လီဗာပူးသာ ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်ခဲ့ဘူးဆိုရင် ဆာလက်အနေနဲ့ အသင်းပြောင်းနိုင်ကြောင်း ပြောခဲ့တဲ့ ဟက်စကီး

လီဗာပူးတိုက်စစ်မှူးဟောင်း ဟက်စကီးက အသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု မရခဲ့ဘူးဆိုရင် အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆာလက်အနေနဲ့ အသင်းပြောင်းရွှေ့နိုင်ကြောင်းပြောခဲ့ပါတယ်။ ကိုဗစ်ကြောင့် ချန်ပီယံ ဖြစ် ဖို့စောင့်ဆိုင်းခဲ့ရတဲ့ လီဗာပူးဟာ နှစ် ၃၀ ကြာဝေး ကွာနေခဲ့တဲ့ အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပြီး အနီးစပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးကို ၁၈ မှတ်ဖြတ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆာလက်အနေနဲ့ လီဗာပူးနည်းပြကလော့ပ်ရဲ့လက်အောက်မှာ ခြေစွမ်းပြနိုင်ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၉ ဂိုး အထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုး ၁၉ ဂိုးဟာ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုအတွက် မလုံလောက်ခဲ့တာကြောင့် ဆာ လက်အနေနဲ့ ပရီးမီးယားလိဂ်မှာ ၃နှစ်ဆက်ရွှေဖိနပ်ဆု ရရှိမယ့်အခွင့်အရေး လွဲချော်ခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးမှာ ခြေ စွမ်းပြနေတဲ့ ဆာလက်ကို အစောပိုင်းမှာ ဘာစီလိုနာ၊ရီးရဲလ်တို့က ခေါ်ယူဖို့စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ဟက်စကီးက “ ဆာလက်က လီဗာပူးအတွက် အရေးကြီးတဲ့ကစားသမားတစ်ယောက်ပါ။ ကိုယ်တိုင်လည်း ဂိုးတွေသွင်းယူ နိုင်သလို ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်တဲ့သူပါ။ ဆာလက်အနေနဲ့ ဖာမီနို၊ မာနေးတို့နဲ့လည်း အကောင်းဆုံးတွဲဖက်ပြီး ကစားနိုင်တာကို တွေ့ရမှာပါ။ကျွန်တော်တစ်ယောက်တည်း အမြင်အရ လီဗာပူးအနေနဲ့ ပရီးမီးယားချန်ပီယံဖြစ်ခဲ့လို့သာ အသင်းမှာ ဆာလက် ဆက်ရှိနေခဲ့တာပါ။ ချန်ပီယံမဖြစ်ခဲ့ဘူးဆိုရင် သူအနေနဲ့ အသင်းပြောင်းသွားနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဆာလက်က “ အနာဂတ်မှာ ဘာတွေဖြစ်ပျက်မလဲဆိုတာ ဘယ်သူမှကြိုမပြောနိုင်ပါဘူး။ဒါပေမယ့် အခုချိန်မှာ လီဗာပူးနဲ့ ချန်ပီယံဖလား၊ ပရီးမီးယားလိဂ်ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တာကြောင့် ကျွန်တော်အနေနဲ့ ပျော်ရွှင်မိပါတယ်။လီဗာပူးအတွက် ဒီဖလားတွေက သမိုင်းသစ်ရေးထိုးနိုင်တဲ့ ဖလားတွေဖြစ်တာကြောင့် အရမ်းကိုပျော်ရွှင်မိပါတယ်။” လို့ LA FM Colombia ကိုပြောခဲ့ပါတယ်။ ဆာလက်ဟာ လီဗာပူးနဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားတစ်ဦးဖြစ်ပါတယ်။

