နာပိုလီ ကွင်းလယ်ကစားသမား အလန် ကို ပေါင် ၂၂.၅ သန်းနဲ့ ခေါ်ယူရန် ဆုံးဖြတ်ထားတဲ့ အဲဗာတန်နည်းပြ အန်စလော့တီ

အဲဗာတန်နည်းပြ အန်စလော့တီဟာ နာပိုလီကြယ်ပွင့် အလန် ကို ပေါင် ၂၂.၅ သန်းနဲ့ ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘရာဇီးကွင်းလယ်ကစားသမားကို ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ဂွတ်ဆင်ပတ်ခ် က ခေါ်ယူရန် စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

သတင်းများအရ နာပိုလီနည်းပြဟောင်း အန်စလော့တီဟာ အလန် ကို ပေါင် ၂၂.၅ သန်းနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အလန်ဟာ လက်ရှိနာပိုလီနည်းပြ ဂတ်တူဆို လက်အောက်မှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။နာပိုလီအသင်းဥက္ကဌ ဒီလော်ရန်တစ်ဟာ အလန်အတွက် ပေါင် ၃၆ သန်းလိုချင်ခဲ့တာ ဖြစ်ပေမယ့် အဲဗာတန်အသင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အဲ့ဒီလောက်ပေးဖွယ်မရှိပါဘူး။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ အဲဗာတန်အသင်းဟာ ထင်သလောက် မစွမ်းဆောင်နိုင်ခဲ့လို့ နည်းပြ အန်စလော့တီဟာ အသင်းကို ပြန်လည်တည်ဆောက်ချင်နေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာ (၁၃) ပွဲသာ နိုင်ပွဲရခဲ့ပြီး အမှတ်ပေးဇယား အဆင့် (၁၂) နေရာမှာ ရပ်တည်ခဲ့ရပါတယ်။

နာပိုလီ ကြင္းလယ္ကစားသမား အလန္ ကို ေပါင္ ၂၂.၅ သန္းနဲ႔ ေခၚယူရန္ ဆံုးျဖတ္ထားတဲ့ အဲဗာတန္နည္းျပ အန္စေလာ့တီ

အဲဗာတန္နည္းျပ အန္စေလာ့တီဟာ နာပိုလီၾကယ္ပြင့္ အလန္ ကို ေပါင္ ၂၂.၅ သန္းနဲ႔ ေခၚယူခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဘရာဇီးကြင္းလယ္ကစားသမားကို ဇန္န၀ါရီအေျပာင္းအေရႊ႕ကတည္းက ဂြတ္ဆင္ပတ္ခ္ က ေခၚယူရန္ စိတ္၀င္စားေနခဲ့တာ ျဖစ္ပါတယ္။

သတင္းမ်ားအရ နာပိုလီနည္းျပေဟာင္း အန္စေလာ့တီဟာ အလန္ ကို ေပါင္ ၂၂.၅ သန္းနဲ႔ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ အလန္ဟာ လက္ရွိနာပိုလီနည္းျပ ဂတ္တူဆို လက္ေအာက္မွာ ပံုမွန္ကစားခြင့္ရဖို႔ ရုန္းကန္ေနရသူ ျဖစ္ပါတယ္။နာပိုလီအသင္းဥကၠဌ ဒီေလာ္ရန္တစ္ဟာ အလန္အတြက္ ေပါင္ ၃၆ သန္းလိုခ်င္ခဲ့တာ ျဖစ္ေပမယ့္ အဲဗာတန္အသင္းကေတာ့ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ အဲ့ဒီေလာက္ေပးဖြယ္မရွိပါဘူး။

ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္မွာ အဲဗာတန္အသင္းဟာ ထင္သေလာက္ မစြမ္းေဆာင္ႏိုင္ခဲ့လို႔ နည္းျပ အန္စေလာ့တီဟာ အသင္းကို ျပန္လည္တည္ေဆာက္ခ်င္ေနတာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ မွာ (၁၃) ပြဲသာ ႏိုင္ပြဲရခဲ့ျပီး အမွတ္ေပးဇယား အဆင့္ (၁၂) ေနရာမွာ ရပ္တည္ခဲ့ရပါတယ္။