လက်ရှိအင်္ဂလန်မှာ အသင်းကြီးဆိုလို့ လီဗာပူးနဲ့ မန်စီးတီးပဲရှိတာကြောင့် ယူနိုက်တက်ကို မပြောင်းသင့်ဘူးလို့ အူဘာမီယန်ကို ကစားသမားဟောင်း ချာလီနီကိုလက်စ် ပြောကြား

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်ပြီး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အူဘာမီယန်ကို နွေရာသီအပြောင်း အရွှေ့မှာခေါ်ယူချင်တဲ့အသင်းတွေများနေပြီး ဘာစီလိုနာနဲ့ယူနိုက်တက်တို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ အူဘာမီယန်ရဲ့ အသင်းပြောင်းရွှေ့မယ့်သတင်းတွေကြောင့် အာဆင်နယ်ကစားသမား ဟောင်း ချာလီနီကိုလက်စ်ကတော့ အူဘာမီယန်အနေနဲ့ အာဆင်နယ်မှာပဲ ဆက်ကစားသင့်ကြောင်း ပြောခဲ့ပါတယ်။

အူဘာမီယန်ဟာ ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ခြေစွမ်းပြပြီး အသင်းအတွက် ဂိုးနှစ်ဂိုးစလုံးကို သွင်း ယူပေးခဲ့ပါတယ်။ အူဘာမီယန်အနေနဲ့ ဒီရာသီအာဆင်နယ်အတွက် ပြိုင်ပွဲစုံမှာသွင်းဂိုး ၂၉ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ ပါ တယ်။ ကစားသမားဟောင်း ချာလီနီကိုလက်စ်က အူဘာမီယန်အနေနဲ့ အသင်းပြောင်းမယ်ဆိုရင်တောင် ယူနိုက်တက် ကို မပြောင်းဖို့အတွက် အူဘာမီယန်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

၁၉၈၃ ကနေ ၁၉၈၈ ခုနှစ်အထိ အာဆင်နယ်မှာ ကစားခဲ့တဲ့ချာလီနီကိုလက်စ်က “ အူဘာမီယန်ကို ပြောချင်တာက အင်္ဂ လန်မှာ လက်ရှိအသင်းကြီးဆိုလို့ လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းပဲရှိပါတယ်။ ယူနိုက်တက်က အာဆင်နယ်ထက် လက်ရှိမှာ ပိုပြီး ကြီးမားမှုမရှိတာကြောင့် အသင်းမှာပဲဆက်နေသင့်တယ်။ ကျွန်တော်ကိုသွားသင့်သလားလို့မေးရင်တော့ မသွားသင့် ဘူးလို့ပဲ ဖြေရမှာပါ” လို့ Off The Ball ရဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး အာဆင်နယ်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ နီကိုလက်စ်က “ အူဘာမီယန်ဟာ ဒေါ့မွန်မှာကစားခဲ့ပြီး အသင်းကို အဆင့်တစ်ဆင့်ထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်မှာလည်း သူအနေနဲ့ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ တာတွေ့မှာပါ။သူရဲ့ အသက်အရွယ်ကြောင့်ဆိုပြီး သူကို ဈေးပေါပေါနဲ့ ခေါ်ယူနိုင်မှာမဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။ အူဘာ မီယန်ကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၃၀ လောက်ပဲ အသုံးပြုဖို့ရှိနေတယ်လို့ သိရပါတယ်။

zawgyi version

လက္ရွိအဂၤလန္မွာ အသင္းႀကီးဆိုလို႔ လီဗာပူးနဲ႔ မန္စီးတီးပဲရွိတာေၾကာင့္ ယူႏိုက္တက္ကို မေျပာင္းသင့္ဘူးလို႔ အူဘာမီယန္ကို ကစားသမားေဟာင္း ခ်ာလီနီကိုလက္စ္ ေျပာၾကား

အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္လည္းျဖစ္ၿပီး ေျခစြမ္းျပေနတဲ့ တိုက္စစ္မွဴး အူဘာမီယန္ကို ေႏြရာသီအေျပာင္း အေရႊ႕မွာေခၚယူခ်င္တဲ့အသင္းေတြမ်ားေနၿပီး ဘာစီလိုနာနဲ႔ယူႏိုက္တက္တို႔က စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ အသက္ ၃၁ ႏွစ္ရွိေနၿပီျဖစ္တဲ့ အူဘာမီယန္ရဲ႕ အသင္းေျပာင္းေရႊ႕မယ့္သတင္းေတြေၾကာင့္ အာဆင္နယ္ကစားသမား ေဟာင္း ခ်ာလီနီကိုလက္စ္ကေတာ့ အူဘာမီယန္အေနနဲ႔ အာဆင္နယ္မွာပဲ ဆက္ကစားသင့္ေၾကာင္း ေျပာခဲ့ပါတယ္။

အူဘာမီယန္ဟာ ခ်ဲလ္ဆီးနဲ႔ကစားခဲ့တဲ့ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ေျခစြမ္းျပၿပီး အသင္းအတြက္ ဂိုးႏွစ္ဂိုးစလံုးကို သြင္း ယူေပးခဲ့ပါတယ္။ အူဘာမီယန္အေနနဲ႔ ဒီရာသီအာဆင္နယ္အတြက္ ၿပိဳင္ပြဲစံုမွာသြင္းဂိုး ၂၉ ဂိုးအထိသြင္းယူေပးႏိုင္ခဲ့ ပါ တယ္။ ကစားသမားေဟာင္း ခ်ာလီနီကိုလက္စ္က အူဘာမီယန္အေနနဲ႔ အသင္းေျပာင္းမယ္ဆိုရင္ေတာင္ ယူႏိုက္တက္ ကို မေျပာင္းဖို႔အတြက္ အူဘာမီယန္ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

၁၉၈၃ ကေန ၁၉၈၈ ခုႏွစ္အထိ အာဆင္နယ္မွာ ကစားခဲ့တဲ့ခ်ာလီနီကိုလက္စ္က “ အူဘာမီယန္ကို ေျပာခ်င္တာက အဂၤ လန္မွာ လက္ရွိအသင္းႀကီးဆိုလို႔ လီဗာပူးနဲ႔ မန္စီးတီး ႏွစ္သင္းပဲရွိပါတယ္။ ယူႏိုက္တက္က အာဆင္နယ္ထက္ လက္ရွိမွာ ပိုၿပီး ႀကီးမားမႈမရွိတာေၾကာင့္ အသင္းမွာပဲဆက္ေနသင့္တယ္။ ကြ်န္ေတာ္ကိုသြားသင့္သလားလို႔ေမးရင္ေတာ့ မသြားသင့္ ဘူးလို႔ပဲ ေျဖရမွာပါ” လို႔ Off The Ball ရဲ႕ အင္တာဗ်ဴးမွာ ေျပာခဲ့တာျဖစ္ပါတယ္။

ဆက္လက္ၿပီး အာဆင္နယ္တိုက္စစ္မွဴးေဟာင္းျဖစ္တဲ့ နီကိုလက္စ္က “ အူဘာမီယန္ဟာ ေဒါ့မြန္မွာကစားခဲ့ၿပီး အသင္းကို အဆင့္တစ္ဆင့္ထိေရာက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ အာဆင္နယ္မွာလည္း သူအေနနဲ႔ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ တာေတြ႕မွာပါ။သူရဲ႕ အသက္အရြယ္ေၾကာင့္ဆိုၿပီး သူကို ေစ်းေပါေပါနဲ႔ ေခၚယူႏိုင္မွာမဟုတ္ဘူး”လို႔ ေျပာခဲ့ပါတယ္။ အူဘာ မီယန္ကို ေခၚယူလိုတဲ့အသင္းေတြအေနနဲ႔ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၃၀ ေလာက္ပဲ အသံုးျပဳဖို႔ရွိေနတယ္လို႔ သိရ ပါတယ္။