ဒီကလန်ရိုက်အတွက် ဘာကမ်းလှမ်းမှုမှ မရထားသလို ဘာကမ်းလှမ်းမှုမှလည်း မလိုချင်ဘူးလို့ ဆိုလိုက်တဲ့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ ချဲလ်ဆီးအသင်းအနေနဲ့ ကွင်းလယ်ကစားသမား ဒီကလန်ရိုက် ကို ခေါ်ယူမယ်လို့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေသော်လည်း ဘာကမ်းလှမ်းမှုမှ မရသေးဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီးနောက် ဒီကလန်ရိုက် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ သို့သော်လည်း ဒေးဗစ်မိုယက်စ်က အသက် ၂၁ နှစ်အရွယ်ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းရန် ရည်ရွယ်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒေးဗစ်မိုယက်စ်က “အခုလောလောဆယ်တော့ ဒီကလန်အတွက် ဘာကမ်းလှမ်းမှုမှ မရသေးပါဘူး။ ကျွန်တော်တို့ကလည်း ဘာကမ်းလှမ်းမှုမှ မလိုချင်ပါဘူး။ စိတ်ဝင်စားနေတာတွေတော့ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားမပေးပါဘူး”လို့ The Evening Standard ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီကလန်ရိုက် အသက် ၁၄ နှစ်အရွယ်တုန်းက အသင်းကနေ ထွက်ခွာစေခဲ့တာဖြစ်ပြီး ယခုအခါ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် စွမ်းဆောင်ရည်ကောင်းတွေကြောင့် အင်္ဂလန်လက်ရွေးစင်ကစားသမားကို ပြန်လည်ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီကလန်ရိုက် ကို ခေါ်ယူရန် ပေါင် ၆၅ သန်းလောက် ကုန်ကျဖွယ်ရှိနေလို့ အသင်းက ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို ရောင်းချရန် ကမ်းလှမ်းမှုတွေကို နားစွင့်ထားတယ်လို့ သိရပါတယ်။

ဒီကလန္႐ိုက္အတြက္ ဘာကမ္းလွမ္းမႈမွ မရထားသလို ဘာကမ္းလွမ္းမႈမွလည္း မလိုခ်င္ဘူးလို႔ ဆိုလိုက္တဲ့ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္

၀က္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္ဟာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကြင္းလယ္ကစားသမား ဒီကလန္ရိုက္ ကို ေခၚယူမယ္လို႔ သတင္းေတြ ဆက္တိုက္ ထြက္ေပၚေနေသာ္လည္း ဘာကမ္းလွမ္းမႈမွ မရေသးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ၀က္စ္ဟမ္းအသင္းဟာ ပရီးမီးယားလိဂ္မွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ျပီးေနာက္ ဒီကလန္ရိုက္ ရဲ႕ အနာဂတ္ နဲ႔ ပတ္သက္ျပီး သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ သို႔ေသာ္လည္း ေဒးဗစ္မိုယက္စ္က အသက္ ၂၁ ႏွစ္အရြယ္ကစားသမားကို အသင္းမွာ ဆက္လက္ထိန္းသိမ္းရန္ ရည္ရြယ္ထားတယ္လို႔ ေျပာသြားခဲ့ပါတယ္။

ေဒးဗစ္မိုယက္စ္က “အခုေလာေလာဆယ္ေတာ့ ဒီကလန္အတြက္ ဘာကမ္းလွမ္းမႈမွ မရေသးပါဘူး။ ကၽြန္ေတာ္တို႔ကလည္း ဘာကမ္းလွမ္းမႈမွ မလိုခ်င္ပါဘူး။ စိတ္၀င္စားေနတာေတြေတာ့ ရွိတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အားမေပးပါဘူး”လို႔ The Evening Standard ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒီကလန္ရိုက္ အသက္ ၁၄ ႏွစ္အရြယ္တုန္းက အသင္းကေန ထြက္ခြာေစခဲ့တာျဖစ္ျပီး ယခုအခါ ၀က္စ္ဟမ္းအသင္းနဲ႔ ပရီးမီးယားလိဂ္ စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ အဂၤလန္လက္ေရြးစင္ကစားသမားကို ျပန္လည္ေခၚယူလိုေနတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ဒီကလန္ရိုက္ ကို ေခၚယူရန္ ေပါင္ ၆၅ သန္းေလာက္ ကုန္က်ဖြယ္ရွိေနလို႔ အသင္းက ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုကို ေရာင္းခ်ရန္ ကမး္လွမ္းမႈေတြကို နားစြင့္ထားတယ္လို႔ သိရပါတယ္။