ဖာဂူဆန် လက်အောက်မှာ အဆူမခံရဘူးတဲ့ ကစားသမားနာမည်တွေကို ထုတ်ဖော်ပြောလိုက်တဲ့ ယူနိုက်တက် ကစား သမားဟောင်း ရွိုင်ယန်ဂစ်

ယူနိုက်တက်အသင်းရဲ့ဂန္တဝင်တစ်ဦးဖြစ်တဲ့ ရွိုင်ယန်ဂစ်က အသင်းကို ၂၇ နှစ်တာကိုင်တွယ်သွားခဲ့တဲ့ နည်းပြကြီး ဖာဂူ ဆန်ရဲ့ လက်အောက်မှာ ကစားသမားတွေအနေနဲ့ ဆူပူကြိမ်းမောင်းမှုတွေ ခံခဲ့ရပေမယ့် ဘယ်တော့မှအဆူခံရခြင်းမရှိတဲ့ ကစားသမား ၄ယောက်ရဲ့နာမည်တွေကို ထုတ်ဖော်ပြောခဲ့ပါတယ်။ ရွိုင်ယန်ဂစ်မှာ ဖာဂူဆန်နဲ့အတူ လက်တွဲပြီး ပရီးမီးယား လိဂ်ဖလားကို ၁၃ ကြိမ်ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

beIN Sports ကနေတဆင့် ရွိုင်ယန်ဂစ်က “ ဖာဂူဆန်အနေနဲ့ အသင်းနိုင်ပွဲမရတာဖြစ်ဖြစ်၊ အမှားတစ်ခုခုလုပ်မိပြီဆိုရင် ဆူပူကြိမ်းမောင်းလေ့ရှိပါတယ်။ ဒါပေမယ့် သူရဲ့လက်ထက်မှာ ဘယ်တော့မှ အဆူမခံရတဲ့ကစားသမားတွေရှိခဲ့ပြီး အများ ကြီးတော့ မဟုတ်ခဲ့ပါဘူး။ အားလုံးပေါင်းမှ ၄ ယောက်ပဲရှိခဲ့ပါတယ်။ ဒီကစားသမားတွေကတော့ ကန်တိုနာ၊ဘရွိုင်ယန် ရော်ဆင်၊ ရွိုင်ကိန်းနဲ့ စီရော်နယ်ဒိုတို့ပဲ ဖြစ်တယ်” လို့ပြောခဲ့ပါတယ်။

