ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု ဆန်ခါတင်စာရင်းမှာ ယူနိုက်တက် ကစားသမား(၄) ယောက်အထိ ပါဝင်လာပြီး အာဆင်နယ် က ဆာကာ မပါဝင်

ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမား ဆု ဆန်ခါတင်စာရင်းမှာ ယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ့် ၊ ဂရင်းဝုဒ် နဲ့ မာရှယ်လ် တို့ အားလုံး ပါဝင်ခဲ့ပါတယ်။ အဆိုပါဆုဟာ အသက် ၂၃ နှစ် နဲ့ အောက် ကစားသမားတွေကို ပရိသတ်တွေက မဲပေးရွေးချယ်ပြီး ပေးတဲ့ ဆုဖြစ်ပါတယ်။

မာရှယ်လ်ဟာ ဒီနှစ်မှာ အသက် (၂၅) နှစ်ပြည့်ပြီဖြစ်သော်လည်း ပါဝင်လာခဲ့ပါတယ်။ ပြင်သစ်ကစားသမားဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် (၁၇) ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။ ရပ်ရှ်ဖိုဒ့်လည်း (၁၇) ဂိုးသွင်းခဲ့တာဖြစ်ပြီး ဂရင်းဝုဒ်က (၁၀) ဂိုးသွင်းခဲ့ပါတယ်။

နောက်ထပ် ယူနိုက်တက်ကစားသမားကတော့ ရှက်ဖီးယူနိုက်တက်အသင်းမှာ ကစားနေတဲ့ ဟန်ဒါဆန် က ဂိုးမပေးရ (၁၃) ပွဲအထိ ကစားခဲ့ပြီး ပါဝင်လာတာဖြစ်ပါတယ်။ ဆုရဖို့ ရေပန်းအစားဆုံးကစားသမားကတော့ လီဗာပူးလ်အသင်း နှစ် (၃၀) အကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလား မှာ အဓိက ပါဝင်စွမ်းဆောင်ပေးခဲ့တဲ့ ညာနောက်ခံလူ အာနိုးလ်ဖြစ်ပါတယ်။ အာနိုးလ်ဟာ လီဗာပူးလ်အသင်းအတွက် ဂိုးဖန်တီးမှု (၁၃) ကြိမ်အထိ စွမ်းဆောင်ပေးခဲ့ပါတယ်။

ဆန်ခါတင်စာရင်းမှာ ချဲလ်ဆီးက ခြေစွမ်းပြနေတဲ့ ပူလီဆစ် နဲ့ မေဆန်မောင့် တို့ (၂) ယောက်စလုံး ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပူလီဆစ်ဟာ ဟာ ရာသီအဆုံးပိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ပြထားသူဖြစ်ပြီး မေဆန်မောင့်ကတော့ ရာသီအစမှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ပေးခဲ့ပါတယ်။

အာဆင်နယ်က ဆာကာ ကတော့ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ပြခဲ့သော်လည်း ဆန်ခါတင်စာရင်းမှာ အံ့အားသင့်လောက်အောင် ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ပရီးမီးယားလိဂ်မှာ (၁၅) ဂိုးသွင်းထားတဲ့ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်လည်း မပါဝင်ခဲ့ဘူးဖြစ်ပါတယ်။

ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆံုး လူငယ္ကစားသမားဆု ဆန္ခါတင္စာရင္းမွာ ယူႏိုက္တက္ ကစားသမား(၄) ေယာက္အထိ ပါ၀င္လာျပီး အာဆင္နယ္ က ဆာကာ မပါ၀င္

ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆံုး လူငယ္ကစားသမား ဆု ဆန္ခါတင္စာရင္းမွာ ယူႏိုက္တက္တိုက္စစ္ကစားသမား ရပ္ရွ္ဖိုဒ့္ ၊ ဂရင္း၀ုဒ္ နဲ႔ မာရွယ္လ္ တို႔ အားလံုး ပါ၀င္ခဲ့ပါတယ္။ အဆိုပါဆုဟာ အသက္ ၂၃ ႏွစ္ နဲ႔ ေအာက္ ကစားသမားေတြကို ပရိသတ္ေတြက မဲေပးေရြးခ်ယ္ျပီး ေပးတဲ့ ဆုျဖစ္ပါတယ္။

မာရွယ္လ္ဟာ ဒီႏွစ္မွာ အသက္ (၂၅) ႏွစ္ျပည့္ျပီျဖစ္ေသာ္လည္း ပါ၀င္လာခဲ့ပါတယ္။ ျပင္သစ္ကစားသမားဟာ ဒီႏွစ္ေဘာလံုးရာသီမွာ ပရီးမီးယားလိဂ္ (၁၇) ဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။ ရပ္ရွ္ဖိုဒ့္လည္း (၁၇) ဂိုးသြင္းခဲ့တာျဖစ္ျပီး ဂရင္း၀ုဒ္က (၁၀) ဂိုးသြင္းခဲ့ပါတယ္။

ေနာက္ထပ္ ယူႏိုက္တက္ကစားသမားကေတာ့ ရွက္ဖီးယူႏိုက္တက္အသင္းမွာ ကစားေနတဲ့ ဟန္ဒါဆန္ က ဂိုးမေပးရ (၁၃) ပြဲအထိ ကစားခဲ့ျပီး ပါ၀င္လာတာျဖစ္ပါတယ္။ ဆုရဖို႔ ေရပန္းအစားဆံုးကစားသမားကေတာ့ လီဗာပူးလ္အသင္း ႏွစ္ (၃၀) အၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ အမွတ္ေပးဖလား မွာ အဓိက ပါ၀င္စြမ္းေဆာင္ေပးခဲ့တဲ့ ညာေနာက္ခံလူ အာႏိုးလ္ျဖစ္ပါတယ္။ အာႏိုးလ္ဟာ လီဗာပူးလ္အသင္းအတြက္ ဂိုးဖန္တီးမႈ (၁၃) ၾကိမ္အထိ စြမ္းေဆာင္ေပးခဲ့ပါတယ္။

ဆန္ခါတင္စာရင္းမွာ ခ်ဲလ္ဆီးက ေျခစြမ္းျပေနတဲ့ ပူလီဆစ္ နဲ႔ ေမဆန္ေမာင့္ တို႔ (၂) ေယာက္စလံုး ပါ၀င္ခဲ့တာျဖစ္ပါတယ္။ ပူလီဆစ္ဟာ ဟာ ရာသီအဆံုးပိုင္းမွာ အေကာင္းဆံုး စြမး္ေဆာင္ျပထားသူျဖစ္ျပီး ေမဆန္ေမာင့္ကေတာ့ ရာသီအစမွာ အထင္ၾကီးေလာက္စရာ စြမး္ေဆာင္ေပးခဲ့ပါတယ္။

အာဆင္နယ္က ဆာကာ ကေတာ့ အထင္ၾကီးေလာက္စရာ စြမး္ေဆာင္ရည္ျပခဲ့ေသာ္လည္း ဆန္ခါတင္စာရင္းမွာ အံ့အားသင့္ေလာက္ေအာင္ ပါ၀င္ခဲ့ျခင္းမရွိပါဘူး။ ပရီးမီးယားလိဂ္မွာ (၁၅) ဂိုးသြင္းထားတဲ့ ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဘရာဟမ္လည္း မပါ၀င္ခဲ့ဘူးျဖစ္ပါတယ္။