zawgyi version

လီဗာပူးသာ ပရီးမီးယားလိဂ္ခ်န္ပီယံ မျဖစ္ခဲ့ဘူးဆိုရင္ ဆာလက္အေနနဲ႔ အသင္းေျပာင္းႏိုင္ေၾကာင္း ေျပာခဲ့တဲ့ ဟက္စကီး
လီဗာပူးတိုက္စစ္မွဴးေဟာင္း ဟက္စကီးက အသင္းအေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆု မရခဲ့ဘူးဆိုရင္ အဓိက တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဆာလက္အေနနဲ႔ အသင္းေျပာင္းေရႊ႕ႏိုင္ေၾကာင္းေျပာခဲ့ပါတယ္။ ကိုဗစ္ေၾကာင့္ ခ်န္ပီယံ ျဖစ္ ဖို႔ေစာင့္ဆိုင္းခဲ့ရတဲ့ လီဗာပူးဟာ ႏွစ္ ၃၀ ၾကာေဝး ကြာေနခဲ့တဲ့ အမွတ္ေပးခ်န္ပီယံဆုကို ရရွိခဲ့တာျဖစ္ၿပီး အနီးစပ္ဆံုး ၿပိဳင္ဘက္ျဖစ္တဲ့ မန္စီးတီးကို ၁၈ မွတ္ျဖတ္ထားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ဆာလက္အေနနဲ႔ လီဗာပူးနည္းျပကေလာ့ပ္ရဲ႕လက္ေအာက္မွာ ေျခစြမ္းျပႏိုင္ၿပီး ဒီရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၉ ဂိုး အထိသြင္းယူႏိုင္ခဲ့ပါတယ္။ ဒီသြင္းဂိုး ၁၉ ဂိုးဟာ ဂိုးသြင္းအမ်ားဆံုးေရႊဖိနပ္ဆုအတြက္ မလံုေလာက္ခဲ့တာေၾကာင့္ ဆာ လက္အေနနဲ႔ ပရီးမီးယားလိဂ္မွာ ၃ႏွစ္ဆက္ေရႊဖိနပ္ဆု ရရွိမယ့္အခြင့္အေရး လြဲေခ်ာ္ခဲ့တာပဲ ျဖစ္ပါတယ္။ လီဗာပူးမွာ ေျခ စြမ္းျပေနတဲ့ ဆာလက္ကို အေစာပိုင္းမွာ ဘာစီလိုနာ၊ရီးရဲလ္တို႔က ေခၚယူဖို႔စိတ္ဝင္စားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပၾက ပါတယ္။
ဟက္စကီးက “ ဆာလက္က လီဗာပူးအတြက္ အေရးႀကီးတဲ့ကစားသမားတစ္ေယာက္ပါ။ ကိုယ္တိုင္လည္း ဂိုးေတြသြင္းယူ ႏိုင္သလို ဂိုးဖန္တီးမႈေတြလည္း ျပဳလုပ္ႏိုင္တဲ့သူပါ။ ဆာလက္အေနနဲ႔ ဖာမီႏို၊ မာေနးတို႔နဲ႔လည္း အေကာင္းဆံုးတြဲဖက္ၿပီး ကစားႏိုင္တာကို ေတြ႕ရမွာပါ။ကြ်န္ေတာ္တစ္ေယာက္တည္း အျမင္အရ လီဗာပူးအေနနဲ႔ ပရီးမီးယားခ်န္ပီယံျဖစ္ခဲ့လို႔သာ အသင္းမွာ ဆာလက္ ဆက္ရွိေနခဲ့တာပါ။ ခ်န္ပီယံမျဖစ္ခဲ့ဘူးဆိုရင္ သူအေနနဲ႔ အသင္းေျပာင္းသြားႏိုင္ပါတယ္” လို႔ ေျပာခဲ့ ပါတယ္။
ဆာလက္က “ အနာဂတ္မွာ ဘာေတြျဖစ္ပ်က္မလဲဆိုတာ ဘယ္သူမွႀကိဳမေျပာႏိုင္ပါဘူး။ဒါေပမယ့္ အခုခ်ိန္မွာ လီဗာပူးနဲ႔ ခ်န္ပီယံဖလား၊ ပရီးမီးယားလိဂ္ခ်န္ပီယံဆုေတြ ရယူႏိုင္ခဲ့တာေၾကာင့္ ကြ်န္ေတာ္အေနနဲ႔ ေပ်ာ္ရႊင္မိပါတယ္။လီဗာပူးအတြက္ ဒီဖလားေတြက သမိုင္းသစ္ေရးထိုးႏိုင္တဲ့ ဖလားေတြျဖစ္တာေၾကာင့္ အရမ္းကိုေပ်ာ္ရႊင္မိပါတယ္။” လို႔ LA FM Colombia ကိုေျပာခဲ့ပါတယ္။ ဆာလက္ဟာ လီဗာပူးနဲ႔ ၂၀၂၃ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။