ချဲလ်ဆီးအနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ဆိုရင် အော့ဘလက်ခ်လို ဂိုးသမားမျိုးကိုခေါ်သင့်တယ်လို့ ဖရန့်ခ် ဆင်ကလဲယား တိုက်တွန်း

ချဲလ်ဆီးကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဖရန့်ခ်ဆင်ကလဲယားက လာမယ့်ရာသီမှာချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ် ချန် ပီယံဆုကို စိန်ခေါ်နိုင်ဖို့ဆိုရင် လက်စွမ်းတည်ငြိမ်တဲ့ အော့ဘလက်ခ်လို ဂိုးသမားမျိုးကိုခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါ တယ်။ ချဲလ်ဆီးဟာ လက်စွမ်းကျနေတဲ့ ကီပါကို ရောင်းချဖို့ ပြင်ဆင်နေပြီး နွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမားတစ်ဦးကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဂိုးသမားနေရာအတွက် အော့ဘလက်ခ်အပြင် တာစတီဂန်၊ အိုနာနာ၊ ဟန်ဒါဆင်၊နစ်ခ်ပုတ်တို့လို ဂိုးသမား တွေကို စိတ်ဝင်စားမှုရှိနေတယ်ဆိုပေမယ့် တာစတီဂန်က ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးဖို့လုပ်ဆောင်နေသလို၊ အော့ဘလက်ခ်ကလည်း အက်သလက်တီကိုကနေ ထွက်ခွာဖို့ အခွင့်အရေးနည်းနေတာဖြစ်ပါတယ်။ အေဂျက်က အိုနာနာ၊ ရှက်ဖီးယူနိုက်တက်က ဟန်ဒါဆင်နဲ့ ဘန်လေကနစ်ခ်ပုတ်တို့ကို ခေါ်ယူဖို့ အဆင်ပြေနိုင်ပေမယ့် အော့ဘလက်ခ်ကိုသာ ချဲလ်ဆီးအနေနဲ့ ဦးစားပေးခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့နောက်ခံလူဟောင်း ဖရန့်ခ်ဆင်ကလဲယားက “ လမ်းပတ်အနေနဲ့ ကီပါရဲ့နေရာမှာအစားထိုးဖို့ ဂိုးသမား ရှာနေတယ်ဆိုတာ ဘာမှလျှိုဝှက်ထားစရာမရှိပါဘူး။ ကီပါက နောက်ပိုင်းပွဲတွေမှာ လက်စွမ်းကျပြီး အမှားတွေကျူးလွန်ခဲ့ တာကို အားလုံးတွေ့မှာပါ။လီဗာပူး၊ မန်စီးတီးတို့ဟာ ဂိုးသမားကောင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် ချန်ပီယံဆုရဖို့ ရေပန်းစားနေတာပါ။ချဲလ်ဆီးအနေနဲ့ ချန်ပီယံဆုရဖို့အတွက်ဆိုရင် အော့ဘလက်ခ်လို ကစားသမားမျိုးကိုခေါ်ယူသင့်ပါ တယ်” လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြလမ်းပတ်အနေနဲ့ အသင်းကိုပြောင်းလဲမှု ပြုလုပ်နေတာဖြစ်ပြီး နွေရာသီအပြောင်းရွှေ့မှာ တီမိုဝါနာ၊ဇီယက် တို့ကို ခေါ်ယူထားပြီး ဖြစ်သလို လေဗာကူဆင်က ကိုင်ဟာဗက်ဇ်နဲ့ လက်စတာက ဘင်ချီဝဲလ်တို့ကိုလည်း စိတ်ဝင်စားနေ တယ်လို့သိရပါတယ်။ လမ်းပတ်အနေနဲ့ အသင်းရဲ့ကစားကွက်နဲ့ အံ့မဝင်တဲ့ကစားသမားအချို့ကိုလည်း ရောင်းချဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။

