ဂျာဒွန်ဆန်ချိုထက် ဟယ်ရီကိန်း ကို ခေါ်ယူသင့်တယ်လို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ပေါလ်စခိုးလ်

ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ်က ဂျာဒွန်ဆန်ချိုကို ဒီနွေရာသီမှာ ခေါ်ယူမယ့် အစား စပါးအသင်းရဲ့ တိုက်စစ်မှုး ဟယ်ရီကိန်းကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောသွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂျာဒွန်ဆန်ချိုကို ငွေအလုံးအရင်းနဲ့ ခေါ်ယူရန် တောက်လျှောက်ဆက်သွယ်နေသော်လည်း အခုအချိန်အထိ သဘောတူညီမှု မရှိသေးဘူး ဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ပျောက်ဆုံးခဲ့လို့ မော်ရင်ဟိုရဲ့ စပါးအသင်း တိုက်စစ်မှုး ဟယ်ရီကိန်း ရဲ့ အနာဂတ် သတင်းတွေ နဲ့ ပတ်သက်ပြီးမေးခွန်းများစွာ ထွက်ပေါ်နေပါတယ်။ ပေါလ်စခိုးလ်က ဂျာဒွန်ဆန်ချိုဟာ ထိပ်တန်းအရည်အသွေးမြင့် ဘောလုံးသမား တစ်ယောက်ဖြစ်သော်လည်း အင်္ဂလိပ် ကစားသမားဟာ ဟယ်ရီကိန်းကို ခေါ်ယူတာက အသင်းဟောင်းအတွက် လက်ရှိ လိုအပ်နေတဲ့ အရာကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“ဒီလိုအခြေအနေမှာ ဆန်ချို ထက် ဟယ်ရိကိန်း ကို ယူနိုက်တက် ခေါ်ယူစေချင်ပါတယ်။ အဲ့လိုပြောလို့ တခြားမတွေးလိုက်ပါတယ်။ ဆန်ချိုဟာ အရည်အသွေးမြင့်တဲ့ ထိပ်တန်း ဘောလုံးသမား တစ်ယောက်ပါ” လို့ ပေါလ်စခိုးလ်က BT Sport အားကစားသတင်းဌာနကို ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၃) နေရာမှာ ရပ်တည်ခဲ့ရပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ မနေ့ညက ယူရိုပါလိဂ် (၁၆) သင်းအဆင့်မှာလည်း LASK အသင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာ ကိုဗေဟေဂင် အသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ဂ်ာဒြန္ဆန္ခ်ိဳထက္ ဟယ္ရီကိန္း ကို ေခၚယူသင့္တယ္လို႔ ယူႏိုက္တက္ကို တိုက္တြန္းလိုက္တဲ့ ေပါလ္စခုိးလ္

ယူႏိုက္တက္ကြင္းလယ္ကစားသမားေဟာင္း ေပါလ္စခိုးလ္က ဂ်ာဒြန္ဆန္ခ်ိဳကို ဒီေႏြရာသီမွာ ေခၚယူမယ့္ အစား စပါးအသင္းရဲ႕ တိုက္စစ္မႈး ဟယ္ရီကိန္းကုိ ေခၚယူသင့္တယ္လို႔ တိုက္တြန္းေျပာသြားခဲ့ပါတယ္။ယူႏိုက္တက္အသင္းဟာ ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဂ်ာဒြန္ဆန္ခ်ိဳကို ေငြအလံုးအရင္းနဲ႔ ေခၚယူရန္ ေတာက္ေလွ်ာက္ဆက္သြယ္ေနေသာ္လည္း အခုအခ်ိန္အထိ သေဘာတူညီမႈ မရွိေသးဘူး ျဖစ္ပါတယ္။

၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ ေပ်ာက္ဆံုးခဲ့လို႔ ေမာ္ရင္ဟိုရဲ႕ စပါးအသင္း တိုက္စစ္မႈး ဟယ္ရီကိန္း ရဲ႕ အနာဂတ္ သတင္းေတြ နဲ႔ ပတ္သက္ျပီးေမးခြန္းမ်ားစြာ ထြက္ေပၚေနပါတယ္။ ေပါလ္စခိုးလ္က ဂ်ာဒြန္ဆန္ခ်ိဳဟာ ထိပ္တန္းအရည္အေသြးျမင့္ ေဘာလံုးသမား တစ္ေယာက္ျဖစ္ေသာ္လည္း အဂၤလိပ္ ကစားသမားဟာ ဟယ္ရီကိန္းကို ေခၚယူတာက အသင္းေဟာင္းအတြက္ လက္ရွိ လိုအပ္ေနတဲ့ အရာကို ျဖည့္ဆည္းေပးႏိုင္မယ္လို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။

“ဒီလိုအေျခအေနမွာ ဆန္ခ်ိဳ ထက္ ဟယ္ရိကိန္း ကို ယူႏိုက္တက္ ေခၚယူေစခ်င္ပါတယ္။ အဲ့လိုေျပာလို႔ တျခားမေတြးလိုက္ပါတယ္။ ဆန္ခ်ိဳဟာ အရည္အေသြးျမင့္တဲ့ ထိပ္တန္း ေဘာလံုးသမား တစ္ေယာက္ပါ” လို႔ ေပါလ္စခုိးလ္က BT Sport အားကစားသတင္းဌာနကုိ ေျပာသြားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ (၃) ေနရာမွာ ရပ္တည္ခဲ့ရျပီး ေနာက္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။ မေန႔ညက ယူရိုပါလိဂ္ (၁၆) သင္းအဆင့္မွာလည္း LASK အသင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့ျပီး ကြာတားဖိုင္နယ္မွာ ကိုေဗေဟဂင္ အသင္းနဲ႔ ရင္ဆိုင္ကစားသြားရမွာ ျဖစ္ပါတယ္။