အဲရစ်ဘာယီကို ခေါ်မလားလို့ အေစီမီလန်အသင်းဆီ ကမ်းလှမ်းလိုက်တဲ့ ယူနိုက်တက်

အေစီမီလန်အသင်းဟာ ယူနိုက်တက် ဗဟိုနောက်ခံလူ အဲရစ်ဘာယီကို ဒီနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူခွင့်ရမယ့် အခွင့်အရေး ကမ်းလှမ်းခံလိုက်ရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဖေဖော်ဝါရီလအထိ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ပြန်လည်ကစားနိုင်ခြင်းမရှိခဲ့သော်လည်း ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် (၁၀) ပွဲသာ ကစားခွင့်ရထားသူဖြစ်ပါတယ်။

အိုင်ဗရီကိုစ့် လက်ရွေးစင်ကစားသမားဟာ မက်ဂွဲရား နဲ့ လင်ဒီလော့ဖ် တို့ နောက်မှာသာ အိုးထရက်ဖိုဒ့်မှာ ပွဲကစားခွင့် ရနေတာဖြစ်ပြီး ယူနိုက်တက်အသင်းဟာ နောက်ထပ် ဗဟိုနောက်ခံလူတစ်ယောက်ကို နောက်ရာသီမတိုင်မီ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ သတင်းများအရ အေစီမီလန်အသင်းဟာ ဒီနွေရာသီမှာ အဲရစ်ဘာယီကို ခေါ်ယူမလားလို့ ကမ်းလှမ်းခံလိုက်ရပေမယ့် အီတလီ ဘီလူးအသင်းဟာ ဒီအခြေအနေအထိ မျှော်လင့်ခဲ့ခြင်းမရှိပါဘူး။

အက်စ်ပန်ညို ကစားသမားဟောင်းဟာ ယူနိုက်တက်အသင်းအတွက် ပထမဆုံးရာသီမှာ (၃၈) ပွဲကစားခဲ့ပေမယ့် နောက်ပိုင်းမှာ (၁၈) ပွဲထက် ပိုပြီး ကစားခဲ့ရခြင်းမရှိဘူး ဖြစ်ပါတယ်။ လက်ရှိ အဲရစ်ဘာယီရဲ့ စာချုပ်သက်တမ်းဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၂ ဇွန်လအထိ ကျန်ရှိနေသေးပါတယ်။

အဲရစ္ဘာယီကို ေခၚမလားလို႔ ေအစီမီလန္အသင္းဆီ ကမ္းလွမ္းလိုက္တဲ့ ယူႏိုက္တက္

ေအစီမီလန္အသင္းဟာ ယူႏိုက္တက္ ဗဟိုေနာက္ခံလူ အဲရစ္ဘာယီကို ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူခြင့္ရမယ့္ အခြင့္အေရး ကမ္းလွမ္းခံလိုက္ရတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ ေဖေဖာ္၀ါရီလအထိ ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ ျပန္လည္ကစားႏိုင္ျခင္းမရွိခဲ့ေသာ္လည္း ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ယူႏိုက္တက္အသင္းအတြက္ (၁၀) ပြဲသာ ကစားခြင့္ရထားသူျဖစ္ပါတယ္။

အိုင္ဗရီကိုစ့္ လက္ေရြးစင္ကစားသမားဟာ မက္ဂြဲရား နဲ႔ လင္ဒီေလာ့ဖ္ တို႔ ေနာက္မွာသာ အိုးထရက္ဖိုဒ့္မွာ ပြဲကစားခြင့္ ရေနတာျဖစ္ျပီး ယူႏိုက္တက္အသင္းဟာ ေနာက္ထပ္ ဗဟိုေနာက္ခံလူတစ္ေယာက္ကို ေနာက္ရာသီမတုိင္မီ ေခၚယူလိုေနတယ္လို႔ သိရပါတယ္။ သတင္းမ်ားအရ ေအစီမီလန္အသင္းဟာ ဒီေႏြရာသီမွာ အဲရစ္ဘာယီကို ေခၚယူမလားလို႔ ကမ္းလွမ္းခံလိုက္ရေပမယ့္ အီတလီ ဘီလူးအသင္းဟာ ဒီအေျခအေနအထိ ေမွ်ာ္လင့္ခဲ့ျခင္းမရွိပါဘူး။

အက္စ္ပန္ညိဳ ကစားသမားေဟာင္းဟာ ယူႏိုက္တက္အသင္းအတြက္ ပထမဆံုးရာသီမွာ (၃၈) ပြဲကစားခဲ့ေပမယ့္ ေနာက္ပိုင္းမွာ (၁၈) ပြဲထက္ ပိုျပီး ကစားခဲ့ရျခင္းမရွိဘူး ျဖစ္ပါတယ္။ လက္ရွိ အဲရစ္ဘာယီရဲ႕ စာခ်ဳပ္သက္တမ္းဟာ ယူႏိုက္တက္အသင္းနဲ႔ ၂၀၂၂ ဇြန္လအထိ က်န္ရွိေနေသးပါတယ္။