LASK နဲ့ ပွဲမှာ မာရှယ်လ်က ဂိုးသွင်းမယ်လို့ ကတိပေးခဲ့တာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ နည်းပြဆိုးလ်ရှား

မနေ့ညက LASK အသင်းကို (၂-၁) အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲအပြီးမှာ မာရှယ်လ်က ဂိုးသွင်းမယ်လို့ ကတိပေးသွားတာကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ပွဲကစားချိန် (၈၃) မိနစ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာ ဆိုးလ်ရှားက “ကျွန်တော်တို့ ဒီပွဲကို အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်ဟာ အနိုင်ရချင်ခဲ့ပေမယ့် လူစားလဲတာတွေ အကုန်မလုပ်ခဲ့ပါဘူး။ မာရှယ်လ်က လူစားဝင်ကစားဖို့ ပြောလာတယ်။

ဒါပေမယ့် သူက ဂိုး ၁ ဂိုးသွင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါအရမ်းကောင်းပါတယ်။ သူဟာ လေ့ကျင့်ရေးမှာလည်း အရမ်းကို ကြိုးစားနေပါတယ်။ ပွဲအတွင်းမှာလည်း အရမ်းကို ကြိုးစားတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကလည်း အရမ်းကောင်းတာမြင်ရပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ပထမအကျော့က (၅-ဝ) နဲ့ အနိုင်ရခဲ့လို့ ဆိုးလ်ရှားဟာ မနေ့ညက ပွဲမှာ မာရှယ်လ်၊ ရပ်ရှ်ဖိုဒ့်၊ ဘရူနိုဖာနန်ဒက်စ် နဲ့ ပေါ့ဘာ တို့ကို အရန်ခုံမှာထားခဲ့တာဖြစ်ပါတယ်။ LASK အသင်းအတွက် ဝီဆင်းဂါက ဦးဆောင်ဂိုးသွင်းခဲ့လို့ ယူနိုက်တက်အသင်းဟာ အနောက်ကနေ ကစားခဲ့ရပါတယ်။ ကွာတားဖိုင်နယ်ကို တက်ရောက်သွားတဲ့ ယူနိုက်တက်အသင်းဟာ ကိုဗေဟေဂင် အသင်း နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

LASK နဲ႔ ပြဲမွာ မာရွယ္လ္က ဂိုးသြင္းမယ္လို႔ ကတိေပးခဲ့တာကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ နည္းျပဆိုးလ္ရွား

မေန႔ညက LASK အသင္းကို (၂-၁) အႏိုင္ရခဲ့တဲ့ ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲအျပီးမွာ မာရွယ္လ္က ဂိုးသြင္းမယ္လို႔ ကတိေပးသြားတာကို ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ျပင္သစ္လက္ေရြးစင္ကစားသမားဟာ ပြဲကစားခ်ိန္ (၈၃) မိနစ္မွာ အသင္းအတြက္ အႏိုင္ဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။ ပြဲအျပီး အင္တာဗ်ဴးမွာ ဆိုးလ္ရွားက “ကၽြန္ေတာ္တို႔ ဒီပြဲကို အႏိုင္ရဖို႔ လိုအပ္ခဲ့ပါတယ္။ ကၽြန္ေတာ္ဟာ အႏိုင္ရခ်င္ခဲ့ေပမယ့္ လူစားလဲတာေတြ အကုန္မလုပ္ခဲ့ပါဘူး။ မာရွယ္လ္က လူစား၀င္ကစားဖို႔ ေျပာလာတယ္။

ဒါေပမယ့္ သူက ဂိုး ၁ ဂိုးသြင္းေပးမယ္လို႔ ကတိေပးခဲ့ပါတယ္။ ဒါအရမ္းေကာင္းပါတယ္။ သူဟာ ေလ့က်င့္ေရးမွာလည္း အရမ္းကို ၾကိဳးစားေနပါတယ္။ ပြဲအတြင္းမွာလည္း အရမ္းကို ၾကိဳးစားတာကို ေတြ႔ရပါတယ္။ သူ႔ရဲ႕ ၾကံ့ခိုင္မႈ အေျခအေနကလည္း အရမ္းေကာင္းတာျမင္ရပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

ပထမအေက်ာ့က (၅-၀) န႔ဲ အႏိုင္ရခဲ့လို႔ ဆိုးလ္ရွားဟာ မေန႔ညက ပြဲမွာ မာရွယ္လ္၊ ရပ္ရွ္ဖိုဒ့္၊ ဘရူႏိုဖာနန္ဒက္စ္ နဲ႔ ေပါ့ဘာ တို႔ကို အရန္ခံုမွာထားခဲ့တာျဖစ္ပါတယ္။ LASK အသင္းအတြက္ ၀ီဆင္းဂါက ဦးေဆာင္ဂိုးသြင္းခဲ့လို႔ ယူႏိုက္တက္အသင္းဟာ အေနာက္ကေန ကစားခဲ့ရပါတယ္။ ကြာတားဖိုင္နယ္ကို တက္ေရာက္သြားတဲ့ ယူႏိုက္တက္အသင္းဟာ ကိုေဗေဟဂင္ အသင္း နဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။