ဆန်ချို ကိုမရခဲ့ရင် ၈ နှစ်ဆက် အမှတ်ပေးချန်ပီယံဆု ရထားတဲ့ ကိုးမန်းကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ဦးစားပေးခေါ်ယူမယ့် ကစားသမားအဖြစ် ဒေါ့မွန်တောင်ပံကစားသမား ဆန် ချိုကို ခေါ်ယူဖို့ လုပ်ဆောင်နေပေမယ့် ကလပ်နှစ်သင်းကြားပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်မပြေသေးတာကြောင့် ဆန်ချို ကိုခေါ်ယူဖို့ ယူနိုက်တက်အနေနဲ့ နှောင့်နှေးနေတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဆန်ချိုကိုခေါ်ယူဖို့ အဆင်မပြေခဲ့ပါက ကစားသမားဘဝ ၈နှစ်ဆက် အမှတ်ပေးချန်ပီယံကိုရခဲ့တဲ့ ကိုးမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်သာရှိသေးပေမယ့် ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ကိုးမန်းဟာ ကစားသမားဘဝမှာ ပီအက်စ်ဂျီ၊ ဂျူ ဗင်တပ်၊ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ အမှတ်ပေးချန်ပီယံဆုကို ၈ နှစ်ဆက်ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီက နေ ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့တဲ့ ကိုးမန်းဟာ ဘိုင်ယန်မြူးနစ်ကို အဌားနဲ့ သွားရောက်ကစားခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ် က အပြီးသတ်ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ဦးစားပေးအဖြစ်ခေါ်ယူချင်နေပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကိုအရစ်ကျပေးချေ ဖို့ အလိုရှိနေပေမယ့် ဒေါ့မွန်က ဆန်ချိုရဲ့ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်းကို တစ်ကြိမ်တည်းရယူ ချင်တာကြောင့်  ခေါ်ယူ ဖို့ အဆင်မပြေဖြစ်နေတာ ဖြစ်ပါတယ်။ဒီလိုအခြေအနေကြောင့် ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ကနေ ပြောင်းရွှေ့မယ် ကိုးမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မန်စီးတီးတောင်ပံကစားသမား ဆာနေးကို ခေါ်ယူခဲ့သလို ခြေစွမ်းပြနေတဲ့ ဂနာဘရီကြောင့်လည်း ကိုး မန်းအနေနဲ့ နေရာရဖို့ မသေချာတာကြောင့် အသင်းပြောင်းဖို့ရှိနေတာဖြစ်ပါတယ်။ ကိုးမန်းအနေနဲ့ ပြိုင်ဘက်နောက်ခံလူ တွေကို တစ်ဦးချင်းဖြတ်ကျော်နိုင်စွမ်းသူတစ်ဦးဖြစ်သလို အသင်းဖော်တွေ ဂိုးရရှိအောင်လည်း စွမ်းဆောင်နိုင်တဲ့သူလို့ မီဒီ ယာတွေက ချီးကျုးမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

zawgyi version

ဆန္ခ်ိဳ ကိုမရခဲ့ရင္ ၈ ႏွစ္ဆက္ အမွတ္ေပးခ်န္ပီယံဆု ရထားတဲ့ ကိုးမန္းကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ယူႏိုက္တက္
ယူႏိုက္တက္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဦးစားေပးေခၚယူမယ့္ ကစားသမားအျဖစ္ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ ခ်ိဳကို ေခၚယူဖို႔ လုပ္ေဆာင္ေနေပမယ့္ ကလပ္ႏွစ္သင္းၾကားေျပာင္းေရႊ႕ေၾကး ညွိႏႈိင္းမႈ အဆင္မေျပေသးတာေၾကာင့္ ဆန္ခ်ိဳ ကိုေခၚယူဖို႔ ယူႏိုက္တက္အေနနဲ႔ ေႏွာင့္ေႏွးေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကိုေခၚယူဖို႔ အဆင္မေျပခဲ့ပါက ကစားသမားဘဝ ၈ႏွစ္ဆက္ အမွတ္ေပးခ်န္ပီယံကိုရခဲ့တဲ့ ကိုးမန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
အသက္ ၂၄ ႏွစ္သာရွိေသးေပမယ့္ ဘိုင္ယန္ျမဴးနစ္ေတာင္ပံကစားသမား ကိုးမန္းဟာ ကစားသမားဘဝမွာ ပီအက္စ္ဂ်ီ၊ ဂ်ဴ ဗင္တပ္၊ ဘိုင္ယန္ျမဴးနစ္အသင္းေတြနဲ႔ အမွတ္ေပးခ်န္ပီယံဆုကို ၈ ႏွစ္ဆက္ရယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ပီအက္စ္ဂ်ီက ေန ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ခဲ့တဲ့ ကိုးမန္းဟာ ဘိုင္ယန္ျမဴးနစ္ကို အဌားနဲ႔ သြားေရာက္ကစားခဲ့ရၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္ က အၿပီးသတ္ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကို ဦးစားေပးအျဖစ္ေခၚယူခ်င္ေနေပမယ့္ ကစားသမားရဲ႕ ေျပာင္းေရႊ႕ေၾကးကိုအရစ္က်ေပးေခ် ဖို႔ အလိုရွိေနေပမယ့္ ေဒါ့မြန္က ဆန္ခ်ိဳရဲ႕ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀၈ သန္းကို တစ္ႀကိမ္တည္းရယူခ်င္တာေၾကာင့္ ေခၚယူ ဖို႔ အဆင္မေျပျဖစ္ေနတာ ျဖစ္ပါတယ္။ဒီလိုအေျခအေနေၾကာင့္ ယူႏိုက္တက္ဟာ ဘိုင္ယန္ျမဴးနစ္ကေန ေျပာင္းေရႊ႕မယ္ ကိုးမန္းကို ေခၚယူဖို႔ စိတ္ဝင္စားလာတာပဲ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ မန္စီးတီးေတာင္ပံကစားသမား ဆာေနးကို ေခၚယူခဲ့သလို ေျခစြမ္းျပေနတဲ့ ဂနာဘရီေၾကာင့္လည္း ကိုး မန္းအေနနဲ႔ ေနရာရဖို႔ မေသခ်ာတာေၾကာင့္ အသင္းေျပာင္းဖို႔ရွိေနတာျဖစ္ပါတယ္။ ကိုးမန္းအေနနဲ႔ ၿပိဳင္ဘက္ေနာက္ခံလူ ေတြကို တစ္ဦးခ်င္းျဖတ္ေက်ာ္ႏိုင္စြမ္းသူတစ္ဦးျဖစ္သလို အသင္းေဖာ္ေတြ ဂိုးရရွိေအာင္လည္း စြမ္းေဆာင္ႏိုင္တဲ့သူလို႔ မီဒီ ယာေတြက ခ်ီးက်ဳးမႈေတြ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။