နွေရာသီမှာ ရောင်းချနိုင်တဲ့ ကစားသမားတွေကြောင့် ဝယ်တုန်းကထက် ပေါင် ၈၄ သန်း အရှုံးပေါ်တော့မယ် ချဲလ်ဆီး

ချဲလ်ဆီးနည်းပြလမ်းပတ်အနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေကို ခေါ်ယူပြီး အသင်းကို ပြောင်း လဲမှု ပြုလုပ်ဖို့ လုပ်ဆောင်နေသလို အသင်းမှာရှိတဲ့ ကစားသမားအချို့ကိုလည်းရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ သိရပါ တယ်။ ရောင်းချမယ့်ကစားသမားတွေရဲ့ တန်ကြေးစုစုပေါင်းအရ ချဲလ်ဆီးအနေနဲ့ ကစားသမားတွေကိုရောင်းချဖြစ်ခဲ့မယ် ဆိုရင် ပေါင် ၈၄ သန်းအထိ အရှုံးပေါ်မှာဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ကမ္ဘာ့စံချိန်တင်ဂိုးသမားပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၇၁.၆သန်း နဲ့ ကီပါကိုခေါ်ယူခဲ့ပေမယ့် ရောင်းချမယ်ဆို ရင် ပေါင် ၂၅ သန်းပဲ ရမှာဖြစ်သလို နောက်ထပ်အသင်းရဲ့ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျော်ဂျင်ဟိုကိုလည်း ခေါ် ယူခဲ့တုန်းက ဈေးထက် ပေါင် ၁၁သန်းအရှုံးခံပြီး ရောင်းချဖို့ ရှိနေတယ်လို့ သိရပါတယ်၊ အခြားကစားသမားတွေဖြစ်တဲ့ မော့ ဆက်စ်၊ ဘာကာယိုကို၊ ဒရင့်ဝါးတာနဲ့ ဘက်ရှုအာယီတို့ကိုလည်း ရောင်းချရင်လည်း ချဲလ်ဆီးအနေနဲ့ အရှုံးပေါ်မှာ ဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးရောင်းချမယ့်လူစာရင်းထဲမှာပါနေတဲ့ နောက်ခံလူတွေကြောင့် အသင်းအနေနဲ့အကျိုး အမြတ်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နောက်ခံလူတွေဖြစ်တဲ့ ရူဒီဂါ၊ အီမာဆင်၊ ခရစ္စတန်ဆန်နဲ့ ဇူးမားတို့ကို ရောင်းချ ဖို့ ရှိတယ်လို့ ဆိုထားပြီး ဒီကစားသမားတိုင်းဟာ ခေါ်ယူတုန်းကဈေးထက် ရောင်းချမယ့်ဈေးက ပိုများနေတယ်လို့ သိရပါ တယ်။ ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ နွေရာသီမှာ ရောင်းချမယ်ဆိုတဲ့ ကစားသမားအကုန်လုံးကို ရောင်းချဖြစ်မယ်ဆိုရင် ပေါင် ၈၄ သန်းလောက် အထိ ဆုံးရှုံးမှာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ တီမိုဝါနာနဲ့ ဇီယက်တို့ကို ခေါ်ယူထားပြီးဖြစ်သလို လေဗာကူဆင်က ကိုင်ဟာ ဗက်ဇ်ကိုလည်း ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ နည်းပြလမ်းပတ်အနေနဲ့ ကီပါရဲ့နေရာမှာ အစားထိုးဖို့အတွက် ဂိုးသ မားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး အက်သလက်တီကိုဂိုးသမား အော့ဘလက်ခ်နဲ့ ဘာစီလိုနာဂိုးသမား တာစတီဂန်တို့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

