ချန်ပီယံလိဂ်ဆိုရင် မထင်မှတ်တာတွေ လုပ်ပြလေ့ရှိတဲ့ ရီးရဲလ်ကြောင့် အသင်းကိုသတိပေးထားတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ပွဲတွေမှာ မထင်မှတ်တာတွေလုပ်ပြလေ့ရှိတဲ့ ရီးရဲလ်ကြောင့် ပထမအကျော့ က အနိုင်ရထားပေမယ့် ဒီနေ့ညမှာ ကစားမယ့်ဒုတိယအကျော့ပွဲစဉ်ကို မန်စီးတီးအသင်းသားတွေအနေနဲ့ ပေါ့ဆလို့မရကြောင်း သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။ မန်စီးတီးဟာ ဖေဖော်ဝါရီလတုန်းက ကစားခဲ့တဲ့ပထမအကျော့တုန်းက ရီးရဲလ်ကွင်း ဘာနေ ဗျူးမှာ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ဒီနှစ်ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးအသင်း သတ်မှတ်ခံထားရပေမယ့် ချန်ပီ ယံလိဂ်မှာ အကြိမ်အများဆုံးအဖြစ် ၁၃ ကြိမ်ချန်ပီယံဖြစ်ထားတဲ့ ရီးရဲလ်ရဲ့ ခြေစွမ်းကို ထိတ်လန့်နေတာဖြစ်ပါတယ်။ ဒီနေ့ ညမှာ မန်စီးတီးအနေနဲ့ ပရိသတ်မပါဘဲ ကစားရမှာဖြစ်တာကြောင့် အိမ်ကွင်းဆိုပေမယ့် အားသားချက်မရှိဘူး ဖြစ်နေတယ် လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစားရှင်းလင်းပွဲမှာတော့ ဂွါဒီယိုလာက “ အသင်းအနေနဲ့ ရီးရဲလ်ကို ဘယ်လိုအသာ ရနိုင်မလဲဆိုတာကို ဦးတည်ပြီးပြောခဲ့ကြပါတယ်။ ဒီအတိုင်းပွဲကစားချိန်မှာ ကစားနိုင်ဖို့လုပ်ဆောင်သွားမှာပါ။ မက်ဒရစ်မှာ ကစားခဲ့တာထက် ပိုကောင်းအောင်ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ပြောခဲ့ပါတယ်။ နည်းပြဘဝမှာ ဂွါဒီယိုလာ အနေ နဲ့ ရီးရဲလ်နဲ့ ထိပ်တိုက်တွေဆုံခဲ့တဲ့ ၁၈ ကြိမ်မှာ ၁၀ ကြိမ်နိုင်ပြီး ၄ ကြိမ်ပဲ ရှုံးနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်အတွက် မန်စီးတီးမှာ အဓိကတိုက်စစ်မှူးဖြစ်တဲ့ အဂူရိုအနေနဲ့ ပါဝင် ကစားနိုင်ဦးမှာမဟုတ်သေးဘူးလို့ သိရပါတယ်။ အဂူရိုအနေနဲ့ ဒဏ်ရာကြောင့် မန်စီးတီးရဲ့ ရာသီသိမ်းပွဲစဉ်အချို့ကို လွဲ ချော်ခဲ့ရပြီး ချန်ပီယံလိဂ်မှာပြန်လည်ကစားနိုင်မယ်လို့ အစောပိုင်းက သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။ အဂူရို မပါနိုင် တာကြောင့် ဂွါဒီယိုလာအနေနဲ့ လူငယ်တိုက်စစ်မှူး ဂျီးဆပ်စ်ကိုပဲ အထောင်တိုက်စစ်မှူးအဖြစ် ကစားလာစေဖို့ ရှိနေတယ် လို့ သိရပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္ဆိုရင္ မထင္မွတ္တာေတြ လုပ္ျပေလ့ရွိတဲ့ ရီးရဲလ္ေၾကာင့္ အသင္းကိုသတိေပးထားတဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ
