ရာသီသစ်မတိုင်မီ အသင်းသားတွေအနေနဲ့ အနားယူဖို့ ပိုလိုအပ်တယ်လို့ ဝုဗ်နည်းပြ နူနိုဆန်းတို့စ် ပြောကြား

ဝုလ်ဗာဟမ်တန်နည်းပြ နူနိုဆန်းတို့စ်က လာမယ့်ရာသီသစ်မစခင်မှာ အသင်းသားတွေအနေနဲ့ အနားယူဖို့ ရက်ပိုပြီး လို အပ်လို့ ချဲလ်ဆီးနည်းပြလမ်းပတ်ပြောခဲ့အတိုင်း ပြောဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးသွားပေမယ့် ဝုဗ်ဟာ ယူရို ပါလိဂ်ပြိုင်ပွဲကို ဆက်ကစားနေရပြီး ဒီနေ့ညမှာ အိုလံပီယာကို့စ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲဖြစ်ပါတယ်။ ပထမအကျော့က တစ်ဂိုးစီသရေကျထားတာကြောင့် ဝုလ်အနေနဲ့ အိမ်ကွင်းကို အနိုင်ရမှ နောက်တစ်ဆင့်အလွယ်တကူ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲကျင်းပပုံကို ပြောင်းလဲလိုက်ပေမယ့် နောက်ဆုံးဗိုလ်လုပွဲကို သြဂုတ်လ ၂၁ ရက်နေ့မှာမှ ကစားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရာသီသစ်ကိုတော့ စက်တင်ဘာ ၁၂ ရက်နေ့မှာ စတင်မှာဖြစ်တာကြောင့် ဝုလ်အသင်းသား တွေအနေနဲ့ အနားယူရမယ့်ရက် ပိုပြီးလိုအပ်နေကြောင်းကို နူနိုဆန်းတို့စ်က ပြောခဲ့တာဖြစ်ပါတယ်။ ဝုဗ်ဟာ ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့အတွက် ယူနိုက်တက်ပြီးရင် ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ မီဒီယာရှင်းလင်းပွဲမှာတော့ နူနိုဆန်းတို့စ်က “ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့ အသင်း တွေရဲ့ အခြေအနေကို သိသင့်ပါတယ်။ ကျွန်တော်တို့အသင်းဆိုရင် လာမယ့်ရာသီသစ်ကစားရမယ့်အချိန်နဲ့ ရက်အနည်း ငယ်ပဲ အနားယူရချိန်ရမှာမို့ ကစားသမားတွေရဲ့ကျန်းမာရေးအတွက် သတိထားနေရပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတာ ဝန်ရှိသူတွေအနေနဲ့ ဥရောပပြိုင်ပွဲကစားနေရတဲ့ အသင်းတွေကို အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်” လို့ပြောခဲ့ပါတယ်။

ဝုလ်နဲ့ ဆက်စပ်တဲ့သတင်းတစ်ပုဒ်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အိုလံပီယာကို့စ်ကနေ ယူရိုသန်း ၂၀ နဲ့ အသင်းကိုပြောင်းရွှေ့လာတဲ့ ကွင်းလယ်လူ ပိုဒန်စီဟာ အသင်းဟောင်းနဲ့ ဒီနေ့ညမှာ ပြန်လည်ရင်ဆိုင်ကစားရဖို့ရှိနေ တာ ဖြစ်ပါတယ်။ ပိုဒန်စီဟာ ဝုလ်အသင်းကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ် ၉ ပွဲ ကစားခဲ့ရာမှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

