အာဆင်နယ် ကို တစ်ပတ် ပေါင် ၁ သိန်း (၃) နှစ်စာချုပ်နဲ့ ပြောင်းရန် သဘောတူညီမှု ရရှိသွားတဲ့ ချဲလ်ဆီးတောင်ပံကစားသမား ဝီလီယံ

ချဲလ်ဆီးကြယ်ပွင့် ဝီလီယံဟာ အာဆင်နယ်အသင်းကို တစ်ပတ် ပေါင် ၁ သိန်း (၃) နှစ်စာချုပ် နဲ့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ စတန်းဖိုဒ့်ဘရစ်ချ်မှာ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးခဲ့တာဖြစ်ပေမယ့် အသင်းက သူ့ကို ကာလရှည် သက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပါတယ်။ နည်းပြလမ်းပတ်ကတော့ အသင်းမှာ (၇) နှစ်ကစားလာတဲ့ ဝီလီယံကို ဆက်လက်ထားချင်ပေမယ့်လည်း အာဆင်နယ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားပြီ ဖြစ်ပါတယ်။

ESPN က အဆိုအရ အပြောင်းအရွှေ့တရားဝင်ကြေညာချက်ကို ဒီလအကုန်လောက်မှာ ကြေညာသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဝီလီယံကို အဲဗာတန် နဲ့ စပါးအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ ဝီလီယံဟာ ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ်တုန်းက ပရီးမီးယားလိဂ်ဖလား (၂) ကြိမ်၊ အက်ဖ်အေဖလား (၂) ကြိမ်၊ ကာရာဘောင်ဖလား (၂) ကြိမ် နဲ့ ယူရိုပါလိဂ်ဖလား (၂) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲတုန်းက အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးကစားခဲ့တဲ့ပွဲကို ဒဏ်ရာ ကြောင့် ဝီလီယံဟာ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဝီလီယံဟာ ချဲလ်ဆီးအသင်းအတွက် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၄၇) ပွဲကစားခဲ့ပြီး (၁၁) ဂိုးသွင်း (၉) ဂိုးဖန်တီးပေးခဲ့ပါတယ်။

အာဆင္နယ္ ကို တစ္ပတ္ ေပါင္ ၁ သိန္း (၃) ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းရန္ သေဘာတူညီမႈ ရရွိသြားတဲ့ ခ်ဲလ္ဆီးေတာင္ပံကစားသမား ၀ီလီယံ

ခ်ဲလ္ဆီးၾကယ္ပြင့္ ၀ီလီယံဟာ အာဆင္နယ္အသင္းကို တစ္ပတ္ ေပါင္ ၁ သိန္း (၃) ႏွစ္စာခ်ဳပ္ နဲ႔ ေျပာင္းေရႊ႕ရန္ သေဘာတူညီမႈ ရရွိသြားျပီ ျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္အရြယ္ကစားသမားဟာ စတန္းဖိုဒ့္ဘရစ္ခ်္မွာ စာခ်ဳပ္သက္တမ္းတိုးရန္ ေဆြးေႏြးခဲ့တာျဖစ္ေပမယ့္ အသင္းက သူ႔ကို ကာလရွည္ သက္တမ္းတိုးရန္ ျငင္းဆန္ခဲ့ပါတယ္။ နည္းျပလမ္းပတ္ကေတာ့ အသင္းမွာ (၇) ႏွစ္ကစားလာတဲ့ ၀ီလီယံကို ဆက္လက္ထားခ်င္ေပမယ့္လည္း အာဆင္နယ္အသင္းက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူသြားျပီ ျဖစ္ပါတယ္။

ESPN က အဆိုအရ အေျပာင္းအေရႊ႕တရား၀င္ေၾကညာခ်က္ကို ဒီလအကုန္ေလာက္မွာ ေၾကညာသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။ ၀ီလီယံကို အဲဗာတန္ နဲ႔ စပါးအသင္းတို႔ကလည္း ေခၚယူရန္ စိတ္၀င္စားခဲ့တာျဖစ္ပါတယ္။ ၀ီလီယံဟာ ခ်ဲလ္ဆီးအသင္းမွာ ကစားခဲ့စဥ္တုန္းက ပရီးမီးယားလိဂ္ဖလား (၂) ၾကိမ္၊ အက္ဖ္ေအဖလား (၂) ၾကိမ္၊ ကာရာေဘာင္ဖလား (၂) ၾကိမ္ နဲ႔ ယူရိုပါလိဂ္ဖလား (၂) ၾကိမ္တို႔ကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ အက္ဖ္ေအဖလား ဗုိလ္လုပြဲတုန္းက အာဆင္နယ္အသင္းနဲ႔ ခ်ဲလ္ဆီးကစားခဲ့တဲ့ပြဲကို ဒဏ္ရာ ေၾကာင့္ ၀ီလီယံဟာ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ၀ီလီယံဟာ ခ်ဲလ္ဆီးအသင္းအတြက္ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ျပိဳင္ပြဲစံု (၄၇) ပြဲကစားခဲ့ျပီး (၁၁) ဂိုးသြင္း (၉) ဂိုးဖန္တီးေပးခဲ့ပါတယ္။