လူငယ်နောက်ခံလူ အဲရစ်ဂါစီယာက အသင်းနဲ့ စာချုပ်သက်တမ်း မတိုးချင်တော့ဘူးလို့ ပြောခဲ့တာကို ထုတ်ဖော်ပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လူငယ်နောက်ခံလူ အဲရစ်ဂါစီယာက အသင်းနဲ့ စာချုပ်သစ် ထပ်မချုပ်ချင်တော့ဘူးလို့ ပြောခဲ့တာကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ ပထမအသင်းကြီး ပွဲကစားခွင့်ရလာတဲ့ အသက် ၁၉ နှစ်အရွယ် အရည်အသွေးမြင့် နောက်ခံလူဟာ ငယ်ဘဝကလပ် ဘာစီလိုနာအသင်းရဲ့ ဆက်သွယ်တာကို ခံနေရသူ ဖြစ်ပါတယ်။

အဲရစ်ဂါစီယာဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ၂၀၁၇ ခုနှစ်က ထွက်ခွာလာခဲ့ပြီး အီတီဟတ်ကို ပြောင်းခဲ့တာဖြစ်ပြီး လက်ရှိ စာချုပ်သက်တမ်း (၁) နှစ်ပဲ ကျန်တော့တာပါ။ သူဟာ စာချုပ်သက်တမ်း မတိုးချင်တော့တာဖြစ်လို့ နောက်ရာသီအကုန်မှာ အသင်းကနေ အလွတ်ထွက်ခွာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

“သူက သူ မန်စီးတီးအသင်း နဲ့ စာချုပ်သက်တမ်း မတိုးချင်တော့ဘူးလို့ ကျွန်တော်တို့ကို ပြောပြခဲ့ပါတယ်။ သူစာချုပ်သက်တမ်းက တစ်နှစ် ကျန်သေးပါတယ်။ ကျွန်တော်တို့က သက်တမ်းတိုးချင်ပေမယ့် သူက မတိုးချင်တော့တာပါ။ ဒါကြောင့် ကျွန်တော့်အထင် သူဟာ တခြားမှာ သွားကစားချင်တယ်ထင်ပါတယ်” လို့ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။

အဲရစ်ဂါစီယာဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် (၁၃) ပွဲကစားထားပြီး အသင်းရဲ့ နောက်တန်းမှာ နေရာ တစ်နေရာ ရလာခဲ့သူဖြစ်ပါတယ်။ သူဟာ ရာသီကုန်တဲ့အထိ အသင်းရဲ့ နောက်တန်းမှာ လာပေါ်တေး နဲ့အတူ တွဲဖက်ကစားခွင့် ရခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဘာစီလိုနာအသင်းက သတိပြုမိပြီး ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အဲရစ်ဂါစီယာကို ပီကေး နေရာမှာ ရေရှည်အစားထိုးရန် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

လူငယ္ေနာက္ခံလူ အဲရစ္ဂါစီယာက အသင္းနဲ႔ စာခ်ဳပ္သက္တမ္း မတိုးခ်င္ေတာ့ဘူးလို႔ ေျပာခဲ့တာကို ထုတ္ေဖာ္ေျပာၾကားလာတဲ့ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက လူငယ္ေနာက္ခံလူ အဲရစ္ဂါစီယာက အသင္းနဲ႔ စာခ်ဳပ္သစ္ ထပ္မခ်ဳပ္ခ်င္ေတာ့ဘူးလို႔ ေျပာခဲ့တာကို ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ဒီရာသီမွာ မန္စီးတီးအသင္းရဲ႕ ပထမအသင္းၾကီး ပြဲကစားခြင့္ရလာတဲ့ အသက္ ၁၉ ႏွစ္အရြယ္ အရည္အေသြးျမင့္ ေနာက္ခံလူဟာ ငယ္ဘ၀ကလပ္ ဘာစီလိုနာအသင္းရဲ႕ ဆက္သြယ္တာကို ခံေနရသူ ျဖစ္ပါတယ္။

အဲရစ္ဂါစီယာဟာ ဘာစီလိုနာအသင္းရဲ႕ လာမာစီယာ အကယ္ဒမီကေန ၂၀၁၇ ခုႏွစ္က ထြက္ခြာလာခဲ့ျပီး အီတီဟတ္ကို ေျပာင္းခဲ့တာျဖစ္ျပီး လက္ရွိ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ပဲ က်န္ေတာ့တာပါ။ သူဟာ စာခ်ဳပ္သက္တမ္း မတိုးခ်င္ေတာ့တာျဖစ္လို႔ ေနာက္ရာသီအကုန္မွာ အသငး္ကေန အလြတ္ထြက္ခြာဖြယ္ရွိေနတာ ျဖစ္ပါတယ္။

“သူက သူ မန္စီးတီးအသင္း နဲ႔ စာခ်ဳပ္သက္တမ္း မတိုးခ်င္ေတာ့ဘူးလို႔ ကၽြန္ေတာ္တို႔ကို ေျပာျပခဲ့ပါတယ္။ သူစာခ်ဳပ္သက္တမး္က တစ္ႏွစ္ က်န္ေသးပါတယ္။ ကၽြန္ေတာ္တို႔က သက္တမး္တိုးခ်င္ေပမယ့္ သူက မတိုးခ်င္ေတာ့တာပါ။ ဒါေၾကာင့္ ကၽြန္ေတာ့္အထင္ သူဟာ တျခားမွာ သြားကစားခ်င္တယ္ထင္ပါတယ္” လို႔ ဂြါဒီယိုလာက ေျပာသြားခဲ့ပါတယ္။

အဲရစ္ဂါစီယာဟာ ဒီရာသီမွာ မန္စီးတီးအသင္းအတြက္ ပရီးမီးယားလိဂ္ (၁၃) ပြဲကစားထားျပီး အသင္းရဲ႕ ေနာက္တန္းမွာ ေနရာ တစ္ေနရာ ရလာခဲ့သူျဖစ္ပါတယ္။ သူဟာ ရာသီကုန္တဲ့အထိ အသင္းရဲ႕ ေနာက္တန္းမွာ လာေပၚေတး နဲ႔အတူ တြဲဖက္ကစားခြင့္ ရခဲ့ပါတယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ ဘာစီလုိနာအသင္းက သတိျပဳမိျပီး ပစ္မွတ္ထားလာတာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ အဲရစ္ဂါစီယာကို ပီေကး ေနရာမွာ ေရရွည္အစားထိုးရန္ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။