ရွိုင်ယန်ဂစ်က “ တစ်ချို့ပွဲတွေမှာဆိုရင် အဲရစ်(ကန်တိုနာ)အနေနဲ့ ဘာမှလုပ်မပြနိုင်ခဲ့တာတွေရှိပါတယ်။ ဂိုးလည်းမသွင်း နိုင်သလို တီဗက်ဇ်၊ရူနီတို့လိုမျိုးလည်း မပြေးနိုင်ခဲ့ပါဘူး။ အဝတ်လဲခန်းအတွင်း သူ့ဘေးနားမှာထိုင်နေပြီး အဆူခံရတော့ မယ်လို့ ထင်ခဲ့ပေမယ့် ဖာဂူဆန်က လာပြီးမဆူခဲ့ပါဘူး။ ဒါပေမယ့် နောက်ပွဲစဉ်မှာတေ့ အဲရစ်အနေနဲ့ ခြေစွမ်းပြပြီး ဂိုးသွင်း ယူနိုင်ခဲ့တာမျိုးတွေ ရှိပါတယ်” လို့ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ရူနီကတော့ ဖာဂူဆန်အနေနဲ့ အသင်းမှာရှိတဲ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို အကောင်းဆုံးအသုံးချနိုင်တဲ့သူလို့ ထုတ်ဖော်ပြောခဲ့သလို သူအနေနဲ့ အကောင်းဆုံးကစားနိုင်တဲ့ပွဲ တွေမှာတောင် ဖာဂူဆန်ရဲ့ ဆူခြင်းကိုခံရလေ့ရှိကြောင်းပြောခဲ့ပါတယ်။ ဖာဂူဆန်ဟာ ယူနိုက်တက်ကို နည်းပြခဲ့တဲ့ ၂၇ နှစ် တာကာလအအတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ ၁၃ ကြိမ်၊ အက်ဖ်အေဖလားချန်ပီယံ ၅ကြိမ်၊ ချန်ပီယံလိဂ် ၂ကြိမ်နဲ့ ဖီဖာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ၁ကြိမ်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ဖာဂူဆန္ လက္ေအာက္မွာ အဆူမခံရဘူးတဲ့ ကစားသမားနာမည္ေတြကို ထုတ္ေဖာ္ေျပာလိုက္တဲ့ ယူႏိုက္တက္ ကစား သမားေဟာင္း ရြိဳင္ယန္ဂစ္
ယူႏိုက္တက္အသင္းရဲ႕ဂႏၲဝင္တစ္ဦးျဖစ္တဲ့ ရြိဳင္ယန္ဂစ္က အသင္းကို ၂၇ ႏွစ္တာကိုင္တြယ္သြားခဲ့တဲ့ နည္းျပႀကီး ဖာဂူ ဆန္ရဲ႕ လက္ေအာက္မွာ ကစားသမားေတြအေနနဲ႔ ဆူပူႀကိမ္းေမာင္းမႈေတြ ခံခဲ့ရေပမယ့္ ဘယ္ေတာ့မွအဆူခံရျခင္းမရွိတဲ့ ကစားသမား ၄ေယာက္ရဲ႕နာမည္ေတြကို ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ ရြိဳင္ယန္ဂစ္မွာ ဖာဂူဆန္နဲ႔အတူ လက္တြဲၿပီး ပရီးမီးယား လိဂ္ဖလားကို ၁၃ ႀကိမ္ရယူႏိုင္ခဲ့တဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။
beIN Sports ကေနတဆင့္ ရြိဳင္ယန္ဂစ္က “ ဖာဂူဆန္အေနနဲ႔ အသင္းႏိုင္ပြဲမရတာျဖစ္ျဖစ္၊ အမွားတစ္ခုခုလုပ္မိၿပီဆိုရင္ ဆူပူႀကိမ္းေမာင္းေလ့ရွိပါတယ္။ ဒါေပမယ့္ သူရဲ႕လက္ထက္မွာ ဘယ္ေတာ့မွ အဆူမခံရတဲ့ကစားသမားေတြရွိခဲ့ၿပီး အမ်ား ႀကီးေတာ့ မဟုတ္ခဲ့ပါဘူး။ အားလံုးေပါင္းမွ ၄ ေယာက္ပဲရွိခဲ့ပါတယ္။ ဒီကစားသမားေတြကေတာ့ ကန္တိုနာ၊ဘရြိဳင္ယန္ ေရာ္ဆင္၊ ရြိဳင္ကိန္းနဲ႔ စီေရာ္နယ္ဒိုတို႔ပဲ ျဖစ္တယ္” လို႔ေျပာခဲ့ပါတယ္။
ရြိဳင္ယန္ဂစ္က “ တစ္ခ်ိဳ႕ပြဲေတြမွာဆိုရင္ အဲရစ္(ကန္တိုနာ)အေနနဲ႔ ဘာမွလုပ္မျပႏိုင္ခဲ့တာေတြရွိပါတယ္။ ဂိုးလည္းမသြင္း ႏိုင္သလို တီဗက္ဇ္၊႐ူနီတို႔လိုမ်ိဳးလည္း မေျပးႏိုင္ခဲ့ပါဘူး။ အဝတ္လဲခန္းအတြင္း သူ႕ေဘးနားမွာထိုင္ေနၿပီး အဆူခံရေတာ့ မယ္လို႔ ထင္ခဲ့ေပမယ့္ ဖာဂူဆန္က လာၿပီးမဆူခဲ့ပါဘူး။ ဒါေပမယ့္ ေနာက္ပြဲစဥ္မွာေတ့ အဲရစ္အေနနဲ႔ ေျခစြမ္းျပၿပီး ဂိုးသြင္း ယူႏိုင္ခဲ့တာမ်ိဳးေတြ ရွိပါတယ္” လို႔ေျပာခဲ့ပါတယ္။
ယူႏိုက္တက္အသင္းတိုက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ ႐ူနီကေတာ့ ဖာဂူဆန္အေနနဲ႔ အသင္းမွာရွိတဲ့ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ေတြကို အေကာင္းဆံုးအသံုးခ်ႏိုင္တဲ့သူလို႔ ထုတ္ေဖာ္ေျပာခဲ့သလို သူအေနနဲ႔ အေကာင္းဆံုးကစားႏိုင္တဲ့ပြဲ ေတြမွာေတာင္ ဖာဂူဆန္ရဲ႕ ဆူျခင္းကိုခံရေလ့ရွိေၾကာင္းေျပာခဲ့ပါတယ္။ ဖာဂူဆန္ဟာ ယူႏိုက္တက္ကို နည္းျပခဲ့တဲ့ ၂၇ ႏွစ္ တာကာလအအတြင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ ၁၃ ႀကိမ္၊ အက္ဖ္ေအဖလားခ်န္ပီယံ ၅ႀကိမ္၊ ခ်န္ပီယံလိဂ္ ၂ႀကိမ္နဲ႔ ဖီဖာ ကလပ္ကမ႓ာ့ဖလားခ်န္ပီယံ ၁ႀကိမ္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။