zawgyi version

ခ်ဲလ္ဆီးအေနနဲ႔ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ဆိုရင္ ေအာ့ဘလက္ခ္လို ဂိုးသမားမ်ိဳးကိုေခၚသင့္တယ္လို႔ ဖရန္႔ခ္ ဆင္ကလဲယား တိုက္တြန္း
ခ်ဲလ္ဆီးကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဖရန္႔ခ္ဆင္ကလဲယားက လာမယ့္ရာသီမွာခ်ဲလ္ဆီးအေနနဲ႔ ပရီးမီးယားလိဂ္ ခ်န္ ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ဆိုရင္ လက္စြမ္းတည္ၿငိမ္တဲ့ ေအာ့ဘလက္ခ္လို ဂိုးသမားမ်ိဳးကိုေခၚယူသင့္တယ္လို႔ တိုက္တြန္းခဲ့ပါ တယ္။ ခ်ဲလ္ဆီးဟာ လက္စြမ္းက်ေနတဲ့ ကီပါကို ေရာင္းခ်ဖို႔ ျပင္ဆင္ေနၿပီး ေႏြရာသီအေျပာင္းအေရႊ႕မွာ ဂိုးသမားတစ္ဦးကို ေခၚယူဖို႔အတြက္ ျပင္ဆင္ေနတာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအေနနဲ႔ ဂိုးသမားေနရာအတြက္ ေအာ့ဘလက္ခ္အျပင္ တာစတီဂန္၊ အိုနာနာ၊ ဟန္ဒါဆင္၊နစ္ခ္ပုတ္တို႔လို ဂိုးသမား ေတြကို စိတ္ဝင္စားမႈရွိေနတယ္ဆိုေပမယ့္ တာစတီဂန္က ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔လုပ္ေဆာင္ေနသလို၊ ေအာ့ဘလက္ခ္ကလည္း အက္သလက္တီကိုကေန ထြက္ခြာဖို႔ အခြင့္အေရးနည္းေနတာျဖစ္ပါတယ္။ ေအဂ်က္က အိုနာနာ၊ ရွက္ဖီးယူႏိုက္တက္က ဟန္ဒါဆင္နဲ႔ ဘန္ေလကနစ္ခ္ပုတ္တို႔ကို ေခၚယူဖို႔ အဆင္ေျပႏိုင္ေပမယ့္ ေအာ့ဘလက္ခ္ကိုသာ ခ်ဲလ္ဆီးအေနနဲ႔ ဦးစားေပးေခၚယူဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းရဲ႕ေနာက္ခံလူေဟာင္း ဖရန္႔ခ္ဆင္ကလဲယားက “ လမ္းပတ္အေနနဲ႔ ကီပါရဲ႕ေနရာမွာအစားထိုးဖို႔ ဂိုးသမား ရွာေနတယ္ဆိုတာ ဘာမွလွ်ိဳဝွက္ထားစရာမရွိပါဘူး။ ကီပါက ေနာက္ပိုင္းပြဲေတြမွာ လက္စြမ္းက်ၿပီး အမွားေတြက်ဴးလြန္ခဲ့ တာကို အားလံုးေတြ႕မွာပါ။လီဗာပူး၊ မန္စီးတီးတို႔ဟာ ဂိုးသမားေကာင္းေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ ခ်န္ပီယံဆုရဖို႔ ေရပန္းစားေနတာပါ။ခ်ဲလ္ဆီးအေနနဲ႔ ခ်န္ပီယံဆုရဖို႔အတြက္ဆိုရင္ ေအာ့ဘလက္ခ္လို ကစားသမားမ်ိဳးကိုေခၚယူသင့္ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။
ခ်ဲလ္ဆီးနည္းျပလမ္းပတ္အေနနဲ႔ အသင္းကိုေျပာင္းလဲမႈ ျပဳလုပ္ေနတာျဖစ္ၿပီး ေႏြရာသီအေျပာင္းေရႊ႕မွာ တီမိုဝါနာ၊ဇီယက္ တို႔ကို ေခၚယူထားၿပီး ျဖစ္သလို ေလဗာကူဆင္က ကိုင္ဟာဗက္ဇ္နဲ႔ လက္စတာက ဘင္ခ်ီဝဲလ္တို႔ကိုလည္း စိတ္ဝင္စားေန တယ္လို႔သိရပါတယ္။ လမ္းပတ္အေနနဲ႔ အသင္းရဲ႕ကစားကြက္နဲ႔ အံ့မဝင္တဲ့ကစားသမားအခ်ိဳ႕ကိုလည္း ေရာင္းခ်ဖို႔ စီစဥ္ ေနတယ္လို႔ သိရပါတယ္။