ဂျူဗင်တပ်နည်းပြ ဆာရီအနေနဲ့ ဂျော်ဂျင်ဟိုကိုခေါ်ယူဖို့ ဆက်သွယ်ခဲ့ခြင်းမရှိသေးဘူးလို့ ကစားသမားရဲ့အေးဂျင့် ပြောဆို

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့အေးဂျင့်ဖြစ်သူက ဂျူဗင်တပ်နည်းပြဆာရီအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကွင်း လယ်ကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပေမယ့် ခေါ်ယူဖို့အတွက်ဆက်သွယ်မှုပြုလုပ် ခြင်းမရှိသေးဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ဂျော်ဂျင်ဟိုကို ရောင်းချမယ့်သတင်းတွေ ထွက် နေတာဖြစ်ပြီး နည်းပြဟောင်း ဆာရီက ဂျော်ဂျင်ဟိုကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဂျော်ဂျင်ဟိုဟာ ဂျူဗင်တပ်နည်းပြ ဆာရီနဲ့အတူ နာပိုလီ၊ ချဲလ်ဆီးအသင်းတွေဟာ အတူရှိခဲ့ဖူး တဲ့သူတွေဖြစ်ပြီး ဆာရီရဲ့စိတ်ကြိုက်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဂျော်ဂျင်ဟို ဟာ ချဲလ်ဆီးကို ဆာရီကိုင်တွယ်ခဲ့ တုန်းက အဓိက,ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိနည်းပြဖြစ်တဲ့ လမ်းပတ်ရဲ့လက်အောက်မှာတော့ ပုံမှန်ပွဲထွက်ခွင့် ရဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျာအိုဆန်းတို့စ်က “ ဆာရီအနေနဲ့ ဂျူဗင်တပ်နဲပတ်သက်ပြီး ဂျော်ဂျင်ဟိုကို သီးသန့်ပြောဆို တာတွေ မရှိပါဘူး။ သတင်းတွေမှာ ဖော်ပြနေတာကို ကျွန်တော်တို့ သိပေမယ့် တိုက်ရိုက်ဆက်သွယ် လာတာမျိုးတော့ မရှိ သေးပါဘူး။ နှစ်သင်းစလုံးရဲ့ အားကစားဒါရိုက်တာတွေအနေနဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုတစ်ခုကို ရှာတွေ့ နိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာ ဒီရာသီမှာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၄၄ ပွဲကစားခွင့်ရခဲ့တာဖြစ်ပြီး ၇ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအနေ နဲ့ ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့တုန်းက ပေါင် ၅၇ သန်းအထိ အသုံးပြုခဲ့တာကြောင့် ရောင်းချမယ့်ဆိုရင်လည်း ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေးနီးပါးအလိုရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် ဂျော်ဂျင်ဟိုရဲ့ လက်ရှိဈေးကွက်တန်ကြေးက ပေါင် ၄၆ သန်း သာ ရှိနေတာကြောင့် ချဲလ်ဆီးအနေနဲ့ ပေါင် ၁၁ သန်းလောက်အထိ နစ်နာဖို့ရှိနေတာဖြစ်ပါတယ်။

zawgyi version

ဂ်ဴဗင္တပ္နည္းျပ ဆာရီအေနနဲ႔ ေဂ်ာ္ဂ်င္ဟိုကိုေခၚယူဖို႔ ဆက္သြယ္ခဲ့ျခင္းမရွိေသးဘူးလို႔ ကစားသမားရဲ႕ေအးဂ်င့္ ေျပာဆို
ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုရဲ႕ေအးဂ်င့္ျဖစ္သူက ဂ်ဴဗင္တပ္နည္းျပဆာရီအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကြင္း လယ္ကစားသမားကိုေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေနေပမယ့္ ေခၚယူဖို႔အတြက္ဆက္သြယ္မႈျပဳလုပ္ ျခင္းမရွိေသးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေဂ်ာ္ဂ်င္ဟိုကို ေရာင္းခ်မယ့္သတင္းေတြ ထြက္ ေနတာျဖစ္ၿပီး နည္းျပေဟာင္း ဆာရီက ေဂ်ာ္ဂ်င္ဟိုကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။
အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ ေဂ်ာ္ဂ်င္ဟိုဟာ ဂ်ဴဗင္တပ္နည္းျပ ဆာရီနဲ႔အတူ နာပိုလီ၊ ခ်ဲလ္ဆီးအသင္းေတြဟာ အတူရွိခဲ့ဖူး တဲ့သူေတြျဖစ္ၿပီး ဆာရီရဲ႕စိတ္ႀကိဳက္ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ဟို ဟာ ခ်ဲလ္ဆီးကို ဆာရီကိုင္တြယ္ခဲ့ တုန္းက အဓိက,ကစားသမားတစ္ဦးျဖစ္ခဲ့ေပမယ့္ လက္ရွိနည္းျပျဖစ္တဲ့ လမ္းပတ္ရဲ႕လက္ေအာက္မွာေတာ့ ပံုမွန္ပြဲထြက္ခြင့္ ရဖို႔အတြက္ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။
ေဂ်ာ္ဂ်င္ဟိုရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ဂ်ာအိုဆန္းတို႔စ္က “ ဆာရီအေနနဲ႔ ဂ်ဴဗင္တပ္နဲပတ္သက္ၿပီး ေဂ်ာ္ဂ်င္ဟိုကို သီးသန္႔ေျပာဆို တာေတြ မရွိပါဘူး။ သတင္းေတြမွာ ေဖာ္ျပေနတာကို ကြ်န္ေတာ္တို႔ သိေပမယ့္ တိုက္႐ိုက္ဆက္သြယ္လာတာမ်ိဳးေတာ့ မရွိ ေသးပါဘူး။ ႏွစ္သင္းစလံုးရဲ႕ အားကစားဒါ႐ိုက္တာေတြအေနနဲ႔ အေျပာင္းအေရႊ႕အတြက္ သေဘာတူညီမႈတစ္ခုကို ရွာေတြ႕ ႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။
ေဂ်ာ္ဂ်င္ဟိုဟာ ဒီရာသီမွာ ခ်ဲလ္ဆီးအတြက္ ၿပိဳင္ပြဲစံု ၄၄ ပြဲကစားခြင့္ရခဲ့တာျဖစ္ၿပီး ၇ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအေန နဲ႔ ေဂ်ာ္ဂ်င္ဟိုကို ေခၚယူခဲ့တုန္းက ေပါင္ ၅၇ သန္းအထိ အသံုးျပဳခဲ့တာေၾကာင့္ ေရာင္းခ်မယ့္ဆိုရင္လည္း ေခၚယူစဥ္က ေျပာင္းေရႊ႕ေၾကးနီးပါးအလိုရွိေနတာျဖစ္ပါတယ္။ဒါေပမယ့္ ေဂ်ာ္ဂ်င္ဟိုရဲ႕ လက္ရွိေစ်းကြက္တန္ေၾကးက ေပါင္ ၄၆ သန္း သာ ရွိေနတာေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ ေပါင္ ၁၁ သန္းေလာက္အထိ နစ္နာဖို႔ရွိေနတာျဖစ္ပါတယ္။