အဲရစ်ဂါစီယာကို မခေါ်နိုင်ပါက ပါအူးတောရက်စ်ကို ခေါ်ယူမယ့် ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ မန်စီးတီးနောက်ခံလူ ဂါစီယာ ကို ခေါ်ယူလို့ မရနိုင်ပါက ဗီလာရီးရဲလ်ကစားသမား ပါအူးတောရက်စ် ကို ခေါ်ယူရန် ကြိုးစားသွားမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ကာတလန်ဘီလူးအသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမတိုင်မီ ဗဟိုနောက်ခံလူအသစ်တစ်ယောက်ကို ရှာဖွေနေပြီး အဲရစ်ဂါစီယာကို နူးကမ့်ကို ပြန်ခေါ်ယူရန် ကြိမ်ဖန်များစွာ ဆက်သွယ်နေတာ ဖြစ်ပါတယ်။

မာကာသတင်းဌာနက အဆိုအရ စပိန်ကစားသမားဟာ သိပ်မကြာခင်မှာပဲ မန်စီးတီးအသင်းနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ဒ့ါကြောင့် ဘာစီလိုနာအသင်းဟာ အဲရစ်ဂါစီယာကို ခေါ်ယူလို့ မရနိုင်ပါက နောက်ထပ်အစီအစဉ် အဖြစ် ပါအူးတောရက်စ်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ပါဘူးတောရက်စ်ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဗီလာရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၆) ပွဲကစားထားပြီး (၂) ဂိုးသွင်း (၂) ဂိုးဖန်တီးပေးထားကာ အထင်ကြီးလောက်စရာ ခြေစွမ်းပြထားပါတယ်။ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅.၆ သန်းရှိတဲ့ စပိန်လက်ရွေးစင်ကစားသမားကို အစောပိုင်းတုန်းက ချဲလ်ဆီး နဲ့ မန်စီးတီးအသင်းဆက်သွယ်နေကြပြီး သူ့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်နွေရာသီအထိ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

အဲရစ္ဂါစီယာကို မေခၚႏိုင္ပါက ပါအူးေတာရက္စ္ကို ေခၚယူမယ့္ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ မန္စီးတီးေနာက္ခံလူ ဂါစီယာ ကို ေခၚယူလို႔ မရႏိုင္ပါက ဗီလာရီးရဲလ္ကစားသမား ပါအူးေတာရက္စ္ ကို ေခၚယူရန္ ၾကိဳးစားသြားမယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ကာတလန္ဘီလူးအသင္းဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမတိုင္မီ ဗဟိုေနာက္ခံလူအသစ္တစ္ေယာက္ကို ရွာေဖြေနျပီး အဲရစ္ဂါစီယာကို ႏူးကမ့္ကို ျပန္ေခၚယူရန္ ၾကိမ္ဖန္မ်ားစြာ ဆက္သြယ္ေနတာ ျဖစ္ပါတယ္။

မာကာသတင္းဌာနက အဆိုအရ စပိန္ကစားသမားဟာ သိပ္မၾကာခင္မွာပဲ မန္စီးတီးအသင္းနဲ႔ ပတ္သက္ျပီး ဆံုးျဖတ္ခ်က္ခ်သြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ဒ့ါေၾကာင့္ ဘာစီလိုနာအသင္းဟာ အဲရစ္ဂါစီယာကို ေခၚယူလို႔ မရႏိုင္ပါက ေနာက္ထပ္အစီအစဥ္ အျဖစ္ ပါအူးေတာရက္စ္ကို ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။

ပါဘူးေတာရက္စ္ဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ဗီလာရီးရဲလ္အသင္းအတြက္ ျပိဳင္ပြဲစံု (၃၆) ပြဲကစားထားျပီး (၂) ဂိုးသြင္း (၂) ဂိုးဖန္တီးေပးထားကာ အထင္ၾကီးေလာက္စရာ ေျခစြမ္းျပထားပါတယ္။ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅.၆ သန္းရွိတဲ့ စပိန္လက္ေရြးစင္ကစားသမားကို အေစာပိုင္းတုန္းက ခ်ဲလ္ဆီး နဲ႔ မန္စီးတီးအသင္းဆက္သြယ္ေနၾကျပီး သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္ေႏြရာသီအထိ ကုန္ဆံုးမွာ ျဖစ္ပါတယ္။