ေႏြရာသီမွာ ေရာင္းခ်ႏိုင္တဲ့ ကစားသမားေတြေၾကာင့္ ဝယ္တုန္းကထက္ ေပါင္ ၈၄ သန္း အရႈံးေပၚေတာ့မယ္ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးနည္းျပလမ္းပတ္အေနနဲ႔ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ေတြကို ေခၚယူၿပီး အသင္းကို ေျပာင္း လဲမႈ ျပဳလုပ္ဖို႔ လုပ္ေဆာင္ေနသလို အသင္းမွာရွိတဲ့ကစားသမားအခ်ိဳ႕ကိုလည္းေရာင္းခ်ဖို႔လုပ္ေဆာင္ေနတယ္လို႔ သိရပါ တယ္။ ေရာင္းခ်မယ့္ကစားသမားေတြရဲ႕ တန္ေၾကးစုစုေပါင္းအရ ခ်ဲလ္ဆီးအေနနဲ႔ ကစားသမားေတြကိုေရာင္းခ်ျဖစ္ခဲ့မယ္ ဆိုရင္ ေပါင္ ၈၄ သန္းအထိ အရႈံးေပၚမွာျဖစ္တယ္လို႔ သိရပါတယ္။
ခ်ဲလ္ဆီးဟာ ကမ႓ာ့စံခ်ိန္တင္ဂိုးသမားေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၇၁.၆သန္း နဲ႔ ကီပါကိုေခၚယူခဲ့ေပမယ့္ ေရာင္းခ်မယ္ဆို ရင္ ေပါင္ ၂၅ သန္းပဲ ရမွာျဖစ္သလို ေနာက္ထပ္အသင္းရဲ႕ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ေဂ်ာ္ဂ်င္ဟိုကိုလည္း ေခၚ ယူခဲ့တုန္းက ေစ်းထက္ ေပါင္ ၁၁သန္းအရႈံးခံၿပီး ေရာင္းခ်ဖို႔ ရွိေနတယ္လို႔ သိရပါတယ္၊ အျခားကစားသမားေတြျဖစ္တဲ့ ေမာ့ ဆက္စ္၊ ဘာကာယိုကို၊ ဒရင့္ဝါးတာနဲ႔ ဘက္ရႈအာယီတို႔ကိုလည္း ေရာင္းခ်ရင္လည္း ခ်ဲလ္ဆီးအေနနဲ႔ အရႈံးေပၚမွာ ျဖစ္ပါ တယ္။
ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးေရာင္းခ်မယ့္လူစာရင္းထဲမွာပါေနတဲ့ ေနာက္ခံလူေတြေၾကာင့္ အသင္းအေနနဲ႔အက်ိဳး အျမတ္ရရွိႏိုင္မွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ေနာက္ခံလူေတြျဖစ္တဲ့ ႐ူဒီဂါ၊ အီမာဆင္၊ ခရစၥတန္ဆန္နဲ႔ ဇူးမားတို႔ကို ေရာင္းခ် ဖို႔ ရွိတယ္လို႔ ဆိုထားၿပီး ဒီကစားသမားတိုင္းဟာ ေခၚယူတုန္းကေစ်းထက္ ေရာင္းခ်မယ့္ေစ်းက ပိုမ်ားေနတယ္လို႔ သိရပါ တယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးအေနနဲ႔ ေႏြရာသီမွာ ေရာင္းခ်မယ္ဆိုတဲ့ကစားသမားအကုန္လံုးကို ေရာင္းခ်ျဖစ္မယ္ဆိုရင္ ေပါင္ ၈၄ သန္းေလာက္ အထိ ဆံုးရႈံးမွာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ တီမိုဝါနာနဲ႔ ဇီယက္တို႔ကို ေခၚယူထားၿပီးျဖစ္သလို ေလဗာကူဆင္က ကိုင္ဟာ ဗက္ဇ္ကိုလည္း ေခၚယူဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။ နည္းျပလမ္းပတ္အေနနဲ႔ ကီပါရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ဂိုးသ မားတစ္ဦးကို ရွာေဖြေနတာျဖစ္ၿပီး အက္သလက္တီကိုဂိုးသမား ေအာ့ဘလက္ခ္နဲ႔ ဘာစီလိုနာဂိုးသမား တာစတီဂန္တို႔ကို စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။