ရီးရဲလ်ကိုအနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ စတာလင်၊ ဂျီးဆပ်စ်နဲ့ ဖိုဒန်တို့ကိုလည်း ချီးကျူးမှုပြုလုပ်ခဲ့ပါ တယ်။ မန်စီးတီးမှာ ဒဏ်ရာကြောင့် အဓိကတိုက်စစ်မှူး အဂူရိုမပါဝင်တာကြောင့် တိုက်စစ်ကို လူငယ်ကစားသမားတွေနဲ့ ပွဲထုတ်လာခဲ့ပေမယ့် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကြတာဖြစ်ပါတယ်။ False 9 ကစားကွက်နဲ့ ကစားတဲ့မန်စီးတီးအတွက် စတာလင်၊ ဂျီးဆပ်စ်နဲ့ ဖိုဒန်တို့ဟာ အကောင်းဆုံးကစားနိုင်ခဲ့တာဖြစ်ပါတယ်။

zawgyi version

ဥေရာပဘုရင္ ရီးရဲလ္ကို နန္းခ်ႏိုင္ၿပီးေနာက္ မန္စီတီးအေနနဲ႔ ခ်န္ပီယံလိဂ္မွာ ေၾကာက္စရာမရွိတာ့ဘူးလို႔ ေဖာ္ျပခံရ
ဂြါဒီယိုလာရဲ႕ မန္စီးတီးအေနနဲ႔ ခ်န္ပီယံလိဂ္မွာ အႀကိမ္အမ်ားဆံုးရထားတဲ့ ရီးရဲလ္ကို ႏွစ္ေက်ာ့စလံုးအႏိုင္ရတာေၾကာင့္ ဥေရာပမွာ ေၾကာက္စရာအသင္းမရွိေတာ့ဘူးလို႔ မီဒီယာေတြကေရးသားေဖာ္ျပေနၾကပါတယ္။ ၿပီးခဲ့တဲ့ ၄ႏွစ္က ခ်န္ပီယံ လိဂ္ဆီမီးဖိုင္နယ္မွာ ရီးရဲလ္နဲ႔ မန္စီးတီးတို႔ ေတြ႕ဆံုခဲ့ဖူးၿပီး မန္စီးတီးကြင္းမွာ ဂိုးမရွိသေရက်ၿပီးေနာက္ ရီးရဲလ္ကြင္းမွာေတာ့ အိမ္ရွင္က တစ္ဂိုးဂိုးမရွိနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ မန္စီးတီးအေနနဲ႔ ၿပိဳင္ပြဲကထြက္ခဲ့ရဖူးပါတယ္။
မန္စီးတီးဟာ ရီးရဲလ္ကို ပထမအေက်ာ့ အေဝးကြင္းမွာ အႏိုင္ရထားေပမယ့္ ဒုတိယအေက်ာ့မွာလည္း အႏိုင္ရဖို႔အတြက္ ႀကိဳးစားခဲ့တာျဖစ္ၿပီး ႏွစ္ဂိုးတစ္ဂိုးနဲ႔ ထပ္မံအႏိုင္ရခဲ့တာျဖစ္ပါတယ္။ ပထမအေက်ာ့ကလည္း အေဝးကြင္းမွာ ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ မန္စီးတီးဟာ ရက္ေပါင္း ၁၆၂ ရက္အၾကာမွာလည္း ေနာက္ထပ္ႏိုင္ပြဲတစ္ပြဲကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။မန္စီး တီးအေနနဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံအတြက္ အျခားအသင္းေတြကို ေၾကာက္လွန္႔ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ၿပီလို႔ မီဒီယာေတြက ေရးသားခဲ့တာပဲ ျဖစ္ပါတယ္။
ဂြါဒီယိုလာက “ ရီးရဲလ္၊ ဘာစီလိုနာတို႔ဟာ ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ေတြကို အၿမဲလိုလိုေရာက္ေနတဲ့အသင္းေတြပါ။ အခုႏိုင္ပြဲက အသင္းအတြက္အေရးပါပါတယ္။ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ဆိုရင္ လာမယ့္ပြဲစဥ္ေတြမွာ ဘာစီလိုနာ၊ ဘိုင္ယန္ ျမဴးနစ္တို႔နဲ႔ ေတြ႕တဲ့အခါ အႏိုင္ရေအာင္ကစားႏိုင္ဖို႔ လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ မန္စီးတီးဟာ ကြာတားဖိုင္နယ္မွာ လိုင္ယြန္နဲ႔ကစားရမွာျဖစ္ၿပီး ဆီမီးဖိုင္နယ္တက္ခဲ့မယ္ဆိုရင္ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္တို႔နဲ႔ ေတြ႕ႏိုင္တာကို ရည္ရြယ္ၿပီး ဂြါဒီယိုလာက ေျပာခဲ့တာျဖစ္ပါတယ္။
ဂြါဒီယိုလာအေနနဲ႔ ရီးရဲလ္ကိုအႏိုင္ရတဲ့ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ စတာလင္၊ ဂ်ီးဆပ္စ္နဲ႔ ဖိုဒန္တို႔ကိုလည္း ခ်ီးက်ဴးမႈျပဳလုပ္ခဲ့ပါ တယ္။ မန္စီးတီးမွာ ဒဏ္ရာေၾကာင့္ အဓိကတိုက္စစ္မွဴး အဂူ႐ိုမပါဝင္တာေၾကာင့္ တိုက္စစ္ကို လူငယ္ကစားသမားေတြနဲ႔ ပြဲထုတ္လာခဲ့ေပမယ့္ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။ False 9 ကစားကြက္နဲ႔ ကစားတဲ့မန္စီးတီးအတြက္ စတာလင္၊ ဂ်ီးဆပ္စ္နဲ႔ ဖိုဒန္တို႔ဟာ အေကာင္းဆံုးကစားႏိုင္ခဲ့တာျဖစ္ပါတယ္။