စာချုပ်သစ် ထပ်မချုပ်ချင်တော့တဲ့ ဘာစီလိုနာ ပစ်မှတ် လူငယ်နောက်ခံလူ အဲရစ်ဂါစီယာအတွက် ပေါင် ၃၁ သန်း တောင်းမယ့် မန်စီးတီးအသင်း

မန်စီးတီးအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ထပ်မတိုးချင်တော့တဲ့ နောက်ခံလူ အဲရစ်ဂါစီယာအတွက် တန်ကြေး သတ်မှတ်လိုက်တယ်လို့ စပိန်က သတင်းများထွက်ပေါ်လာပါတယ်။ ကြာသပတေးနေ့က မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ နောက်နွေရာသီမှာ ကုန်ဆုံးမယ့် စာချုပ်သက်တမ်းကုန်တာနဲ့ အသင်းမှာ ဆက်မနေချင်တော့ဘူးလို့ ပြောခဲ့တာကို ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းဟာ ဆယ်ကျော်သက်နောက်ခံလူကို ရောင်းချရတော့မှာပါ။ စပိန်က သတင်းများအရ မန်စီးတီးအသင်းဟာ အဲရစ်ဂါစီယာအတွက် ပေါင် ၃၁ သန်းလိုချင်နေတာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း နောက်ခံလူကို ခေါ်ယူရန် နီးစပ်နေတယ်လို့ သိရပါတယ်။ သဘောတူညီမှုအတွက် ကနဦးပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၂၀ ပေးရမှာဖြစ်ပြီး ကျန်တဲ့ ပေါင် ၁၁ သန်းကို နောက်မှ အပိုပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲရစ်ဂါစီယာဟာ မက်ဆီ၊ ပီကေး နဲ့ ဖာဘရီဂတ်စ်တို့ထွက်ရှိခဲ့တဲ့ ဘာစီလိုနာရဲ့ နာမည်ကျော်အကယ်ဒမီ လာမာစီယာ ထွက်ကစားသမားလည်းဖြစ်ပါတယ်။သူဟာ ဘာစီလိုနာကနေ မန်စီးတီးကို အသက် ၁၆ နှစ် ၂၀၁၇ ခုနှစ်တုန်းက ရောက်လာတာပါ။ အဲရစ်ဂါစီယာဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂွါဒီယိုလာရဲ့ မန်စီးတီး ပထမအသင်းမှာ ပွဲထွက်ခွင့်ရလာပြီး ပြိုင်ပွဲစုံ (၂၂) ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

စာခ်ဳပ္သစ္ ထပ္မခ်ဳပ္ခ်င္ေတာ့တဲ့ ဘာစီလိုနာ ပစ္မွတ္ လူငယ္ေနာက္ခံလူ အဲရစ္ဂါစီယာအတြက္ ေပါင္ ၃၁ သန္း ေတာင္းမယ့္ မန္စီးတီးအသင္း

မန္စီးတီးအသင္းဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ထပ္မတိုးခ်င္ေတာ့တဲ့ ေနာက္ခံလူ အဲရစ္ဂါစီယာအတြက္ တန္ေၾကး သတ္မွတ္လိုက္တယ္လို႔ စပိန္က သတင္းမ်ားထြက္ေပၚလာပါတယ္။ ၾကာသပေတးေန႔က မန္စီးတီးနည္းျပ ဂြါဒီယိုလာက အသက္ ၁၉ ႏွစ္အရြယ္ကစားသမားဟာ ေနာက္ေႏြရာသီမွာ ကုန္ဆံုးမယ့္ စာခ်ဳပ္သက္တမ္းကုန္တာနဲ႔ အသင္းမွာ ဆက္မေနခ်င္ေတာ့ဘူးလို႔ ေျပာခဲ့တာကို ထုတ္ေဖာ္ေျပာသြားခဲ့တာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ပရီးမီးယားလိဂ္ကလပ္အသင္းဟာ ဆယ္ေက်ာ္သက္ေနာက္ခံလူကို ေရာင္းခ်ရေတာ့မွာပါ။ စပိန္က သတင္းမ်ားအရ မန္စီးတီးအသင္းဟာ အဲရစ္ဂါစီယာအတြက္ ေပါင္ ၃၁ သန္းလိုခ်င္ေနတာျဖစ္ျပီး ဘာစီလိုနာအသင္းကလည္း ေနာက္ခံလူကို ေခၚယူရန္ နီးစပ္ေနတယ္လို႔ သိရပါတယ္။ သေဘာတူညီမႈအတြက္ ကနဦးေျပာင္းေရႊ႕ေၾကးမွာ ေပါင္သန္း ၂၀ ေပးရမွာျဖစ္ျပီး က်န္တဲ့ ေပါင္ ၁၁ သန္းကို ေနာက္မွ အပိုေပးရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

အဲရစ္ဂါစီယာဟာ မက္ဆီ၊ ပီေကး နဲ႔ ဖာဘရီဂတ္စ္တို႔ထြက္ရွိခဲ့တဲ့ ဘာစီလိုနာရဲ႕ နာမည္ေက်ာ္အကယ္ဒမီ လာမာစီယာ ထြက္ကစားသမားလည္းျဖစ္ပါတယ္။သူဟာ ဘာစီလုိနာကေန မန္စီးတီးကို အသက္ ၁၆ ႏွစ္ ၂၀၁၇ ခုႏွစ္တုန္းက ေရာက္လာတာပါ။ အဲရစ္ဂါစီယာဟာ ဒီႏွစ္ေဘာလံုးရာသီမွာ ဂြါဒီယိုလာရဲ႕ မန္စီးတီး ပထမအသင္းမွာ ပြဲထြက္ခြင့္ရလာျပီး ျပိဳင္ပြဲစံု (၂၂) ပြဲအထိ ပါ၀င္ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။