ပေါင်၂၅ သန်းတန် ဘရာဇီးကြယ်ပွင့် လိုင်လီနောက်ခံလူကို ခေါ်ယူရန် ပြင်ဆင်လာတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေတဲ့ လိုင်လီနောက်ခံလူ ဂါဘရီရယ်မက်ဂဲလ်ဟေ့စ်ကို ခေါ်ယူရန် ပြင်ဆင်လာပြီဖြစ်တယ်လို့ သတင်းများအရ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ဒီနွေရာသီမှာ ဥရောပ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ထဲ ပါဝင်နေပြီး အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ်။ လိုင်လီအသင်းဘက်ကတော့ မက်ဂဲလ်ဟေ့စ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ မလုပ်သေးဘူးလို့ သတင်းအရ သိရပါတယ်။

ပြင်သစ်က သတင်းများအရ မက်ဂဲလ်ဟေ့စ်ဟာ အာတီတာရဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပေမယ့် Goal က သတင်းများအရ ကစားသမားဟာ ရွေးချယ်မှု မလုပ်ရသေးဘူးဖြစ်ပါတယ်။ လီဂူး ၁ အသင်းဟာ နောက်ခံလူအတွက် ပေါင် ၂၅ သန်းလောက်သတ်မှတ်ထားပါတယ်။ အာဆင်နယ်အသင်းဟာ ပေါင် ၇၂ သန်းတန် နီကိုးလပ်စ်ပီပီကို ခေါ်ယူခဲ့တုန်းက လိုင်လီအသင်းနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိထားတာဖြစ်လို့ အားသာချက်ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာ အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့တဲ့အသင်းကို ခံစစ်အင်အားတောင့်တင်းရန် လုပ်ချင်နေပါတယ်။ ပြီးခဲ့တဲ့နွေရာသီက စိန့်အက်တီယန်အသင်းက ဆလီဘာ ကို ခေါ်ယူခဲ့သော်လည်း ပြန်လည်အငှားချခဲ့တာဖြစ်ပါတယ်။ နောက်ခံလူအသစ်ခေါ်ယူမယ့် အာဆင်နယ်အသင်းဟာ လက်ရှိအသင်းက နောက်ခံလူတွေဖြစ်တဲ့ ဟိုးလ်ဒင်း ၊ မူစတာဖီ နဲ့ ဆိုကရာတစ် တို့ကို ရောင်းချသွားဖွယ်ရှိနေပါတယ်။

ေပါင္၂၅ သန္းတန္ ဘရာဇီးၾကယ္ပြင့္ လိုင္လီေနာက္ခံလူကို ေခၚယူရန္ ျပင္ဆင္လာတဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ယူႏိုက္တက္အသင္းကလည္း စိတ္၀င္စားေနတဲ့ လိုင္လီေနာက္ခံလူ ဂါဘရီရယ္မက္ဂဲလ္ေဟ့စ္ကို ေခၚယူရန္ ျပင္ဆင္လာျပီျဖစ္တယ္လို႔ သတင္းမ်ားအရ သိရပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ ဒီေႏြရာသီမွာ ဥေရာပ ထိပ္သီးအသင္းေတြရဲ႕ ပစ္မွတ္ထဲ ပါ၀င္ေနျပီး အာဆင္နယ္အသင္းအေနနဲ႔ ေခၚယူႏိုင္မယ္လို႔ ယံုၾကည္မႈ ရွိေနတာ ျဖစ္ပါတယ္။ လိုင္လီအသင္းဘက္ကေတာ့ မက္ဂဲလ္ေဟ့စ္ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ျပီး ဘာဆံုးျဖတ္ခ်က္မွ မလုပ္ေသးဘူးလို႔ သတင္းအရ သိရပါတယ္။

ျပင္သစ္က သတင္းမ်ားအရ မက္ဂဲလ္ေဟ့စ္ဟာ အာတီတာရဲ႕ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ဆံုးျဖတ္ထားတယ္လို႔ သိရေပမယ့္ Goal က သတင္းမ်ားအရ ကစားသမားဟာ ေရြးခ်ယ္မႈ မလုပ္ရေသးဘူးျဖစ္ပါတယ္။ လီဂူး ၁ အသင္းဟာ ေနာက္ခံလူအတြက္ ေပါင္ ၂၅ သန္းေလာက္သတ္မွတ္ထားပါတယ္။ အာဆင္နယ္အသင္းဟာ ေပါင္ ၇၂ သန္းတန္ နီကိုးလပ္စ္ပီပီကို ေခၚယူခဲ့တုန္းက လိုင္လီအသင္းနဲ႔ ခိုင္မာတဲ့ ဆက္ဆံေရးရွိထားတာျဖစ္လို႔ အားသာခ်က္ရွိေနတာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပအာတီတာဟာ အက္ဖ္ေအဖလားဆြတ္ခူးႏိုင္ခဲ့တဲ့အသင္းကို ခံစစ္အင္အားေတာင့္တင္းရန္ လုပ္ခ်င္ေနပါတယ္။ ျပီးခဲ့တဲ့ေႏြရာသီက စိန္႔အက္တီယန္အသင္းက ဆလီဘာ ကို ေခၚယူခဲ့ေသာ္လည္း ျပန္လည္အငွားခ်ခဲ့တာျဖစ္ပါတယ္။ ေနာက္ခံလူအသစ္ေခၚယူမယ့္ အာဆင္နယ္အသင္းဟာ လက္ရွိအသင္းက ေနာက္ခံလူေတြျဖစ္တဲ့ ဟိုးလ္ဒင္း ၊ မူစတာဖီ နဲ႔ ဆိုကရာတစ္ တို႔ကို ေရာင္းခ်သြားဖြယ္ရွိေနပါတယ္။