မန္စီးတီးနည္းျပ ဂြါဒီယိုလာက ခ်န္ပီယံလိဂ္ပြဲေတြမွာ မထင္မွတ္တာေတြလုပ္ျပေလ့ရွိတဲ့ ရီးရဲလ္ေၾကာင့္ ပထမအေက်ာ့ က အႏိုင္ရထားေပမယ့္ ဒီေန႔ညမွာ ကစားမယ့္ဒုတိယအေက်ာ့ပြဲစဥ္ကို မန္စီးတီးအသင္းသားေတြအေနနဲ႔ ေပါ့ဆလို႔မရေၾကာင္း သတိေပးမႈ ျပဳလုပ္ခဲ့ပါတယ္။ မန္စီးတီးဟာ ေဖေဖာ္ဝါရီလတုန္းက ကစားခဲ့တဲ့ပထမအေက်ာ့တုန္းက ရီးရဲလ္ကြင္း ဘာေန ဗ်ဴးမွာ ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။
ဂြါဒီယိုလာရဲ႕ မန္စီးတီးဟာ ဒီႏွစ္ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔အတြက္ ေရပန္းအစားဆံုးအသင္း သတ္မွတ္ခံထားရေပမယ့္ ခ်န္ပီ ယံလိဂ္မွာ အႀကိမ္အမ်ားဆံုးအျဖစ္ ၁၃ ႀကိမ္ခ်န္ပီယံျဖစ္ထားတဲ့ ရီးရဲလ္ရဲ႕ ေျခစြမ္းကို ထိတ္လန္႔ေနတာျဖစ္ပါတယ္။ ဒီေန႔ ညမွာ မန္စီးတီးအေနနဲ႔ ပရိသတ္မပါဘဲ ကစားရမွာျဖစ္တာေၾကာင့္ အိမ္ကြင္းဆိုေပမယ့္ အားသားခ်က္မရွိဘူး ျဖစ္ေနတယ္ လို႔ ဂြါဒီယိုလာက ေျပာခဲ့ပါတယ္။
ၾကာသပေတးေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစားရွင္းလင္းပြဲမွာေတာ့ ဂြါဒီယိုလာက “ အသင္းအေနနဲ႔ ရီးရဲလ္ကို ဘယ္လိုအသာ ရႏိုင္မလဲဆိုတာကို ဦးတည္ၿပီးေျပာခဲ့ၾကပါတယ္။ ဒီအတိုင္းပြဲကစားခ်ိန္မွာ ကစားႏိုင္ဖို႔လုပ္ေဆာင္သြားမွာပါ။ မက္ဒရစ္မွာ ကစားခဲ့တာထက္ ပိုေကာင္းေအာင္ကစားႏိုင္မယ္လို႔ ယံုၾကည္ပါတယ္” လို႔ေျပာခဲ့ပါတယ္။ နည္းျပဘဝမွာ ဂြါဒီယိုလာ အေန နဲ႔ ရီးရဲလ္နဲ႔ ထိပ္တိုက္ေတြဆံုခဲ့တဲ့ ၁၈ ႀကိမ္မွာ ၁၀ ႀကိမ္ႏိုင္ၿပီး ၄ ႀကိမ္ပဲ ရႈံးႏိုင္ခဲ့တာျဖစ္ပါတယ္။
ရီးရဲလ္နဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ပြဲစဥ္အတြက္ မန္စီးတီးမွာ အဓိကတိုက္စစ္မွဴးျဖစ္တဲ့ အဂူ႐ိုအေနနဲ႔ ပါဝင္ ကစားႏိုင္ဦးမွာမဟုတ္ေသးဘူးလို႔ သိရပါတယ္။ အဂူ႐ိုအေနနဲ႔ ဒဏ္ရာေၾကာင့္ မန္စီးတီးရဲ႕ ရာသီသိမ္းပြဲစဥ္အခ်ိဳ႕ကို လြဲ ေခ်ာ္ခဲ့ရၿပီး ခ်န္ပီယံလိဂ္မွာျပန္လည္ကစားႏိုင္မယ္လို႔ အေစာပိုင္းက သတင္းေတြထြက္ေပၚခဲ့သူျဖစ္ပါတယ္။ အဂူ႐ို မပါႏိုင္ တာေၾကာင့္ ဂြါဒီယိုလာအေနနဲ႔ လူငယ္တိုက္စစ္မွဴး ဂ်ီးဆပ္စ္ကိုပဲ အေထာင္တိုက္စစ္မွဴးအျဖစ္ ကစားလာေစဖို႔ ရွိေနတယ္ လို႔ သိရပါတယ္။