zawgyi version

ရာသီသစ္မတိုင္မီ အသင္းသားေတြအေနနဲ႔ အနားယူဖို႔ ပိုလိုအပ္တယ္လို႔ ဝုဗ္နည္းျပ ႏူႏိုဆန္းတို႔စ္ ေျပာၾကား
ဝုလ္ဗာဟမ္တန္နည္းျပ ႏူႏိုဆန္းတို႔စ္က လာမယ့္ရာသီသစ္မစခင္မွာ အသင္းသားေတြအေနနဲ႔ အနားယူဖို႔ ရက္ပိုၿပီး လို အပ္လို႔ ခ်ဲလ္ဆီးနည္းျပလမ္းပတ္ေျပာခဲ့အတိုင္း ေျပာဆိုခဲ့ပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲၿပီးဆံုးသြားေပမယ့္ ဝုဗ္ဟာ ယူ႐ို ပါလိဂ္ၿပိဳင္ပြဲကို ဆက္ကစားေနရၿပီး ဒီေန႔ညမွာ အိုလံပီယာကို႕စ္အသင္းကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲျဖစ္ပါတယ္။ ပထမအေက်ာ့က တစ္ဂိုးစီသေရက်ထားတာေၾကာင့္ ဝုလ္အေနနဲ႔ အိမ္ကြင္းကို အႏိုင္ရမွ ေနာက္တစ္ဆင့္အလြယ္တကူ တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။
ကိုဗစ္ေၾကာင့္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲက်င္းပပံုကို ေျပာင္းလဲလိုက္ေပမယ့္ ေနာက္ဆံုးဗိုလ္လုပြဲကို ၾသဂုတ္လ ၂၁ ရက္ေန႔မွာမွ ကစားမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ရာသီသစ္ကိုေတာ့ စက္တင္ဘာ ၁၂ ရက္ေန႔မွာ စတင္မွာျဖစ္တာေၾကာင့္ ဝုလ္အသင္းသား ေတြအေနနဲ႔ အနားယူရမယ့္ရက္ ပိုၿပီးလိုအပ္ေနေၾကာင္းကို ႏူႏိုဆန္းတို႔စ္က ေျပာခဲ့တာျဖစ္ပါတယ္။ ဝုဗ္ဟာ ယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲဖို႔အတြက္ ယူႏိုက္တက္ၿပီးရင္ ေရပန္းအစားဆံုးျဖစ္ေနပါတယ္။
ဗုဒၶဟူးေန႔က ျပဳလုပ္ခဲ့တဲ့ မီဒီယာရွင္းလင္းပြဲမွာေတာ့ ႏူႏိုဆန္းတို႔စ္က “ ပရီးမီးယားလိဂ္တာဝန္ရွိသူေတြအေနနဲ႔ အသင္း ေတြရဲ႕ အေျခအေနကို သိသင့္ပါတယ္။ ကြ်န္ေတာ္တို႔အသင္းဆိုရင္ လာမယ့္ရာသီသစ္ကစားရမယ့္အခ်ိန္နဲ႔ ရက္အနည္း ငယ္ပဲ အနားယူရခ်ိန္ရမွာမို႔ ကစားသမားေတြရဲ႕က်န္းမာေရးအတြက္ သတိထားေနရပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတာ ဝန္ရွိသူေတြအေနနဲ႔ ဥေရာပၿပိဳင္ပြဲကစားေနရတဲ့ အသင္းေတြကို အသိအမွတ္ျပဳေပးဖို႔ လိုအပ္ပါတယ္” လို႔ေျပာခဲ့ပါတယ္။
ဝုလ္နဲ႔ ဆက္စပ္တဲ့သတင္းတစ္ပုဒ္မွာေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက အိုလံပီယာကို႔စ္ကေန ယူ႐ိုသန္း ၂၀ နဲ႔ အသင္းကိုေျပာင္းေရႊ႕လာတဲ့ ကြင္းလယ္လူ ပိုဒန္စီဟာ အသင္းေဟာင္းနဲ႔ ဒီေန႔ညမွာ ျပန္လည္ရင္ဆိုင္ကစားရဖို႔ရွိေန တာ ျဖစ္ပါတယ္။ ပိုဒန္စီဟာ ဝုလ္အသင္းကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ပရီးမီးယားလိဂ္ ၉ ပြဲ ကစားခဲ့ရာမွာ သြင္းဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။